နော်အုန်းလှ နှင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများအား
ချက်ချင်းလွှတ်ပေးရန်နှင့်
မြန်မာနိုင်ငံတစ်ဝှမ်း
အမျိုးသမီးတက်ကြွလှုပ်ရှားသူများအပေါ်
တရားရေးဆိုင်ရာနှောက်ယှက်မှုများ
ရပ်တန့်ပေးရန်
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်မှတောင်းဆိုခြင်း
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်,
စက်တင်ဘာလ (၁) ရက်နေ့  ၂၀၁၃ ခုနှစ်။
၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က
စစ်ကိုင်းတိုင်းမုံရွာမြို့တွင်
လက်ပံတောင်းကြေးနီစီမံကိန်းအား
ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော် ထုတ်မှုအပြီး ဖမ်းဆီးခံခဲ့ရသော နော်အုန်းလှအပါအ၀င် အခြားအမျိုးသမီးကိုးဦးအား
ချက်ချင်း လွှတ်ပေးရန် အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်
(Women’s Initiative Network for Peace , WIN-Peace) က
တောင်းဆိုပါသည်။ ထို့ပြင်အမျိုးသမီးအဖွဲ့များကွန်ယက် (မြန်မာ) အဖွဲ့ဝင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Wimutti Volunteer Group ၏ ဦးဆောင်သူ ဒေါ်ခင်မိမိခိုင်၊ နှင့်
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက် ၏အဖွဲ့ဝင်တစ်ခုဖြစ်သော Mettila Social Support Team မိတ္ထီလာလူမှုအကျိုးဆောင်ကွန်ယက် ဦးဆောင်သူ ဒေါ်မြင့်မြင့်အေးတို့အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်း အမျိုးသမီးများအပေါ် တရားရေးဆိုင်ရာအနှောက်အယှက်ပေးမှုများအား ရပ်တန့်ရန် တောင်းဆိုပါသည်။
၂၀၁၃ သြဂုတ်လ ၂၉
ရက်နေ့တွင် နော်အုန်းလှအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အရ နိုင်ငံတော်တည်ငြိမ်ရေးကို နှောက်ယှက်မှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်
ချမှတ်ခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ ပုဒ်မ ၁၈
ကို ချိုးဖောက်၍ ခွင့်ပြုချက်မရပဲဆန္ဒဖော်ထုတ်ခဲ့မှုဖြင်ံ ထပ်မံအရေးယူခံရဦးမည်ဖြစ်သည်။ အမှန်စင်စစ် နော်အုန်းလှသည် တရားဝင်ဆန္ဒဖော်ထုတ်ခွင့်ရရှိရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ လက်ရှိအချိန်တွင်
နော်အုန်းလှနှင့် အခြားတက်ကြွလှုပ်ရှားသူများကို မုံရွာမြို့ အမှတ် (၁)
ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပါသည်။ ရွာသားပေါင်း ၆၀ ခန့်သည်
ရဲစခန်းရှေ့တွင်ထိုင်၍ အဆိုပါ ဖမ်းဆီးချုပ်နှောင်မှုများအပေါ် ဆန့်ကျင်ဆန္ဒပြလျက် ရှိကြသည်။ နော်အုန်းလှသည် “တရားရေးစနစ်ကို အယုံအကြည်မရှိသောကြောင့်” တရားရုံးအမိန့်ချမှတ်ချိန်တွင် တက်ရောက်ခဲ့ခြင်းမရှိပါ။
၂၀၁၃
ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့နှစ်ဦးသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်က
မိမိစိုက်ပျိုးမြေများ မြန်မာစစ်တပ်၏ သိမ်းဆည်းခြင်းခံခဲ့ရသော လယ်သမားများကို ထောက်ခံမှုပြသရန် ပဲခူးတိုင်း ပဲမခမ်းရွာသို့ သွားရောက်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်မှုအပြီး နောက်တစ်ရက်တွင် ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒေသခံ အာဏာပိုင်ခေါင်းဆောင်နှင့် တွေ့ဆုံရန် ဆင့်ခေါ်ခံခဲ့ရပြီး သွားရောက်တွေ့ဆုံသောအခါ ရဲများက ၎င်းတို့ကိုဖမ်းဆီးပြီး နတ်တလင်းတရားရုံးသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့သည် တရားမ၀င်အသင်းအဖွဲ့ တွင် ပါဝင်ပြီး အသင်းအဖွဲ့ဝင်များ စုဆောင်းနေသည်ဟု မဟုတ်မမှန် စွပ်စွဲခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် မိမိ၏ လူမှုကွန်ယက်ကို အစိုးရထံ မှတ်ပုံတင်ထားခြင်းမရှိဟူ၍ အသင်းအဖွဲ့များဖွဲ့စည်းမှုဆိုင်ရာ ၁၉၈၈ ဥပဒေ အပိုဒ် ၆ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ၎င်းတို့ကို အာမခံဖြင့်ထုတ်ပေးရန် ပိတ်ပင်ခဲ့ပြီး ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဒေါ်ခင်မိမိခိုင်မှာ သွေးတိုးရောဂါဝေဒနာသည်တစ်ဦးဖြစ်ပြီး ဒေါ်မြင့်မြင့်အေးမှာ ယမန်နှစ်တွင် အသေးစားလေဖြတ်ခြင်းဝေဒနာ ခံစားခဲ့ရသူတစ်ဦးဖြစ်သောကြောင့် မိသားစုဝင်များက ၎င်းတို့၏ကျန်းမာရေးအတွက် စိုးရိမ်ပူပန်လျက်ရှိကြသည်။ ၎င်းတို့ကို နတ်တလင်းတရားရုံးတွင် ဆက်လက်စစ်ဆေးနေလျက်ရှိသည်။
“မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့ ငြိမ်းချက်စွာဆန္ဒထုတ်ဖော်သူတွေ အပေါ် အကြမ်းဖက်မှုနဲ့ တရားရေးဆိုင်ရာနှောက်ယှက်မှုပြုတဲ့ အခြေအနေတွေ ကျမတို့ အများကြီးတွေ့နေရပါတယ်။ ဒါဟာ တကယ်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်။ ကိုယ့်လူထုအသိုင်းအ၀ိုင်းရဲ့ အခွင့်အရေးကိုကာကွယ်ဖို့ အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကနေ တာဝန်ယူတာဟာ မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့ အဲလိုဦးဆောင်နိုင်ဖို့ နေရာပေးရပါမယ်။” ဟု စူစင်နာလှလှစိုး
၊ အမျိုးသမီးအဖွဲ့ များကွန်ယက်ဦးဆောင်သူ ကပြောသည်။
ပြုပြင်ပြောင်းလဲရေးအကြောင်း သမ္မတဦးသိန်းစိန်က မည်မျှပြောနေစေကာမူ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များထဲတွင်
အမျိုးသမီးတက်ကြွလှုပ်ရှားသူများအပါအ၀င်
ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ
ကျန်ရှိနေဆဲဖြစ်ကာ လစဉ်နှင့်အမျှ ထပ်မံဖမ်းဆီးမှုများရှိနေပြီး
၎င်းတို့ကိုဖမ်းဆီးရာတွင်အသုံးပြုသည့်
ဖိနှိပ်ချုပ်ချယ်သောဥပဒေများလည်း
ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
အနေဖြင့် ဤကိစ္စများကို ၎င်းတို့၏လုပ်ငန်းများထဲတွင်
ထည့်သွင်းပြီး ဤအမျိုးသမီးများအပေါ် တရားရေးဆိုင်ရာအနှောက်အယှက်ပြုနေမှုများကို
ချက်ချင်းစုံစမ်းဖော်ထုတ်ရန် တိုက်တွန်း ပါသည်။
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်
အနေဖြင့် နော်အုန်းလှနှင့် မုံရွာတွင် အဖမ်းခံခဲ့ရသော အခြားဆန္ဒထုတ်ဖော် သူကိုးဦးတို့အပြင် ဒေါ်ခင်မိမိခိုင်နှင့်
ဒေါ်မြင့်မြင့်အေးအပါအ၀င်
မကြာသေးခင်ကဖမ်းဆီးခံထားရသော
အခြားအမျိုးသမီး တက်ကြွလှုပ်ရှားသူများကို
ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတော်အစိုးရကို
တိုက်တွန်းနှိုးဆော်ပါသည်။
ထို့ပြင်
ငြိမ်းချမ်းစွာစုဝေးခွင့်ပေးခြင်းသည်
လူ့အခွင့်အရေး အတွက်အရေးကြီးကြောင်း
အထူးတင်ပြလိုပါသည်။
နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ
လမ်းညွှန်ချက်များကို ရေးဆွဲခဲ့ပြီး ၎င်းလမ်းညွှန်ချက်စာတမ်းအရ
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ
အန္တရာယ်နှင့်ကြုံတွေ့ပါက
ကြားဝင်ဖြေရှင်းနိုင်စွမ်းရှိသည့်
ဥရောပသမဂ္ဂအား ဤအမျိုးသမီးတက်ကြွလှုပ်ရှားသူများ
တန်ဖိုးရှိလူ့အခွင့်အရေးလုပ်ငန်း
များ ဆက်လက်လုပ်ဆောင်နိုင်ရန်
၎င်းတို့ကို မိမိတတ်နိုင်သမျှအရေးယူဆောင်ရွက်မှုများဖြင့်
အားပေးကူညီရန် အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်
က တောင်းဆိုပါသည်။
ဆက်သွယ်ရန်
မသနœာ - ၀၉-၇၃၀၂၁၀၂၅၊ ၀၉-၄၂၀၀၅၅၅၂၆၊ ၀၉ ၅၀၂၅၀၁၆, ၀၉ ၀၉၅၀၂၅၀၁၆ Email : winpeace2013@gmail.com
The Women’s Initiative
Network for Peace (WIN-Peace) Calls for the Immediate Release of Naw Ohn Hla
and Other Women Activists at Monywa, and for an End to Judicial Harassment of
Women Activists around Myanmar
By The
Women’s Initiative Network for Peace (WIN-Peace), September 1, 2013
The Women’s Initiative Network for Peace (WIN-Peace) calls
for the immediate release of Naw Ohn Hla and nine other women who were arrested
following a peaceful protest against the Letpadaung copper mine in Monywa,
Sagaing Region, on 13 August 2013.
WIN-Peace also calls for an end to the judicial harassment of women
activists around Myanmar, including Daw Khin Mi Mi Khaing, head of the women’s right organization Wimutti
Volunteer Group, a member of the Women Organization Network (WON), and Daw Myint
Myint Aye, head of the organization Mettila
social support team – a member of WIN-Peace.
Naw
Ohn Hla, a leading woman activist from Yangon and former member of the National
League for Democracy (NLD), and over 50 local villagers gathered in Monywa to
call for the suspension of the controversial Chinese-backed Letpadaung copper
mine and to amend the 2008 Constitution, and were surrounded by several hundred
police. After a tense stand-off, police
moved in to arrest Naw Ohn Hla and other protest leaders, pulling them into the
back of police trucks. Naw Ohn Hla was
seized so violently that her clothing was partially pulled off.
On
29 August 2013, Naw Ohn Hla was found guilty of disturbing public tranquility
under Section 505(b) of the Myanmar Penal Code and sentenced to two years in
prison with hard labor. She remains to
be tried under Section 18 of the Peaceful Assembly and Peaceful Procession Law
for allegedly holding a protest without permission. She had in fact requested official permission
prior to the protest, but was refused. Naw Ohn Hla and the other activists are
currently being held in Monywa No. 1 police station. About 60 villagers have been staging a sit-in
next to the police station in protest at the arrests. Naw Ohn Hla did not appear in court to hear
the verdict because “she does not have
faith in the judicial system”.
On
10 June 2013 Daw Khin Mi Mi Khaing and Daw Myint Myint Aye visited Pae Ma
Khan Village in Bago Division to show their support to farmers who ploughed land
that had been confiscated by the Myanmar Army almost two decades ago. The day after the demonstration, they were
asked to meet the head of the local authority from Nattalin Township in Bago
Division. On their arrival, they were
arrested and taken to Nattalin Court by the police.
Daw
Khin Mi Mi Khaing and Daw Myint Myint Aye were falsely accused of participating
in illegal associations, and recruiting new members into their associations. They were charged under Section 6 of the 1988
Law Relating to Forming of Organizations for failing to register their social
networks with the government of Myanmar.
They were denied bail and sent to Paungde Prison. Family members are worried about their health
because Daw Khin Mi Mi Khaing has suffered from hypertension and Daw Myint
Myint Aye suffered from a mild stroke last year. Their trials continue at
Nattalin Court.
“We
are seeing a series of instances of judicial harassment and violence against
women human rights defenders and peaceful protestors all around Myanmar, which
is very disappointing and disheartening. It is vital that women play a front line role
in defending the rights of their communities, and the Myanmar authorities must
allow them the space to do so,” said Susanna Hla Hla Soe, head of Women
Organization Network of Myanmar.
Despite
talk of reform from President Thein Sein, there are still hundreds of political
prisoners in Myanmar’s jails – including many women activists – with more
arrested each month and the repressive laws that put them in prison remaining
in place. The Myanmar National Human
Rights Commission should put this issue on their agenda and investigate the
judicial harassment of these women activists without delay.
WIN-Peace
urges the government of Myanmar to immediately and unconditionally release Naw
Ohn Hla and the other nine protesters arrested in Monywa, as well as all other women
activists recently detained, including Daw Khin Mi Mi Khaing and Daw Myint
Myint Aye, and stresses the importance of allowing women their right to
peaceful assembly.
WIN-Peace
also calls upon the international community – and in particular the European
Union (EU), which has devised a set of guidelines on human rights defenders
(HRDs) that provide for intervention by the EU when HRDs are at risk – to take
whatever action it can to support and assist these women activists, so that
they can continue their valuable human rights work.
Contact Persons:
Ma Thanda – +95 9 730210 25, +95 9 420055526, +95 9
5025016, +95 9 49231540
Email: winpeace2013@gmail.com


