November 23, 2012
“အခုလိုကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးခွင့်ရတဲ့အတွက် တော်တော်လေးဝမ်းသာတယ်။တစ်ခါတ လေ စိတ်လိုက်မာန်ပါ ကျွန်တော် တို့ရဲ့စဉ်းစားမှုက ဆွေးနွေးနေတဲ့ လမ်းကြောင်းပေါ်ကနေချော်သွား ပါလိမ့်မယ်။အဲလိုချော်သွားတဲ့ အခါ ဆွေးနွေးမှုရဲ့အလားအလာ တွေပျက်သွားပါမယ်။တကယ်ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး KNU ဘယ်လိုသဘောထားမလဲ။အဲဒါ ကိုမေးချင်တယ်။မယုံကြည်မှုတွေ အပေါ်မှာ အခြေခံပြီးတော့ ရှုပ် ထွေးလာတဲ့သဘောရှိပါတယ်။ ဒါကဆွေးနွေးမှုရဲ့လမ်းကြောင်း ပြောင်းသွားတဲ့ သဘော ရှိပြီး ဒါနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလို့ရ အောင် အကျဉ်းချုပ်ပြီးတော့ တင်ပြချင်ပါတယ်””ဟု အထက်ပါ ပုဂ်္ဂိုလ်ကဆက်လက်ပြောကြား သည်။
Federal ကိုပြောရင် Federal ပုံစံမျိုးဆွေးနွေးကြတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတိုင်းပြည်က နှစ်ပေါင်း(၆၀) ကျော်ပြဿနာတွေဖြစ်ပွားခဲ့ တယ်။တစ်ရက်တည်းတစ်ချိန် တည်းရှင်း လို့မရဘူး။သားသမီးတွေ၊မြေးတွေ မြစ်တွေ တင်မကဘူး။အသွေးထဲ မှစွဲနေပြီး ငြိမ်းချမ်းရေးကို တကယ် လုပ်ပြီးတော့ ဒီတိုင်းပြည်မပျက် စီးအောင်ဝိုင်းပြီးတော့ ပြန်လည် ကယ်တင်ရမှာ ကျွန်တော်တို့၊ခင် ဗျားတို့ရဲ့တာဝန်ပဲ။ဒီတိုင်းပြည်မှာ ပေါ်တဲ့ ကိစ္စတိုင်းမှာ အကုန်ပါ တဲ့ စတိတ်ဖိုဒါအကုန်ပါရမယ်။ လူတိုင်း၊တိုင်းရင်းသားလက်နက် ကိုင်တဲ့အဖွဲ့ကော လက်နက်မ ကိုင်တဲ့အဖွဲ့ကော အကုန်ပါရမယ်။ လူမှုရေးအဖွဲ့အစည်းတွေအကုန် ပါရမယ်။လူမျိုးတစ်မျိုးထဲမရဘူး။ ဗမာလည်းပါရမယ်။အောင်ဆန်း စုကြည်လည်းပါရမယ်။အခုအစိုး ရလဲ ပါရမယ်။တပ်မတော်လည်း ပါရမယ်။ အဲလို အကုန်လုံးခေါ် ပြီးရှင်းရမယ်””ဟု ပြောကြားခဲ့ သည်။
လက်ရှိတွင် ကရင်ပြည်နယ် မှာ အေးချမ်းလျက်ရှိပြီး အကယ် ၍သာ စီးပွားရေးလုပ်ငန်းလုပ်ချင် ပါက KNU အဖွဲ့သို့အကြောင်း ကြားပြီး လုပ်ကိုင်နိုင်ကြောင်း ၎င်း ဖွဲ့မှ သိရသည်။
ပြည့်ဖြိုးအောင်
Source: http://www.hotnewsweekly.com/archives/14250
No comments:
Post a Comment