March 12, 2013
![]() |
| သူတောင်းစားသန်းရွှေ |
ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ(ငြိမ်း)အပါအ၀င် ခေါင်းဆောင်ပိုင်းအချို့ကို ထိုစဉ်က နိုင်ငံရေးအကျဉ်းသား များအပေါ် နှိပ်စက်ခဲ့မှုများနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ဆိုကာ တရားစွဲဆိုမှု ပြုလုပ်သွား မည်ဟူသောကိစ္စနှင့်ပတ်သက်၍ ယင်းကိစ္စမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုံးဝမဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါ အ၀င် ယခင်တပ်မတော်ခေါင်း ဆောင်အချို့နှင့် နီးစပ်သော လက်ရှိပါ တီကြီးတစ်ခု၏ တာဝန်ရှိပုဂိ္ဂုလ်အချို့ကကာကွယ် ပြောဆိုလိုက်သည်။
““လက်ရှိနိုင်ငံတော်အစိုးရက အစ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို လေးစားလိုက်နာပါ မည်ဆိုပြီး ကတိပြုထားတာလေ။ ဒီထဲက ဘယ်အချက်ကိုမှ ကျော် လွန်လို့မရဘူး။ ခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ယခင်တပ် မတော်ခေါင်းဆောင်အချို့ကို တရားစွဲဖို့ နိုင်ငံရေးအကျဉ်းသား အချို့လုပ်နေတယ်လို့ သတင်း တွေမှာ တွေ့ရတယ်။ တရားစွဲ တာ၊ မစွဲတာကတော့ ဥပဒေ အတိုင်းသွားရမှာပဲလေ။ စွဲမယ့် သူမှာလည်း စွဲနိုင်တဲ့ အထောက် အထားအပြည့်အစုံတော့ ရှိဖို့ လိုတာပေါ့။ နောက်ပြီးတော့ ဒီ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး နိုင်ငံ တကာက ရှေ့နေတွေနဲ့လည်း တိုင်ပင်ထားတယ်လို့ သိရတယ်။ဒီနှစ်ချက်လုံးက ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း(၁)နိုင်ငံတော် အခြေခံမူ (၁)နဲ့ရော ပုဒ်မ (၄၄၅) နဲ့ရော မဖြစ်နိုင်ပါဘူး””ဟု အဆိုပါ ပုဂိ္ဂုလ်က Hot News သို့ ပြော ကြားသွားသည်။
ယင်းပုဂိ္ဂုလ်၏ ပြောကြား ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူ (၁)၌ နိုင်ငံတော်သည် အချုပ် အခြာပိုင်နိုင်ငံဖြစ်သည်ဟုဆိုထား သည့်အတွက် နိုင်ငံတော်၏ ပြည် တွင်းရေးအား မည်သည့်နိုင်ငံက မျှ စွက်ဖက်သည်ကို လက်မခံ ကြောင်း၊ ပုဒ်မ (၄၄၅)အရလည်း နိုင်ငံတော်သည် နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ အမိန့် ပြန်တမ်းများအားလည်းကောင်း၊ ယင်းတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်နှင့် ရပိုင်ခွင့်များကိုလည်း ကောင်း ဆက်ခံသည်၊ ယင်း အဖွဲ့သို့မဟုတ် အဖွဲ့၏ တစ်ဦးဦး (သို့)အစိုးရအဖွဲ့၏ တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက် အပေါ် အကြောင်းပြုလျက် ယင်းတို့အပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟူ၍ ဖော် ပြပါရှိထားသည်။
Source: http://www.hotnewsweekly.com/archives/18325
