Thursday, January 3, 2013

ကချင်ပြည်နယ်က စစ်ပွဲများရပ်ဖို့  ရန်ကုန်မှာ ဆန္ဒပြတောင်းဆို

03.01.2013

ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်စဲဖို့ ရန်ကုန်မြို့ မှာ ဆန္ဒပြတောင်းဆိုမှုတရပ်ပြုလုပ်ခဲ့ပါတယ်။ တမြေတည်းမှာ နေထိုင်နေကြတဲ့ သွေးရင်းညီအကိုတွေ အချင်းချင်း အခုလို တိုက်ခိုက်နေကြရတာတွေကို အမြန်ဆုံးရပ်ပစ်ဖို့ နဲ့ ဒီစစ်ပွဲတွေအတွက် ကုန်ကျစားရိတ်နဲ့ ပါတ်သတ်ပြီး လွှတ်တော်မှာ မေးမြန်းဖို့ အတွက်လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ဆက်လက်တင်ပြပါမယ်။ 
"ဒေါ်အောင်ဆန်းစုကြည်ကိုပါ မေးပေးပါ။ သူဟာ လူထုခေါင်းဆောင်မဟုတ်လား။ တိုင်းရင်းသားတွေကဘဲ
ပြည်ထောင်စုစိတ်ဓါတ်မရှိတာလား။ မဟာဗမာနေပြည်တော်ပဒေသရာဇ်ရူးရူးနေတဲ့ ရုပ်ပြဦးသိန်းစိန် အစိုးရကဘဲ အင်အားငယ်သူကို နှိပ်စက်လို့မ၀သေးလို့လား။ မေးပေးပါ။ ဆန္ဒပြညီအကိုတို့" ဒီအဖြေဟာ လူထုခေါင်းဆောင်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်"

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)