ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းနိုင်ငံအခြေစိုက်
ကချင်တက်ကြွလှုပ်ရှားသူတချို့က ချင်းမိုင်မှာရှိတဲ့ တရုတ်နဲ့ အမေရိကန်
ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာအစိုးရတပ်ဖွဲ့တွေရဲ့
ကေအိုင်အေ အပေါ် တိုက်ခိုက်နေမှုကို ရပ်ဆိုင်း ရေးအကူအညီပေးဖို့
တောင်းဆိုခဲ့ပါတယ်။
ဒီမတိုင်ခင်က မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး က
မြန်မာပြည်မြောက်ပိုင်းက ကချင်ပဋိပက္ခအပေါ် အကြီးအကျယ် စိုးရိမ်ပူပန်ကြောင်း
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ ကေအိုင်အေဖက်က ရပ်တည်တာဆိုပြီး
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက အမေရိကန်သံရုံးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ပဋိပက္ခက တရုတ်နယ်စပ်အနီး၊ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတာပါ။
တရုပ်နယ်မြေထဲကို အမြောက်ဆံတွေ အ ဆက်မပြတ် ကျနေပါတယ်။ မြန်မာနိုင်ငံက
ကချင်တွေနဲ့ယူနန်ပြည်နယ်က ဂျင်းဖောတွေဟာ တကယ်တော့ တိုင်းရင်း
သားမျိုးနွယ်တူ အုပ်စုတခုထဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်ကလည်း
ဒီပဋိပက္ခနဲ့ ပတ်သက်ရင် လုံးဝစိုးရိမ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့အဝေးမှာ တည်ရှိနေတာ ဖြစ်ပေမဲ့လည်း
ဒီပဋိပက္ခနဲ့ပတ်သက်ရင် မျက်စိမှိတ် မနေပါဘူး။ မြန်မာနိုင်ငံဟာ
နိုင်ငံရေးအရ၊ စီးပွားရေးအရ အမေရိကန်ပြည်ထောင်စုနဲ့ မဝေးပါဘူး၊ တခါတရံ
ပီကင်းအ စိုးရထက်တောင်မှ ပိုနီးပါသေးတယ်။
ဒါကို အမေရိကန်ပြည်ထောင်စုက ၀င်ရောက်စွက် ဖက်ဖို့တောင်းဆိုတဲ့
ကချင်တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆို ချက်မှာ တွေ့မြင်နိုင်ပါတယ်။
အမေရိန်ကန်ပြည်ထောင်စုက အဝေးမှာ ရှိနေတာတောင်မှ သူတို့ဟာ အမေရိကန်ဆီက
အကူအညီရဖို့ အားကိုးနေတုန်းပဲ ရှိပါတယ်။ ဒါက ကမ္ဘာ့ဇတ်ခုံပေါ် မှာ
သူ့ရဲ့အခန်းကဏ္ဍ တိုး တက်မြင့်မားလာနေတဲ့ သူတို့အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့
တရုတ်ပြည်ကို စိတ်ကသိကအောက် ဖြစ်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အခုထိ ဒေသတွင်းနိုင်ငံရေး၊
စီးပွားရေးအခြေအနေတွေအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ အင် အားလွန်နိုင်ငံကြီး
ဖြစ်နေတုန်းပဲဆိုတာ ကချင်တက်ကြွလှုပ်ရှားသူတွေ သိပါတယ်။
ဒီအချိန်အတောအတွင်းမှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပဋိပက္ခတွေ
ဖြေရှင်းရေးမှာ တရုတ်ပြည်က ရာနှုန်းပြည့် အ ပြည့်အဝ
ပါဝင်ဆောင်ရွက်တာမလုပ်ခဲ့ဘူး။တရုတ်ပြည်မူဝါဒတွေရဲ့ အကန့်အသတ်တွေနဲ့
ပဋိပက္ခဖြေ ရှင်းရေးမှာ အောင်မြင်မှုတွေမရတာ
ကာလအတော်ကြာပြီဖြစ်တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုက ဒီလိုပဋိပက္ခတွေ
ဖြေရှင်းရာမှာ သြဇာအရှိန်အ၀ါ ပိုပြီး ရလာပါတယ်။
အာရှဆိုင်ရာ အမေရိကန်ပြည်ထောင်စုမဏ္ဍိုင်ရဲ့ရည်ရွယ်ချက်က
တရုတ်ပြည်အင်အားကြီးမားလာတာကို ထိန်းညှိဖို့ ဖြစ်ပါတယ်။ အလားတူပဲ
တရုတ်ပြည်ကလည်း ဒေသတွင်းမှာ အမေရိကန်ရဲ့သြဇာလွှမ်းမိုးမှုကို ဘယ်လို
ရင်ဆိုင်မလဲ ဆိုတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။
“အာရှနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ပြန်လည်ထိန်းညှိရေးလုပ်ရပ်ဟာ ရန်လိုတာ
မဖြစ်သင့်ပါဘူး” လို့ အမေရိကန်နိုင်ငံ ရေးသိပ္ပံပညာရှင် ဂျိုးဇက်နိုင်း က
မကြာသေးခင်က နယူးယောက်တိုင်းမဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ ကျနော့်အမြင်တော့
တရုတ်ပြည်က ပိုပြီးရန်မူဖို့လိုတယ်လို့ မြင်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်
အခြေအနေတွေက လုံးဝဟန်ချက်ညီမှာ မ ဟုတ်ပါဘူး။
အခုထိ တရုတ်ပြည်က ကချင်ပဋိပက္ခ အဖြေရှာရရေးကို လုံလုံလောက်လောက်
တိုးမြှင့်လုပ်ဆောင်တာ မရှိပါဘူး။ ဒေ သတွင်း
ငြိမ်းချမ်းရေးပုံဖော်ရေးနဲ့ထိန်းသိမ်းရေးမှာ မဏ္ဍိုင်ကျတဲ့ အခန်းကဏ္ဍကို
ရယူဖို့ ပျက်ကွက်နေပါတယ်။ ဒါက အ မေရိကန်ပြည်ထောင်စုအတွက်
အတိတ်ကပဋိပက္ခတွေအသုံးချပြီး ဒေသတွင်းတင်းမာမှု တွေ ဖန်တီးဖို့ အခွင့်အလမ်း
ပေးနေတာ ဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲရဲ့အကျိုးသက်ရောက်မှုတွေဟာ အရှေ့ တောင်အာရှမှာ
မှေးမှိန်နေပါပြီ။ ဒါပေမဲ့ ဒါတွေဟာ နဂိုအနေ အထားတွေအတိုင်း ဆက်ပြီး
တည်ရှိနေတုန်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တစ်ခါတစ်ရံ စစ်အေးကာလ
စိတ်နေစိတ်ထားတွေနဲ့ ဒေသတွင်း အရေးကိစ္စကို ဖြေရှင်းနေယုံမက တချို့
အရှေ့တောင်အာရှ နိုင်ငံတွေကလည်း စစ် အေးတိုက်ပွဲက ချန်ထားခဲ့တဲ့
အလေ့အထတခုဖြစ်တဲ့ သူတို့ကိုယ်ပိုင်ကျိုးစီးပွားအတွက် အမေရိကန်ကိုပဲ
အားကိုးနေကြ ပါတယ်။
ဒေသတွင်းအရေးကိစ္စတွေဖြေရှင်းမှုအရ တရုတ်ပြည်က အမေရိကန်ပြည်ထောင်စုကို
ထိန်းညှိနိုင်မယ့် အတိုင်းအတာ ပမာဏဟာ ဒေသတွင်းက
အတွင်းပိုင်းပြဿနာတွေဖြေရှင်းရာမှာနဲ့ဒေသတွင်းတင်းမာမှုတွေ လျော့ပါးအောင်
လုပ်ရာမှာ ပါဝင်နိုင်မယ့်အခန်းကဏ္ဍရဲ့ကြီးမားမှုအပေါ် တစိတ်တပိုင်း
မူတည်နေပါတယ်။
တရုတ်ပြည်က မျှော်လင့်သလို ဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့သြဇာအာဏာက
တရုတ်ပြည်ရဲ့ အခန်းကဏ္ဍ ကို ခြိမ်းခြောက်မှာ မဟုတ်ဘူးဆိုရင်
တရုတ်ပြည်ကိုထိန်းချုပ်ရေးဆိုတဲ့တချို့ ထင်ယောင်ထင်မှား ဖြစ်မှုတွေကို
ဖယ်ရှား ပစ်နိုင်တယ်ဆိုရင် တရုတ်ပြည်ဟာ မြန်မာပြည်မြောက်ပိုင်းကလို
ပြဿနာတွေကို ပိုပြီးအပြုသဘောဆောင်တဲ့ သဘော ထားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တရုတ်ပြည်က ဒါကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုနှစ်ခုကို
ရင်ဆိုင်နေရပါတယ်။ တခုက ဒေသတွင်း တည်ငြိမ်ရေး အတွက် မြန်မာပြည်က ပြဿနာလို
ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဘယ်လောက် ထိထိရောက်ရောက် မြန်
နိုင်သမျှ မြန်မြန် ဖြေရှင်းနိုင်မလဲ။ နောက်တခုက
အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်း မလဲ
ဆိုတာပါပဲ။ အမေရိကန်ပြည်ထောင်စုကတော့ အရှေ့တောင်အာရှဒေသမှာ အဓိက အခန်းက
ဦးဆောင်နေတုန်း ဖြစ်ပြီး သူထောက်ခံပြောဆိုနေတဲ့အယူအဆက ဒေသတွင်းမှာ
အားကောင်းတဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။
တရုတ်ပြည်ဟာ သူ့ရဲ့သြဇာတိုးချဲ့ဖို့နဲ့
အမေရိကန်ပြည်ထောင်စုရဲ့သြဇာလွှမ်းမိုးမှုက ဒေသတွင်းမှာ ထိုးဖောက် ၀င်
ရောက်ပြီးနောက်မှာတောင်မှ
အမေရိကန်ပြည်ထောင်စုနဲ့တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်တာ မလုပ်ဖို့
လေ့လာရပါမယ်။
တရုတ်ပြည်ဟာ အရှေ့တောင်အာရှဒေသမှာ ဖွံ့ဖြိုးရေး၊
တည်ငြိမ်ရေးနဲ့လုံခြုံရေး ကိစ္စတွေမှာ သူ့ရဲ့အင်အားကို ပြနိုင် လေလေ၊
အမေရိကန်ပြည်ထောင်စုနဲ့ တန်းတူရပ်တည်နိုင်ရေးကို လုပ်ဆောင်ဖို့
ပိုပြီးယုံကြည်မှု ရှိလာလေလေ ဖြစ်ပြီး အာရှနိုင်ငံတွေက
တရုတ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကနေ ပိုပြီး အကျိုးအမြတ် ရယူနိုင်လေလေ
ဖြစ်မှာပါ။
(မူရင်းစာရေးဆရာဟာ တရုတ်ပြည် ပြည်သူ့နေ့စဉ် သတင်းစာကြီးက အကြီးတန်း အယ်ဒီတာတဦးဖြစ်ပါတယ်။ အခါ ဘန်ကောက်မှာ နေပါတယ်။)
(၃၀ ရက် ဇန်န၀ါရီ၊ ၂၀၁၃ခုနှစ်ထုတ် Global Times အလတ်စားသတင်းစာမှာ ပါတဲ့
စာရေးဆရာ Ding Gang ရဲ့ China needs stronger role in Kachin conflict
ဆောင်းပါးကို ဘာသာပြန်ပါတယ်)
မောင်တင့်တယ်
Source: http://www.naytthit.net/?p=32259