Thursday, November 29, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူအချို့ရှိကြောင်း သိရ

Thursday, 29 November 2012 

 လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော Eleven Media Group  မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထားသော်လည်း နိုဝင်ဘာ လ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးနီစီမံကိန်း ဧရိယာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ကြောငြာခဲ့ကြောင်း သိရသည်။
ယင်းသို့ကြေငြာမှုအား နိုဝင်ဘာလ ၂၈ရက်နေ့ည  ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံကြောငြာခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။


နောက်ဆုံးရသတင်းများ
Update : 3:00
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့်   ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
Update 3:15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား  နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း   ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။
Update 4:30

လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

thn-29-11-12-3
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
 

thn-29-11-12-4
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

Source: http://news-eleven.com/index.php?option=com_content&view=article&id=16581:2012-11-28-21-56-03&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)