Saturday, January 5, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ

နေပြည်တော်၊ ဇန်န၀ါရီ ၅

နေပြည်တော်သို့ရောက်ရှိနေသောကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခေါင်းဆောင်များနှင့် ပြည်ထောင်
စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီခန့်က နေပြည်တော် ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူထူးဆေးဖိုးက "ဒီကိုရောက်လာတာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် နိုင်ငံတော်သမ္မတနဲ့လာတွေ့တာပါ။ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပထမအဆင့် အနေနဲ့ အပစ်အခက်ရပ်စဲရေး စတင်ဆောင်ရွက် နေပါတယ်။ဒါပေမယ့်ဒီနေ့အထိ ထိရောက်မှုမရှိသေးဘူး။အပစ်အခက်ရပ်ဆဲရေးကို ပီပြင်တဲ့အထိဆောင်ရွက်သွားမယ်။

ဒီကနေ့ ကချင်မှာဖြစ်နေတာက ငြိမ်းချမ်းရေးဆွေးနွေး မှုမှာအနှောင့်အယှက်မဖြစ်သော်လည်း အဟန့်အတားသဘောမျိုးတော့ဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စကိုဆက်ပီပြင်လာအောင်KNU ကဆက်ဆောင်ရွက်မယ်။သမ္မတနဲ့ဆွေးနွေးခဲ့တယ်" ဟု သတင်းထောက်များအားပြောသည်။

ယနေ့ညနေ ၇ နာရီတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့လုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းက KNU အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)