Saturday, 08 December 2012
“အကူ အညီတွေ အလွန်အမင်း လိုအပ် နေတဲ့ နေရာ တွေမျိုးကို သွားရောက် ကူညီ နိုင်ဖို့ အတွက် ခွင့်ပြုချက် ရဖို့ အစိုးရကို တောင်းထား ပါတယ်။ UN ဟာ လုံခြုံရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင် တွေမှာလည်း လုပ်ငန်း ဆောင်ရွက် တတ်တဲ့ အတွေ့ အကြုံ အများကြီး ရှိပါတယ်။ ဒီထက် လုံခြုံရေး ကင်းမဲ့တဲ့ နိုင်ငံ တွေမှာတောင် လုပ်ငန်း ဆောင်ရွက် ခဲ့ဖူး ပါတယ်” ဟု ဗယ်လာရီ အေးမို့စ်က သတင်းထောက် များကို ပြောကြား ခဲ့သည်။
ဤသို့ကြောင့် UN သည် အစိုးရမှ လုံခြုံ ရေးကို အကြောင်း ပြထားပြီး ငြင်းဆန် ထားသည့် အတွက် KIA ထိမ်းချုပ် ထားသည့် ဒေသ များရှိ နေရပ် စွန့်ခွာ ထွက်ပြေး နေရသော ဒုက္ခသည် (၄၀၀၀) ကို အကူအညီ မပေးနိုင် သေးဟု ဆိုပါသည်။
အစိုးရ ထိန်းချုပ်သော နေရာ များရှိ နေရပ်စွန့် ကချင် ဒုက္ခသည် များကိုမူ UN နှင့် ပြည်နယ် အစိုးရ အပါဝင် NGO အဖွဲ့ များက အကူအညီ ပေးနေ ပါသည်။ KIA ထိမ်းချုပ် မှုအောက်ရှိ ကချင် ဒုက္ခသည် များမှာမူ တနှစ်ကျော် ကြာလာသည့် တိုင်အောင် ရိက္ခာ များသည် လိုအပ် ချက်၏ (၄) ရာနှုန်း ဖြင့်သာ ရပ်တည် နေရပြီး အကူအညီ များကို KIA နှင့် အခြား ဘာသာရေး အဖွဲ့အစည်း များကသာ ထောက်ပံ့ နေကြ သည်ဟု ဒုက္ခသည် ကော်မီတီ များက ဆိုပါသည်။ သို့သော် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာ များ၌မူ အကူ အညီကို အထူး အစီစဉ်ဖြင့် ဆောင်ရွက်ရန် လိုအပ် နေပါသည်။
ကချင် စစ်ပြေး ဒုက္ခသည် များကို ကူညီရန် UN အပြင် အမေရိကန် ပြည်ထောင်စု ကလည်း ကူညီရန် ဂတိ ပြုထားပြီး ဖြစ်ပါ သည်။ http://www.phophtaw.org/burmese/index.php/news/local-news/2041-2012-08-23-08-05-15.html
KIA သည် နိုင်ငံတကာ အကူအညီ ပေးသူများနှင့် လက်တွဲ ဆောင်ရွက် လိုသော်လည်း၊ တရုတ်ပြည်၏ သဘောထားနှင့် မြန်မာ အစိုးရ၏ သဘောထား အခက်အခဲနှင့် ရင်ဆိုင် နေရ ပါသည်။ သို့သော် အချို့ ဒုက္ခသည် ပြသနာ များတွင် တရုတ် အစိုးရနှင့် အဆင်ပြေ စေရန် ဆောင်ရွက် နိုင်ခဲ့ သလို အခက်အခဲ ကြီးမားသော စခန်း များကိုလည်း မြန်မာ အစိုးရ စခန်း ဆီသို့ စေလွှတ် ခြင်းဖြင့် ဖြေရှင်း ခဲ့ရကြောင်း KIA အရာရှိ များက ဆိုပါသည်။
ကုလ သမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ် ကမူ “ပြည်တွင်း NGO တွေကနေ တဆင့် ဒုက္ခ သည်တွေဆီ အထောက် အပံ့တွေ ရအောင် လုပ်ပေး တာမျိုး ကျမတို့ လုပ်ပေး ပါတယ်။ ဒါပေမဲ့ လိုအပ် နေတာတွေ က အများကြီး ရှိနေ ပါတယ်။ အစိုးရ ဘက်က အကြောင်း ပြန်ကြားချက် ရတာနဲ့ UN အနေနဲ့ သွားနိုင်ဖို့ ကျမတို့ လုပ်ပါမယ်” ဟု သတင်းစာ ရှင်းလင်း ပွဲတွင် ဆိုသွားပါသည်။
ကချင် ဒုက္ခသည် များသည် အစိုးရ စစ်ဆင် နေခြင်းကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရ သူများ ဖြစ်ပါသည်။ အစိုးရသည် KIA နှင့် ရရှိ ထားသော အပစ်အခတ် ရပ်စဲ ရေးကို ဖျက်ပြီး 2011 ခုနှစ် ဇွန်လတွင် KIA အား စတင် တိုက်ခိုက် ခဲ့ပါသည်။ ဤတိုက်ပွဲ များကြောင့် ကချင် စစ်ပြေး ဒုက္ခသည် (၁) သိန်း နီးပါး ရှိလာပြီး လေးသောင်း ခန့်မှာ KIA ထိန်းချုပ် နယ်မြေ အတွင်း အခြေချ နေရခြင်း ဖြစ်သည်ဟု စစ်ရေး ဝေဖန်သူ များက ဆိုပါသည်။