Wednesday, November 14, 2012

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကျင်းပ

November 13, 2012
တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကို နိုဝင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိသည်။ အဆိုပါကွန်ဂရက်မှ ဗဟိုကော်မတီဝင် ၃၇၁ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရွေးချယ်ပြီး ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရွေးချယ်သည့် ပုဂ်္ဂိုလ်များတွင် နိုင်ငံ တော်၏ အဓိကတာဝန်ဝတ္တရားများကို ထမ်းဆောင်ကြမည့် နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်နာယကနှစ်ဦး၊ ဒုတိယသမ္မတတစ်ဦး နှင့် ဒုတိယ၀န်ကြီးချုပ် ၂ ဦးတို့လည်း ပါဝင်မည်ဖြစ်သည်။ ၎င်းင်းတို့ အထဲတွင် နိုင်ငံတော်သမ္မတအဖြစ် လက်ရှိဒုတိယသမ်္မတ ရှီကျင့်ဖျင် (၅၉)နှစ်အား လက်ရှိနိုင်ငံတော်သမ္မတ ဟူကျင်တောင် (၆၉)နှစ် နေရာ တွင်လည်းကောင်း၊ လက်ရှိပထမဒုတိယ၀န်ကြီးချုပ် 

လီကီကျင့် (၅၇) နှစ်အား ၀န်ကြီးချုပ် ၀မ်ကျားပေါင်(၇၀)နှစ်၏ နေရာတွင်လည်းကောင်း အစားထိုးခန့်အပ်ရန် ရေပန်းစားလျက်ရှိပြီး ကျန်ရှိသည့် ပေါလစ်ဗျူရို (နိုင်ငံရေးဦးသျှောင်အဖွဲ့)၊ ဗဟိုကော်မတီဝင်များ၊ ပေါလစ်ဗျူရိုအမြဲ တမ်းအဖွဲ့ဝင်များစာရင်းကို မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်တွင်  အတည် ပြုထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ယခင်ဝါရင့်သမ္မတကြီး ကျန်ဇီမင်းမှာ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူသွား မည်ဟု သိရသည်။


Source: http://www.hotnewsweekly.com/archives/13660

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)