Sunday, February 3, 2013

လောင်းကစားဝိုင်းများ နှင့် ငြိမ်းချမ်းရေး

2/3/2013

ယနေ့ဟာ ကရင်အမျိုးသားအပေါင်းတို့၏ ကိုယ်ပိုင်ပြငှာန်းခွင့်နှင့် တန်းတူအခွင့်အရေးရရှိရန် မြန်မာအစိုးရ၏ မတရားဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ပြီး တရားမျှတသောအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာရန်အတွက် ကရင်အမျိုးသားအပေါင်းတို့သည်မြန်မာအစိုးရအဆက်ဆက်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့သည်မှာ (၆၄) နှစ်ပြည့်သော နေ့ရက် အချိန်အခါလည်း ဖြစ်သည်။
ထိုကြောင့် အနယ်အနယ်အရပ်ရပ်တွင်ရှိသော ကရင်အမျိုးသားအပေါင်းတို့သည် (၆၄) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုနေကြသော အချိန်လည်းဖြစ်ပြီး ကရင်အမျိုးသားများအတွက် နေ့ထူးနေ့မြတ် တစ်ရပ်လည်းဖြစ်ပါသည်။

ထိုအတူ ကရင်အမျိုသားလုံးကို ကိုယ်စားပြုထားသော KNU သည် မြန်မာအစိုးရနှင့် အပစ်အခက်ရပ်စဲ ငြိမ်းချမ်းရေး ယူထားသည်မှာလည်း တစ်နှစ်ကျော်ကျော်ရှိသော အချိန်ကာလတစ်ခု အတွင်းသို့ ရောက်ရှိ နေပြီဖြစ်သည်။ ထို့သို့ ငြိမ်းရေးယူထားသော အချိန်ကာလတွင် ကရင်အမျိုးသားအပေါင်းတို့၏ နေ့ထူးနေ့မြတ် ဖြစ်သော ကရင်တော်လှန်ရေးနေ့ကို အနယ်နယ်အရပ်ရပ်တွင် ငြိမ်းချမ်းမှုရှိစွာ လွတ်လွတ်လပ်လပ် အရသာရှိရှိ ကျင်းပခွင့် ရရှိနေသော အခွင့်အရေးများနဲ့အတူ အချို့နေရာဒေသများတွင် ဇာတ်ပွဲများ၊ နှင့် ဈေးဆိုင်ပွဲတန်းများ ဖြင့် စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်နေကြသည်။ ဒီလိုအချိန်နေ့ထူးနေ့မြတ်မျိုးတွင် လောင်းကစားဝိုင်းများဖြင့် စည်ကားကာ ကရင်တော်လှန်ရေးကို ကြိုဆိုနေကြတော လောင်းကစားဝိုင်းများနှင့် မိတ်ဆွေဖွဲ့ ရင်းနှီးအဖော်ပြု ဆော့ကစားရင်း အချိန်နှင့် ငွေကြေးများကို ဖြုန်းတီးနေကြသော ကရင်အမျိုးသားများဖြစ်ြကသော ကရင်အမျိုးသား အမျိုးသမီး ကြီး၊ငယ် အချို့ကို မြင်တွေ့နေရသည်မှာ စိုးရိမ်ပူပန်ဝမ်းနည်းစရာဖြစ်နေရသည်။ လောင်းကစားဝိုင်းများဖြင့် စည်ကားနေသော နေရာ နှင့် ထိုလောင်းကစားဝိုင်းများ(၀ါ) လူတွေကို ဆုတ်ယုတ်ပျက်စီးစေနိုင်သော ဖျက်ဆီးရေးလက်နက်များ ကို မိတ်ဆွေသဖွယ် ပေါင်းဖက်ဆော့ကစားနေသော လူများရှိရာ ဒေသမှာ KNU တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း (၁၀၁) ထိန်းချုပ်ရာ နယ်မြေပင်ဖြစ်သည်။ လောင်းကစားများကိုဆော့ကစားခြင်းဖြင့် လူများကို တိုးတက်ကြီးပွားချမ်းသာစေလိမ့်မည်မဟုတ်ဘဲ လူများ၏ဘ၀ကို ပျက်စီးဆုတ်ယုတ်ကာ ဘ၀ပျက်သည့် အခြေအနေသို့သာ ရောက်ရှိစေနိုင်မည်သာဖြစ်သည်။ လောင်းကစားသည်လူတွေကို မကောင်းတဲ့လမ်းသို့သာ တွန်းပို့ပေးနိုင်သည်။ လောင်းကစားလုပ်ရင်း ရှိသမျှငွေကုန် စားရမဲ့ သောက်ရမဲ့ အခြေအနေသို့ရောက်ကာ သူခိုး၊ ဓားပြများဖြင့်ကာ ခိုးယက်လုယက်ရသည့် အခြေအနေသို့ရောက်သွားကြသောလူများလည်းရှိခဲ့ရသည်။ လောင်းကစားဆော့ရင်း ရန်ဖြစ်ကာ သေကျေပျက်စီးရသော အခြေအနေများစသည့် မကောင်းတဲ့ အခြေအနေများသို့သာ တွန်းပို့ပေးနိုင်သည်။


လောင်းကစားဝိုင်းများ ပိုပြီးကျယ်ပြန့်လာသည်နှင့် အမျှ ကရင်အမျိုသားတို့၏ ဘ၀အခြေအနေသည် တိုးတက်ဖွံ့ဖြိုးလာလိမ့်မည်မဟုတ်ဘဲ ကရင်အမျိုးသားတို့၏ ပိုင်ဆိုင်သော အချိန်နှင့် ငွေကြေးဥစ္စာတို့သည် လောင်းကစားဝိုင်းတို့၏ ဆွဲခေါ်ရာနောက်သို့ လိုက်ကာနစ်မြုပ်ပြီး ဆုံးရှူံးပျက်စီး မှုများနှင့် ကြုံရသော်လည်း လောင်းကစားဝိုင်းတို့၏ ကျွန်များသဖွယ် ဖြစ်ကာ စွန့်လွတ်ဖြတ်တောက်နိုင်ခြင်းမရှိတော့ဘဲ လိုအပ်ချက်တစ်ခုလို ဖြစ်လာနိုင်ပြီး ကရင်အမျိုးသားတို့၏ တော်လှန်ရေးနေ့ တွေလို စသည့် နေ့ထူးနေ့ရက်များနှင့် လောင်းကစားဝိုင်းစသည်တို့သည် အတူယှဉ်တွဲကာ ခွဲမရသော လင်မယားများကဲ့သို့ ဖြစ်လာတော့မည့် အခြေအနေကို ရောက်ရှိလာနိုင်ပြီး ကရင်အမျိုးသားတို့၏ အကျင့်စာရိတ္တများ ပျက်စီးယိုယွင်းလာနိုင်ပြီး ကရင်တော်လှန်ရေး နှင့် အမျိုးသားရေး လူမှုရေးတို့ကို များစွာ ထိခိုက်လာနိုင်သည်။ ထိုသို့အခြေအနေများဖြစ်ပေါ်လာလျှင် ကရင်တော်လှန်ရေးကြီးသည် ကရင်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ကိုယ်ပိုင်ပြငှာန်းခွင့် ၊ တန်းတူအခွင့်အရေး ရရှိရေးဟူသော ပန်းတိုင်ကို ရောက်အောင်မသွားနိုင်ဘဲ ဘီးချော်ပြီး ချောက်ထဲသို့ ကျရောက်နိုင်သော အခြေအနေမျိုးနှင့် ကြုံတွေ့လာနိုင်သည်။ 


ထိုကဲ့သို့ အခြေအနေမျိုး နဲ့ မကြုံတွေ့စေရန် ကရင်ပြည်သူများကိုယ်စားပြုထားသော ကရင်အမျိုသားများတို့၏ ဘ၀အခြေအနေတို့ကို အာမခံချက်များရှိပြီး တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်မည်ဟု ပြောဆိုကာ နေရာယူထားသော KNU ခေါင်းဆောင်ကြီးများ အပေါ်တွင် တာဝန်အရှိဆုံးဖြစ်သည်ဟု ထင်မြင်ပါသည်။ လက်ရှိ အခြေအနေတွင် KNU သည် မြန်မာအစိုးရနှင့်အပစ်အခက်ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားကာ ဒေသဖွံ့ဖြိုးရေး နဲ့ ကရင်အမျိုးသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး တို့ကိုမြှင့်တင်ဖို့ ကြိုးစားနေသည်ဟု လည်းကြားသိရပါသည်၊၊ လက်ရှိအခြေအနေကို ကြည့်လျှင် KNU ငြိမ်းချမ်းရေးယူထားသည်မှာ မြန်မာအစိုးရနဲ့ဘဲ ငြိမ်းချမ်းရေးယူထားသည်သာဖြစ်သော်လည်း လောင်းကစားဝိုင်များနဲ့ပါ ငြိမ်းချမ်းရေးယူထားသလိုဖြစ်နေပြီး လူများ၏ အကျင့်စာရိတ္တကို ပျက်စီးစေနိုင်သည့် လောင်းကစားဝိုင်းများသည် KNU နယ်ြေိမများထဲတွင် ဥပဒေမဲ့ လွတ်လပ် ငြိမ်းချမ်းစွာ ကျင်လည် ကျက်စားနေပြီး ကရင်ပြည်သူတို့၏ ဘ၀ နှင့် အကျင့်စာရိတ္တကို ပျက်ပြားအောင် လိုက်လံ ဆွဲဆောင်နေတော့သည်။ လောင်းကစား အရက် မူးယစ်စေသော အရာစသည်တို့သည် လူတို့ကို ပျက်စီးအောင်ဖျက်ဖို့ အကောင်းဆုံး လက်နက်ပဲ မဟုတ်လား၊ KNUခေါင်းဆောင်များသည် ကရင်ပြည်သူတို့၏ ဘ၀ကို တိုးတက်အောင်မြှင့်တင်မည်ဟုဆိုကာ ထိုသို့အခြေအနေမျိုးဖြစ်နေပါလျှက်နဲ့ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လုပ်မည်ဟု ကြွေးကြော်ထားသော KNU ခေါင်းဆောင်များသည် လောင်းကစားဝိုင်းပိုင်ရှင်များနဲ့ပါ နားလည်မှုဖြင့် လာဘ်ပေးလာဘ်ယူမှုကို
လက်ခံပြီး လောင်းကစားဝိုင်းများနှင့် ပိုင်ရှင်များနဲ့ပါ ငြိမ်းချမ်းရေးယူပြီး လူတို့ကို ပျက်စီးအောင်ဖျက်ဆီးနိုင်သည့် လက်နက်ဖြစ်သည့် လောင်းကစားဝိုင်းများကို ယခုလို နေ့ထူးနေ့မြတ်ဖြစ်သော ကရင်တော်လှန်ရေးနေ့မျိုးတွင် လောင်းကစားဝိုင်းများကို ကျေကျေနပ်နပ် နှင့် လက်ခံပြီး ကရင်ပြည်သူတို့၏ အကျင့်စာရိတ္တ ပျက်စီးစေနိုင်သည့် အခြေအနေကို ရောက်အောင် တွန်းပို့နေသည်လား၊၊


ကရင်ပြည်သူတို့သည်လောင်းကစားဝိုင်းများတွင်ပျော်မွေ့ပြီး ဖြတ်တောက်မရတော့ပဲ ထမင်းစား ရေသောက်လို လိုအပ်ချက်တစ်ခုလိုဖြစ်လာလျှင် ကရင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက် အင်အားဆုတ်ယုတ်စေမှာ အမှန်ပဲဖြစ်ကြောင်း ကရင်တော်လှန်ရေးကို အားဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ပါသည်။


လောက

1/2/2013
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)