![]() |
| Desmond Tutu |
ဖေဖ်ာဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်စင်တာ၌ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ စာရေးဆရာများနှင့် တွေ့ဆုံရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အားလုံးကို ညီညီမျှမျှ လွတ်လပ်စေချင်တယ်။ အဲဒီအတွက် အားလုံးညီညွတ်မှ လွတ်လပ်မှုကို ရပါလိမ့်မယ်။ အဆုံးစွန် လွတ်လပ်မှုကို အတူတူ ရှာဖွေကြရပါမယ်" ဟု ပြောသည်။
၎င်းအနေဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးအနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း၊ အမြဲတမ်း တစ်ဦးကိုတစ်ဦး ကြောက်နေရပြီး ယုံကြည်မှု မရှိကြဘူးဆိုပါက မည်သည့်အခါမှ လိုအပ်သည့် ခရီးပန်းတိုင်ကို မရောက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် သည်းခံခြင်း တရားဖြင့် တည်ဆောက်ရန်လိုကြောင်း စသည်တို့ကိုလည်း ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒေါက်တာခင်မောင်ညိုက ပြောသည်။
"စည်းလုံးညီညွတ်မှု အကြောင်းကိုလည်း လက်ငါးချောင်းနဲ့ ဥပမာပေးပြီး တစ်ချောင်းစီဖြန့်ထားရင်တော့ သူများချိုးလို့ ရနိုင်တယ်။ ဆုပ်ထားမယ်ဆိုရင်တော့ မချိုးနိုင်ကြောင်းကို ဥပမာပေးခဲ့တယ်။ သူပြောတာ ဆိုတာတွေက အင်မတန် လိမ္မာပါးနပ်ပါတယ်" ဟု ဒေါက်တာခင်မောင်ညိုက ဆက်လက်ပြောသည်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် တောင်အာဖရိက နိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို တက်ကြွစွာလုပ်ဆောင်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိခဲ့သည်။
Source: http://www.news-eleven.com/local/18303
