November 29, 2012
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် သမ္မတကြီး၏ အကြံပေးအဖွဲ့ဝင် ဦးလှ မောင်ရွှေ ခေါင်းဆောင်သော စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် နိုဝင်ဘာ (၂၆) ရက်နေ့တွင် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းဒေသသို့ ရောက်ရှိလာကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတကြီးထံ တင်ပြနိုင်ရန် လက်ပံတောင်းတောင် ဒေသခံပြည်သူ များတွင် ဖြစ်ပေါ်နေသည့် စိတ်ခံစားမှု များ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက် အခဲများစသည့် လိုအပ်ချက် များကိုလာ ရောက် မေးမြန်းစုံစမ်းခဲ့ကြောင်း သိရ သည်။သမ္မတရုံးဝန်ကြီးဦးအောင်မင်းက လက်ပံတောင်းတောင် ဒေသရှိ သံဃာ တော်များ၊ ဒေသခံ ရွာသူရွာသားများ၊ ရွာပေါင်း(၂၆) ရွာမှ ရွေးချယ်တင်မြှောက် ထားသော ကိုယ်စားလှယ်များအားလုံး နှင့်တွေ့ဆုံ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်း၏ ပြောကြားချက် အပြည့် အစုံမှာဒီလက်ပံတောင်းတောင်ကိုလာတဲ့ ကိစ္စက
““ကျွန်တော်လာတာဟာ ဆုံးဖြတ် ချက် ကျွန်တော် မပြီးဘူး။ ခင်ဗျားတို့ ဘာတွေလိုချင်တယ်ဆိုတာကို၊ ဘာတွေ အခက်အခဲဖြစ်တယ် ဘာတွေဖြစ် တယ်ဆိုတာကို အချက်အလက်တွေပေး လိုက်၊ ကျွန်တော်ပြီးရင် သမ္မတကြီးကိုပြန် ပြောမယ်။ ပြန်ပြောပြီးရင် အဖြေပေး မယ်။ ဒီလိုလုပ်မယ့် အချက်အလက်တွေ ကို အများကြီးမပြောနဲ့ တစ်အချက်၊ နှစ် အချက်၊ သုံးအချက်၊ လေးအချက်၊ ငါး အချက် ဒါလောက်ဆိုရပြီ။ ဒါလေးကို ပြောလိုက်၊ တပည့်တော်ပြန်မယ်။ သမ္မတ ကြီးပြောပြီးရင် တစ်ပတ်အတွင်း၊ ဆယ် ရက်အတွင်း တပည့်တော် အဖြေပြန်ပေး မယ်…”” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ပြောကြားသည်မှာ
““ဒီစီမံကိန်းကို ဟိုးအရင် အစိုးရ လက်ထက်ကတည်းက စခဲ့တာ။ တပည့် တော်တို့ လက်ထက်မှ စာချုပ်ချုပ်ခဲ့တာ ဖျက်သိမ်းပေးပါပြောရင် အရင်အစိုးရ လက်ထက်က စာချုပ်ချုပ်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်းဆိုရင် (အကယ်၍သာ တရုတ်နဲ့ စကားပြောလို့ လျော်ကြေးတောင်းခဲ့ရင်) သရီးဘီလီလျှံလောက်၊ ဒေါ်လာသန်းသုံး ထောင်လောက် လျော်ကြေးပေးရမယ်။ မြစ်ဆုံစီမံကိန်းက အပေါ်သာ မတက် သေးတာ အောက်ထဲမှာ ဖောင်ဒေးရှင်း နဲ့ တောရှင်းတာနဲ့၊ အခုထက်ထိ တရုတ် က စကားမပြောသေးဘူး။ တရုတ်ကို လည်းတပည့်တော်တို့ကကြောက်ရတယ် ဘုရား။ နှစ်ချက်ရှိတာပေါ့။ နံပါတ်တစ် အချက်ကဘာလဲဆိုတော့ (၁၉၈၈)တိုင်း ပြည်ပျက်တဲ့အခါတပည့်တော်တို့ စား စရာမရှိဘူး။ စားစရာမရှိတော့ တရုတ် ဆီကမူဆယ်လမ်းကြောင်းကနေ စားစရာ သွင်းရတယ်။ မူဆယ်လမ်းကြောင်းက သွင်းလို့ တပည့်တော်တို့ အသက်ဆက် ခဲ့ရတယ်။ အဲဒီ ကျေးဇူးလေးတော့ တပည့်တော်တို့ သူတို့ကို ပြန်ပြီးတော့ ကြည့်ရမယ်။ နံပါတ်နှစ် တပည့်တော် တို့နယ်စပ်မှာ ထကြွသောင်း ကျန်းနေတဲ့ အရင်ဗကပဆိုတာရှိတယ်။ အဲဒါတရုတ် ပြည်ကနေ ဆန်တွေ၊ ပိုက်ဆံ တွေအကုန် လုံးထောက်ပံ့တယ်။ အဲဒီ ဗကပတွေဟာ ဗကပမြစ်ဖျားဒေသတိုင်း ဆိုပြီးတော့ ဦးစွာ ဗန်းမောက်၊ ကောလင်းကို ၀င်လာ တာပေါ့။ ဒုတိယလမ်းကြောင်းက မသုံး လုံးနယ်မြေဖြစ်တဲ့ မိတ်္ထီလာ၊ မြင်းခြံနယ် မြေကိုဝင်ဖို့အတွက် အခု ရဲရွာရေအား လျှပ်စစ်ရှေ့နားက အင်တောကျောက်ဂူ ထိ ရောက်လာခဲ့တယ်။ တတိယ လမ်း ကြောင်း ပဲခူးရိုးမကို ၀င်ဖို့၊ အဲဒီအဖွဲ့တွေ အားလုံးကိုတပည့်တော်တို့ကလိုက်တိုက် နေရလို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘာမှမလုပ်နိုင်ဘူး။ တရုတ်အစိုးရက နောက်က ထောက်ပံ့ထားလို့။ အဲဒီတော့ တိန့်ရှောင်ဖိန် အစိုးရတက်လာတဲ့အခါ မှာဒီထောက်ပံ့မှုတွေဖြတ်လိုက်လို့ဒီဗကပ တွေချုပ်ငြိမ်းသွားတယ်။ဒါကြောင့်တရုတ် နဲ့လည်းရန်မဖြစ်ရဲဘူး။ ဒါကို စိတ်ထဲမှာပဲ ထားနော်၊ ဘာမှ . . . ဟိုဒင်းမဖြစ်နဲ့။ တရုတ်နဲ့စိတ်ဆိုးသွားလို့ရှိ ရင် အကယ်၍ နယ်စပ်တွေမှာအဲဒီလိုဟိုကနေထောက်ပံ့၊ ဒီကနေထောက်ပံ့နဲ့နောက်က ထောက်ပံ့ လိုက်ရင် တပည့်တော်တို့ စီးပွားရေးလုပ်ဖို့ နောက်ကိုပြန်လှည့်ကြည့်ရမယ်။အရင်က လုပ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းတောင်တရုတ်က တပည့်တော်တို့ကို တော်တော်စိတ်ဆိုး နေပြီ။ အဲဒီတော့ ဒီဥစ္စာတော့ စဉ်းစားစေ ချင်တယ်လို့ ပြောချင်တယ်””
ဝက်မှေးရွာမှ ရွာကိုယ်စားလှယ် သပိတ်ခေါင်းဆောင် မသွယ်သွယ်ဝင်းက တရုတ်နိုင်ငံကိုအကြွေးတင်လျှင် ပြည်သူ ကြွေးတင်သည်သာဖြစ်ပြီး ““စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေးရန် တောင်းဆိုပါ ကြောင်း””သမ္မတကြီးထံ တင်ပြပေးရန် ဦးအောင်မင်းအား တောင်းဆိုခဲ့သည်။ ထိုအခါဦးအောင်မင်းက-
““ဆုံးဖြတ်ပေးဖို့ လာတာမဟုတ်ပါ ဘူး။ ဒီစီမံကိန်းကို သီးခြားအဖွဲ့နဲ့ စစ်မှာ။ သီးခြားအဖွဲ့က သမ္မကြီးဆီ အစီရင်ခံ စာတင်ရမှာ၊ သူတို့မလာခင် တပည့်တော် က ကြိုလာလိုက်တာ။ ဒီစီမံကိန်းကို သမ္မတကြီး သိအောင် တင်ပြဖို့ကြိုလာ လိုက်တာ။ တပည့်တော်ကို တခြားမမြင် စေချင်ဘူး””
သံဃာတော်က ထိန်းသိမ်းစေချင် သည့်ဘုရားကျောင်းကန်စသည့်သာသနာ့ အဆောက်အအုံများနှင့်ပတ်သက်ပြီးပြော ကြားရာတွင်လည်းဦးအောင်မင်းက
““တပည့်တော်မှာလည်း တာဝန်မရှိ ပါဘူး။ တပည့်တော်က နာမည်ခံတဲ့ ဗုဒ္ဓ ဘာသာ မဟုတ်ပါဘူး။ မိရိုးဖလာဗုဒ္ဓဘာ သာ ဖြစ်ပါတယ်။ အတော်ပြင်းပြင်းထန် ထန် လေ့ကျင့်ခဲ့ပါတယ်။
““တပည့်တော်စိတ်က အားလုံးကို၊ အရာရာကို စွန့်လွှတ်ထားတာ၊ အ များအတွက်လုပ်တာ၊ ရဲရဲတင်တင်းတင်း ပြောရဲတယ်။ ဦးအောင်မင်းဒီနေ့ မတရား လုပ်ထားရင် ဆရာတော်ဘုရားတို့တရား စွဲ၊ အဲလောက်ထိ စိတ်ပြင်းထန်တယ်။ အရှင်ဘုရားတို့က နားလည်ပေးဖို့လိုပါ တယ်။ ဒါက ပထမဆုံးအကြိမ်ဆိုတော့ အကြိတ်အခဲကို သူတို့ပြောချင်မှာပဲ။ တကယ်တော့ ဒီအသက်အရွယ်နဲ့ ဘုရားကျောင်းကန်မှာ ရောက်နေရမယ့် အရွယ်ပါ။ လူမရှိလို့ လုပ်ကိုင်နေတာ၊ လုပ်မယ့်လူမရှိဘူး။ အရှင်ဘုရားတို့ကြည့် လိုက်၊ လုပ်မယ့်လူ မရှိလို့။ ဗိုလ်ချုပ်မို့ လို့၊ ဗိုလ်ကြီးမို့လို့ မရှိပါဘူး။ ပိုတဲ့နေရာ လျှော့ရမယ်၊ လိုတဲ့နေရာ ဖြည့်ရမယ်။တပည့်တော်ကလိုတဲ့ဟာကို လိုက်လုပ် တယ်။ တပည့်တော်က သူများနဲ့မတူ တဲ့စစ် သားတစ်ယောက်ပါ။
ရဲဘော် စိတ်ဆိုသည်မှာ ရဲဘော်အချင်းချင်းရှိသည့် မေတ်္တာတရား၊ သစ္စာတရား၊ စောင့်ကြည့်မှုတရား
ဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်မှာရှိ တယ်။ တပည့်တော်က လက်မခံပါဘူး။ အဓိပ္ပာယ်ကို ကိုယ့်ဟာကိုယ် ဖွင့်ဆို ပါတယ်။ တပည့်တော် ဖက်ဒရေးရှင်း ဖွင့်ထားတာက သူများနဲ့ မတူဘူး။ ဒါကြောင့် တပည့်တော် အလုပ်လုပ်တဲ့ နေ ရာမှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သား သား လုပ်ပါတယ်””ဟု ဦးအောင်မင်းက ပြော ဆိုသွားသည်။
ဦးအောင်မင်း လာရောက်တွေ့ဆုံ သွားပြီးနောက် ၀န်ကြီးက တရုတ်နိုင်ငံ၏ ကျေးဇူးကို ပြန်ကြည့်ရမည် ဟူသော စကားကို စိတ်သဘော မတွေ့ပါသော် လည်း လက်ပံတောင်းတောင် ဒေသခံ ပြည်သူများကြားတွင် သမ်္မတရုံး ၀န်ကြီး တစ်ဦး လာရောက် မေးမြန်းသွားသည့် အတွက် ဒေသခံများ၏စိတ်တွင် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများကို ပြေ လည်မှုဖြင့် ပြီးဆုံးသွားနိုင်လိမ့်မည်ဟူ သော မျှော်လင့်ချက်များစွာဖြင့် နောက် (၁၀)ရက် အကြာတွင် ရလဒ်ကောင်း တစ်ခုကိုမျှော်လင့်နေကြကြောင်းသတင်း များအရ သိရသည်။ ၂၈-၁၁-၂၀၁၂ နံနက် ၃း၁၀ နာရီအချိန် မိမိတို့သတင်း အယ်ဒီတာများ ဖောင်ပိတ်နေချိန်တွင် တွေ့ရှိရသော အင်တာနက် ၀က်ဆိုဒ် သတင်းများအရ လက်ပံတောင်းတောင် ပြည်သူများ အေးချမ်းပျော်ရွှင်အကြောင့် ကြကင်းစွာ နေထိုင်နိုင်စေရန် ရည်သန် လျက် . . .
(ဒီမိုကရေစီ နိုင်ငံတော် ပီသစေရေး သို့ . . .)
ပြည်ချစ်မေ
Source: http://www.hotnewsweekly.com/archives/14440
ဧရာဝတီ Date Line (ရုပ်သံ)
No comments:
Post a Comment