Thursday, August 15, 2013

လက်ပံတောင်း အမျိုးသမီး ၉ဦး ပြန်လွှတ် ဒေါ်နော်အုန်းလှ ကို အာမခံမပေး

2013-08-14

မနေ့က ခွင့်ပြုချက်မရှိပဲ ဆန္ဒပြဖော်ထုတ်ခဲ့ကြလို့ ဖမ်းဆီးခံထားရတဲ့ ဒေါ်နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁ဝ ဦးမှာ ဒေသခံအမျိုးသမီး ၉ ဦးကို ကိုယ်ပိုင်ခံဝန် ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါ်နော်အုန်းလှကိုတော့ အာမခံမပေးဘူးလို့ သိရပါတယ်။
ဒေါ်နော်အုန်းလှကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနေ့မှာတော့ ပုဒ်မ ၅ဝ၅ (ခ)နဲ့ တရားစွဲဆိုခဲ့တယ်လို့ မုံရွာခရိုင် ဒုရဲမှူးကြီး ဦးတင်ထွန်းက RFAကို အခုလိုပြောပါတယ်။
“ဒေါ်နော်အုန်းလှအပါ ၁ဝ ဦးပေါ့နော်၊ စီတန်းပုဒ်မ ၁၈ နဲ့ အရေးယူတယ်၊ အဲဒီပုဒ်မက ခံဝန်ပေးတဲ့ပုဒ်မဖြစ်တဲ့အတွက် သူတို့တွေကို ကိုယ်တိုင်ခံဝန်နဲ့ ပြန်လွှတ်တယ်၊ ဒေါ်နော်အုန်းလှ က အေးချမ်းတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် လူတစ်စုကို ဥပဒေကိုကျုးလွန်ချင်အောင် သွေးထိုးလှုံ့ဆော်တဲ့အတွက်ကြောင့် သူ့ကိုပုဒ်မ ၅ဝ၅(ခ)နဲ့ မနေ့ကအမှုဖွင့်တယ်၊ (ခ)အရ သူ့ကို တရားသူကြီးဆီက ချုပ်ခွင့်ရမန်ယူပါတယ်၊ ပြီးတော့ သူ့ကို မုံရွာအကျဉ်းထောင်မှာ ချုပ်ထားတယ်၊ ဒီနေ့ တရားစွဲပါတယ်” ဒေါ်နော်အုန်းလှဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥဒေ ပြင်ဆင်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးစတဲ့ အချက်အပါအဝင် အချက် ၄ ချက်ကို တစ်ကိုယ်တော် ဆန္ဒပြဖို့အတွက် စာတင်ခွင့်တောင်းခဲ့ရာမှာ ငြင်းပယ်ခံရပါတယ်။
ဒေသခံအမျိုးသမီးတွေကတော့ ဆည်တဲရွာ၊ တုံရွာ၊ မိုးကြိုးပြင်ရွာကဖြစ်ပြီး သူတို့ကိုတော့ လာမယ့် ၁၇ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းချိန်းလိုက်ပြီး ပျက်ကွက်ရင်တစ်ဦးကို ဒါဏ်ငွေတစ်သိန်းစီ ပေးဆောင်ရမယ်ဆိုပြီး အသိပေး ထားကြောင်း သိရပါတယ်။

Source: http://www.rfa.org/burmese/news/release-latpadaung-people-nawohnhla-no-grant-08142013105651.html

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)