Saturday, March 9, 2013

အကြမ်းဖက်လို့ရရင် နောက်ထပ်လည်းအကြမ်းဖက်မှာဆိုးလို့ သမ္မတကိုတရားစွဲ

Fri, Mar 8th, 2013 အင်တာဗျူး

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒပြနေသော လက်နက်မဲ့ပြည်သူများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့သည့် ကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးထံတွင် တာဝန်ရှိသည်ဖြစ်၍ ယင်းကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးမှ ယနေ့အချိန်အထိ ထိရောက်စွာ ဖြေရှင်းမပေးတဲ့အတွက် မကျေနပ်၍ ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လယ် ၁း၃၀ နာရီတွင် မ၀င်းဌေး (ဆည်တည်းရွာ)၊ မရီရီဝင်း (ဆည်တည်းရွာ)၊ ကိုဇော်နိုင် (မိုးကြိုးပြင်ရွာ) တို့မှ ဦးဆောင်ပြီး ရွာသူရွာသားများက ဆားလင်းကြီးမြို့နယ် တရားရုံးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ကိုတရားစွဲဆိုသည့်အထဲတွင် ပါဝင်သည့် ဆည်တည်းကျေးရွာသူ မရီရီဝင်းကို BurmaVJmedia မှ ဆက်သွယ်မေးမြန်းထားပါတယ်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)