Thursday, November 22, 2012

သွေးပြောတာကို မယုံပဲ ဘေးပြောတာကို ယုံကြည်နေသူ KNUခေါင်းဆောင် အချို့(ရုပ်သံ)

22/11/2012  

ဖြစ်နိုင်ခြေရှိ ဖြစ်နိုင်ခြေ မရှိသည်ကို သေချာ စဉ်းစား သုံးသပ်ထားခြင်း မရှိပဲ စကားကို အော်ပြီး လွယ်လွယ်ကူကူ ပြောတတ်သူ ပေါ့ပျက်ပျက် ၀န်ကြီး ဦးအောင်မင်းရဲ့ သြ၀ါဒစကားကို နာခံနေသူ ကေအဲန်ယူ ခေါင်းဆောင် အချို့ရဲ့ ဘုရားသုံးဆူ ဆက်ဆံရေးရုံး ဖွင့်အပြီးက မှတ်တမ်း ရုပ်သံပဲ ဖြစ်ပါတယ်။ အားလုံး ပြန်ကြည့်နိုင်အောင်လည်း ပြန်လည် တင်ပြလိုက်ပါတယ်။ နှစ်ပေါင်း ၆၀ကျော်ကြာ ပြည်တွင်း စစ်ကြီးရဲ့ နောက်ဆက်တွဲ ပြသနာတွေနဲ့ ကရင့်အမျိုးသား အရေးအတွက် ယခုလို စားပွဲဝိုင်းမှာ ကျေကျေလည်လည်း တောင်းဆို တိုက်ပွဲ ၀င်ရမယ့် အချိန်မှာ အဓိက နေရာကနေ ပါဝင်နေသူ ခေါင်းဆောင်တွေက ယခုလို ပါးစပ်ကြီးတွေ ပိတ်ပြီး တဖက်လူတွေရဲ့ လိုသလို ပုံသွင်းထားတဲ့ လမ်းကြောင်းထဲ သက်ဆင်းသွားတာကို ကြည့်ပြီး တော်တော်လေး အားမလို အားမရဖြစ်ခဲ့ရပါတယ်၊ ဒီလောက်ထိ ပေါ့ပျက်ပျက် နိုင်လွန်းလှတဲ့ ဦးအောင်မင်းရဲ့ စကားကို ယုံပြီး အဖွဲ့အစည်း တခုလုံးနဲ့ အမျိုးသား တခုလုံးကိုပင် မငှဲ့ကွက်ပဲ ဆန့်ကျင်ကာ သူတို့သမိုင်း ကို သူတို့ ယခုလို ရေးခဲ့ကြပါတယ်။ (သွေးပြောတာကို မယုံပဲ ဘေးပြောတာကို ယုံခဲ့မိလို့ ယခုလို ဘေးကို ရောက်ခဲ့ရပြီလို့ ပြောရမလို ဖြစ်နေပါပြီ)။ ဒါပေမယ့်လည်း ကရင်တမျိုးသားလုံး မမြင်ချင် မကြားချင်တော့တဲ့ နောက်ဆက်တွဲ ပြသာနာတွေတော့ မကြာခင် မြင်နေ ကြားနေရအုံးမယ် ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲပါဘူး။ Source: http://parsithan.blogspot.com.au/2012/11/knu_9609.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)