Saturday, December 22, 2012

ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင် ကြီး ၅ ကြီးကို ရွေးချယ်လိုက်ပြီ

Friday, 21 December 2012
ဒီဇင်ဘာလ ၂၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ယခုကျင်းပပြုလုပ်သည့် ၁၅ကြိမ်မြောက် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကွန်ကရက် တွင် ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင်ကြီး ၅ကြီးကို ယနေ့၌ လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်တင်မြောက် လိုက်ပြီဟု သိရသည်။
အဆိုပါ အသစ်ရွေးချယ်ခံရသည့် ဗဟိုခေါင်းဆောင် ၅ဦးမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး (၂) မန်းမန်းမန်းတို့ဖြစ်သည်။
ယနေ့တွင် ကျန်ရှိသေးသည့် ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်များကို မရွေးချယ်ရသေးသော်လည်း တရားသူကြီးချုပ်ကိုတော့ ပဒိုအားတိုးကို ရွေးချယ်တင်မြောက်လိုက် သည်ဟု သတင်းရရှိသည်။
ယခု ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ကရက်တွင် မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၁၇၀ဦးမှ ကေအဲန်ယူ၏ အမြဲတမ်း ဗဟိုကော်မတီဝင် ၃၁ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ယမန်နေ့က စတင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လေးဝါးစခန်း၌ နိုဝင်ဘာလ ၂၆ရက်နေ့က စတင်ကျင်း ပသည့် ကေအဲန်ယူ ကွန်ဂရက်သို့ ကေအဲန်ယူ၏ ခရိုင်၊ တပ်မဟာ ၇ခု၊ ဗဟို(လခသ)နှင့် တပ်(သ၀ခ)မှ ကိုယ်စား လှယ်များ အပါအ၀င် ပြည်တွင်း ပြည်ပရှိ လူထုအခြေပြုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း ၁၇၅ဦး တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)