March 9, 2013
၂၀၁၃ ခုနှစ်၊ ကရင်ပြည် နယ်အတွင်း လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီဌာနမှ ဆောင်ရွက်လျက်ရှိ သည့် ဒေသတွင်း ကွင်းဆင်း မြေပုံရေးဆွဲခြင်း ရင်ငြိမ်းပန်း စီမံ ချက်ကို KNU အဖွဲ့တစ်ချို့က ပူးပေါင်းပါဝင်မှုမရှိသောကြောင့် အခက်အခဲရှိခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ (၁၅)ရက်မှ သြဂုတ်လ (၂)ရက် အထိ၊ ဒီဇင်ဘာလ(၂)ရက်မှ ဒီဇင်ဘာ (၃၁)ရက်အထိ နှစ် ကြိမ်၊ ပြည်နယ် လ.၀.ကမှ NRC အဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံ သားစိစစ်ရေးကတ်ပြားများ၊ အိမ် ထောင်စုလူဦးရေစာရင်းများကို မိုးပွင့်စီမံချက်(၄)ဖြင့် ကွင်းဆင်း ဆောင်ရွက် အခမဲ့နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ရာ ဒေသခံ KNU အဖွဲ့များမှ လုံခြုံရေးတာဝန်များ ပူးပေါင်းကူညီပေးခဲ့သဖြင့်စီမံချက်လုပ်ငန်းများအဆင်ပြေချော မွေ့ခဲ့ရကြောင်း၊ ဝေးလံခက်ခဲ သော
ဒေသခံပြည်သူများမှာလဲ နိုင်ငံသားကတ်များ၊ အိမ်ထောင် စုလူဦးရေစာရင်းများ အလွယ် တကူရရှိကြသဖြင့် ၀မ်းသာကျေ နပ်ခဲ့ကြကြောင်း သိရသည်။
ယခု ၂၀၁၃ ခုနှစ်တွင် ရင်ငြိမ်းပန်းစီမံချက်ဖြင့် ဒေသ တွင်း မြေပုံများ ရေးဆွဲပြုလုပ် ခြင်းလုပ်ငန်းတာဝန်များကို ထမ်း ဆောင်လျက်ရှိကြရာ ကရင်ပြည် နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ အတွင်းဒေသတစ်ချို့နှင့် ဖာပွန် မြို့နယ်အတွင်း ဒေသတစ်ချို့တွင် KNU အဖွဲ့၏ သဘောတူညီမှု မရရှိသဖြင့် မြေပုံရေးဆွဲနိုင်ခြင်း မရှိကြောင်း သက်ဆိုင်ရာဝန်ထမ်း များထံမှ သတင်းရရှိသည်။
ဖာပွန်မြို့နယ်အတွင်း၌ မြို့ ပေါ်ရပ်ကွက်(၄)ခုနှင့် မဲသလွတ် ကျေးရွာ၊ တံခွန်တိုင်၊ ကူးဆိပ်၊ မထော၊ ဝေမှုန်၊ ဝေဆန် စသော ကျေးရွာများ၌ မြေပုံရေးဆွဲ၍ အဆင်ပြေသော်လည်းဒေါပုတ်၊ ပန်းဟိုက်၊ ဘွားဒိုး၊ မင်းနန်းနွယ်၊ ကျွန်းပင်၊ နာကိုထ၊ ၀ါမိဒေး၊ မဲဝိုင် အုပ်စု(၁၂)ရွာ၊ ခလလ်အုဒဲ စသော ရွာများ၌ မြေပုံရေးဆွဲ ခြင်း မပြုနိုင်ဘဲရှိကြောင်း ရင် ငြိမ်းပန်းစီမံချက်တွင်ပါဝင်သည့် ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။
ယခင် မိုးပွင့်စီမံချက်များ တွင် KNU အဖွဲ့၏ ပူးပေါင်း ကူညီမှုကိုရခဲ့သဖြင့် အများဒေသ ခံတို့နှင့်တကွ လ.၀.က၀န်ထမ်း များပါ အဆင်ပြေချောမွေ့ခဲ့ကြ သော်လည်း ယခုမြေပုံရေးဆွဲ ပြုစုရာတွင် ရင်ငြိမ်းပန်းစီမံချက် ၌ KNU အဖွဲ့တစ်ချို့၏ ပူးပေါင်း ပါဝင်မှုမရခဲ့သဖြင့် အခက်အခဲ ရှိခဲ့ရကြောင်း ယင်းဝန်ထမ်းမှ ဆက်လက်ပြောကြားသည်။
ပွင့်ဆန်း(ပုပ္ပား)
Source:
http://www.hotnewsweekly.com/archives/18163