Thursday, December 6, 2012

လက်ပံတောင်းတောင်ဒေသခံ သံဃာတော်များက သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်

December 4, 2012


သပိတ်စခန်းများကို အင် အားသုံးဖြိုခွဲခဲ့ပြီး သံဃာတော် များနှင့် လူပုဂ်္ဂိုလ်များ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းအပေါ်  လက်ပံ တောင်းတောင်ဒေသခံ သံဃာ တော်များက သဘောထားကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ သဘောထားကြေ ညာချက်တွင် အမျိုးဘာသာ သာ သနာကို ငြိမ်းချမ်းစွာဖြင့် ကာ  ကွယ်စောင့်ရှောက်နေသော သံ ဃာတော်များနှင့် ပြည်သူလူထု ကို မီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများကို အသုံးပြု လျက် အကွက်ကျကျ ကြိုတင် ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာ ကြက်မက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း၊ ယခုကဲ့သို့ မီးလောင် စေတတ်သော ဓာတုပစ္စည်းများ ကို အသုံးပြုလျက် အကွက်ကျ ကျ ကြိုတင်ပြင်ဆင်ပြီး ဥပေဒမဲ့ လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ ““ကောင်းသော အစိုးရ၊ သန့်ရှင်းသော အစိုးရ””ဟု ကမ္ဘာသိ ကြွေးကြော်သံနှင့် လုံးဝ ဆန့်ကျင်နေ၍ အကြမ်းဖက်မှု၌ တာဝန်ရှိသူအားလုံးကို ဒီမိုကရေ စီမှ အပြီးအပိုင် ထုတ်ပယ်၍ အမြန်ဆုံး အရေးယူဆောင်ရွက် ပေးရန်။
ဤအကြမ်းဖက်မှုကို ဆန္ဒပြ ဆန့်ကျင်၍ ဖမ်းဆီးခံထားရသူ အားလုံးကို ချွင်းချက်မရှိ လွှတ် ပေးရန်၊ ဒဏ်ရာရသူများ၏ ဆေး ကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးအတွက် တာဝန်ယူရန်၊ မီး လောင်ဗုံးများသည် နိုင်ငံတကာ  စစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလ သမဂ်္ဂမှ ကန့်ကွက်ထားသည်ကို မျက်ကွယ်ပြုကာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရတနာသုံးပါးအ၀င် သံဃာတော် များ၏အပေါ် သုံးစွဲခြင်းမှာ ကမ်း ကုန်အောင် ယုတ်မာမှုဖြစ်၍ နိုင်ငံတော်၏ အကြမ်းဖက်ဝါဒ(STATE TERRORESM) ဖြစ် သည်ဟု ခံစားမိကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည် သူအားလုံး တောင်းဆိုနေသည့် ကြေးနီစီမံကိန်းကို လုံးဝ ဖျက် သိန်းပေးရန်။
အထက်ဖော်ပြပါ တောင်း ဆိုချက်များကို လျှင်မြန်စွာ ဆောင်ရွက် မပေးပါက ““ပြည်သူ နှင့် သံဃာ ကြည်ဖြူစွာ လက်တွဲ ၍ ဆက်လက်ဆောင်ရွက်သင့် သည့် အချိန်၌ ဆက်လက်၍ ဆောင်ရွက်သွားမည်””ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသော ဘာသာသာ သနာကို မြတ်နိုးစိတ်ရှိသော ပတ် ၀န်းကျင်ဆိုးကျိုးသက်ရောက်မှုကို ကာကွယ်လိုစိတ်ရှိသော ပြည်သူ့ ဒီမိုကရေစီ အစိုးရအမှန်ဖြစ်ပါ လျှင် ၍ကိစ္စများကို တာဝန်ယူ လုပ်ကိုင်နိုင်စွမ်းရှိလိမ့်မည်ဟု ယုံ ကြည်၍ မိမိတို့သဘောထားများ ကို အသိပေးကြေညာလိုက် ကြောင်း ဖော်ပြရရှိသည်။

မျိုးမြင့်
Source:http://www.hotnewsweekly.com/archives/14568


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)