Wednesday, December 19, 2012

မြန်မာနိုင်ငံတွင်ပထမဆုံး လက်နက်ကိုင်ဆန္ဒပြခြင်း

December 18, 2012

DKBA
(၁၄.၁၂.၂၀၁၂)ရက်နံနက်   (၈)နာရီအချိန် ကရင်ပြည်နယ် မြ၀တီမြို့တွင် ကလိုထူးဘောတပ် ဖွဲ့နှင့်ကော့ကရိတ်မြို့နယ်၊ကော့ ကိုကိုး အခြေစိုက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှဦးဆောင် ကာ အင်အား(၈၀)ခန့်သည် ယူနီ ဖောင်းများဝတ်ဆင်လျက် လက် နက်အပြည့်အစုံဖြင့် မြ၀တီမြို့ အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြ ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး၊ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးများ ဦးဆောင်ပါဝင်သော    အင်အား(၈၀)ခန့်သည် မော်တော်  ယာဉ်ဆယ်စီးဖြင့် မြ၀တီမြို့တွင်း  အမှတ်(၄)ရပ်ကွက်၊တောရကျောင်း   မုခ်ဝမှ စတင်ကာ ဘုရင့်နောင် လမ်းမကြီးအတိုင်း စီတန်းလှည့် လည်ခဲ့ကြသည်။
ငြိမ်းချမ်းရေးတပ်ဖွဲ့များသည်    ““ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ   ကို လူမဆန်စွာ မီးရှို့နှိမ်နှင်းမှု အတွက် တာဝန်ရှိသူကိုဖော်ထုတ်  ပေးပါ။သံဃာမီးရှို့သူ ချက်ချင်း အရေးယူပေးပါ။လက်ပံတောင်း တောင် ကြေးနီစီမံကိန်းချက်ချင်း  ရပ်။သာသနာ့ အန္တရာယ်တို့ကာ ကွယ်။ကချင်ပြည်နယ်အတွင်းထိုး စစ်များချက်ချင်းရပ်။သံဃာတော် နှင့်ပြည်သူလူထုတောင်းဆိုချက်  များလိုက်လျောပေးပါ””စသည့် စာတန်းဆိုင်းဘုတ်များကို ကိုင် ဆောင်ကာ လှည့်လည်ဆန္ဒပြခဲ့ ကြကြောင်း သတင်းရရှိသည်။
ထို့နောက် ကရင်ပြည်နယ်၊   ကော့ကရိတ်မြို့အခြေစိုက် ကလို  ထူးဘောငြိမ်းချမ်းရေးတပ်ဖွဲ့ကလည်း   အင်အား(၅၀)ခန့်သည် ယူနီ ဖောင်းများဝတ်ဆင်လျက် လက်နက်အပြည့်အစုံဖြင့် (၁၄.၁၂.၂၀၁၂)ရက် နံနက်(၉)နာရီခန့်တွင် ကော့ ကရိတ်မြို့တွင်း၌ လှည့်လည်ဆန္ဒ   ပြခဲ့ကြကြောင်းသိရသည်။ဖြစ်စဉ် မှာ ဗိုလ်ကြီးအဆင့်ရှိအရာရှိဦး ဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ ၀င်(၅၀)ခန့်သည် မော်တော်ယာဉ်    ငါးစီးဖြင့် ခြေလျင်လမ်းလျှောက်  သူများပါလိုက်ပါလျက် ဆန္ဒပြ  လှည့်လည်ခဲ့ကြောင်း၊ဆန္ဒပြသူ များမှာ ကော့ကရိတ်မြို့၊အမှတ်  (၃)ရပ်ကွက်မှ စတင်ကာ ဗောဓိ  ကျောင်းလမ်းအတိုင်း ဆိုင်းဘုတ်  များကိုင်ဆောင်ပြီး ကြွေးကြော်   လျက် ဆန္ဒပြခဲ့ကြကြောင်း၊ကြွေး ကြော်သံများမှာ “အေးချမ်းစွာ    ဆန္ဒဖော်ထုတ်မှုအား မီးရှို့နှိမ်နှင်း   မှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ပေးပါ။သံဃာတော်နှင့် ပြည်သူတို့၏တောင်းဆိုမှုကို လိုက်လျောပေးပါ။သံဃာတော်နှင့် ပြည်သူတို့၏တောင်းဆိုမှုကို လိုက်လျောပေးပါ။သံဃာတော်  တွေကို မီးလောင်ဗုံးနှင့်ပစ်သူအား    ချက်ချင်းအရေးယူပေးပါ။ကချင် ပြည်နယ်ထိုးစစ်ကိုချက်ချင်းရပ်ပေး  ပါ။စုံစမ်းစစ်ဆေးရေးကော်မရှင်က တရားမျှတစွာ ဆောင်ရွက်ပေးပါ”  တို့ဖြစ်ပြီး မနက်(၁၀း၁၅)အချိန်     တွင် ဆန္ဒပြမှုများ ရပ်နားခဲ့ကြောင်း   သတင်းရရှိသည်။

Source: http://www.hotnewsweekly.com/archives/15004

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)