လက်ရှိ KNU ခေါင်းဆောင်များအား
အသိပေး အကြံပြု့ ခြင်း
ကော်ကစာ


၁၉၇၀ ခုနှစ် ရန်ကုန် ခ၀ဲခြံ ကရင်နှစ်သစ်ကူးပွဲတော်မှပျော်ရွှင်စွာ
ကခုံနေကြသော ကရင်ခလေးများ
ကရင်အမျိုးသားများ
တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အတွက်တောင်းဆို တိုက်ပွဲဝင်ကြရာတွင်၊
ကရင့်ခေါင်းစောင်များ နှင့် ကရင်လူထု အမြောက်အများ အသက်ပေး စတေးခံသွားကြသည်။ ဒါပေမဲ့
ကရင်အမျိုးသားများ ဟာ ယနေ့ ကာလအထိ ဆက်လက်လှုပ်ရှားတောင်းဆိုနေဆဲပင်ရှိနေသည်။ KNA – BKNA – KCO – KYO
စသော ကရင့် အဖွဲ့ အစည်းများတို့ သည် ပြန်လည်ပေါင်းစည်း၍ ဖြစ်ပေါ်လာသော KNU ကရင်အမျိုးသားကစည်းအရုံးသည်၊
ယင်းတာဝန် လုပ်ငန်းများကို ခေတ်အဆက်ဆက် လက်ပြောင်းတာဝန်ယူ လုပ်ဆောင်ခဲ့ကြလေသည်။
သို့ သော်
- - - (၁၅) ကြိမ်မြောက် KNU
ညီလာခံတွင်ရွေးကောက်တင်မြှောက်လိုက်သော KNU ဗဟိုကော်မတီ
တချို့ မှာမူ - - - မဟာ သံသယများဖြင့် ကရင်လူထု ကြိမ်မီးအုံးသလို အတွင်းမှာ ရင်လှိုက်
အသဲလှိုက် အပူများခံစားနေရသည်။ (၁၅) ကြိမ်မြောက် KNU ဗဟိုကော်မတီ
ရွေး ကောက်ပွဲ၏ အကျည်းတန်ဆုံး အချက်မှာ၊ ရွေးကောက်ပွဲ မဲလိမ်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီသည်၊
ဗျောင်ကြကြ မဲလိမ်ပြီး ကြေငြာခဲ့သည်။ မည်သို့ မည်ပုံလိမ်ခဲ့သည်ကို အကြယ်ချဲ့ ၍ မရှင်းပြတော့ပါ။
ဌင်းအခါက တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များ အားလုံးသိသည်။ ဌင်းထက် ဆိုးသည့် ဂျင်ပေါ်
ထုံးကွက်လုပ်လိုက်သည့် အဖြစ်ဆိုးမှာ - - - ၊ မကြေနပ်သော ကိုယ်စားလှယ်များ ရှေ့ မှောက်မှာ
မဲပြန် ရေတွက်ဖို့ တောင်းဆိုတဲ့အခါမှာ - - -၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌမှ မဲများကို
မီးရှို့ ဖျက်စီးပစ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၁ ရာစုနှစ်
လမ်းဘေးမှ ဖန်ခုံတန်းကစားနေတဲ့ ခလေးတွေတောင် သိတဲ့၊ စည်းခိုးပြီး ထွေခင်းတဲ့ ကစားနည်းမျိုးကို
ရွေးကောက်ပွဲကော်မရှင်က ကျင့်သုံးလိုက်ပုံဟာ၊ ကရင်လူထုနှင့် ညီလာခံကိုယ်စားလှယ်တွေကို
နားလှဲ့ ပြီး ပါးရိုက်တဲ့အဖြစ် မျိုးပါဘဲ။ ဒါကြောင့် ပုံမမှန် မသမာသောနည်းဖြင့် တက်လာကြသော
ဗဟိုကော်မတီခေါင်းဆောင် တချို့ ၏ပြုလုပ်လျက်ရှိ သော အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး
အပေါ် စာရေးသူအနေဖြင့် လုံးဝအယုံအကြည်မရှိပါ၊ ထိုထိုသော ပုဂ္ဂိုလ်များ၏ အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးလုပ်မှုအပေါ် ဆင်းရဲသောကရင်လူထုများ၏ လယ်ယာမြေဆုံးရှုံးခြင်း၊ ဘိုးဘွားပိုင်
အိမ် ယာမြေများအသိမ်းခံရခြင်း၊ ရန်သူစစ်တပ်၏ အနိုင်ကျင့်စော်ကားမှုခံရခြင်းများအတွက်
ငြီးငြူသံများ၊ တင်ပြအသနားခံသော အသံများသည် စာရေးသူနေထိုင်ခဲ့သော ခရိုင်တပ်မဟာနယ်မြေအတွင်းတွင်
ဒုနှင့်ဒေးကြားနေရသည်။ သို့ ပေမဲ့ ကရင့်သစ္စာ ဖောက်လူတစ်စုသည်၊ ကရင်လူထု အော်ဟစ်သံများကို
နားမထောင်သည်သာမက၊ ဆက်လက်ပြီးအမှားများကိုပြုလုပ်နေ လျက်ရှိသည်။
အထက်ပါ အပစ်အခတ်ရပ်စဲရေး
နှင့် ငြိမ်းချမ်းရေးကိုလုပ်နေသော ရန်သူ့ အလိုတော်ယိ KNU ခေါင်းဆောင်တချို့ ၏ လုပ်ရပ်များသည်
ကရင်လူထု၏ ဆန္ဒမပါ၊ ကရင့်ထာဝရခေါင်းဆောင် စောဘဦးကြီး ချမှတ်ထားသော မူလေးချက်နှင့်လုံးဝ
မညီ၊ လုံးဝဆန့် ကျင်ဘက်ဖြစ်နေသည်။ ဘာအကျိုးမှမရှိ၊ KNU ကရင်အမျိုးသား အစည်းအရုံးသာလျှင်
ကမ္ဘာ့ အလယ် မျက်နှာငယ်ပြီး၊ ဗမာပြည်တိုင်းရင်းသားလူမျိုးစုများ၏တော်လှန်ရေး၊ နိုင်ငံရေးအဆင့်မှာလည်း
အောက်ဆုံးမှာရှိနေပေသည်။ ထို့ ကြောင့် စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ - - -


ကရင်နှစ်သစ်ကူးပွဲတော်
ဒုံးပုံများ
" အရေးပေါ်ညီလာခံပြန်လည်ခေါ်ယူပေးပါ
"
" ဗဟိုလ်ကော်မတီ ရွေးကောက်ပွဲ
အသစ်ပြန်လုပ်ပေးပါ "
၁။ ညီလာခံပြန်လည်ခေါ်ယူရာတွင်၊ ညီလာခံပြုလုပ်မည့်နေရာကို အများသဘောတူ၊
အများလွတ်လပ်စွာသွားလာနိုင်သော နေရာဖြစ်ရပါမည်။ ဂွင်သွင်း အပေါ်စီးမှနေ၍ အကြပ်ကိုင်သောနေရာမဖြစ်စေရပါ။
၂။ ညီလာခံပြုလုပ်မည့်အချိန်ကို အများသဘောတူ သတ်မှတ်သောအချိနဖြစ်ရပါမည်။
ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ ခြင်းမပြုလုပ်ရန်။
၃။ ရွေးကောက်ပွဲ ကော်မရှင်ကို ပြည်တွင်း ပြည်ပနှင့် နယ်ခြားမှ
လူထုယုံကြည်သော ကိုယ်စားပြုသူများဖြင့်သာဖွဲ့ စည်းရန်။
၎။ မဲများကို ထင်သာမြင်သာ သတ်မှတ်ထားသော လူထုရှေ့ မှောက်
နှင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လေ့လာသူများ ရှေ့ မှောက်တွင်
ရေတွက်ရန်။ မဲများကို မီးမရှို့ ဘဲ အနည်ဆုံး တစ်လတိတိသိမ်းဆည်းထားရန်။
၅။ အရွေးကောက်ခံ ဗဟိုကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ၏
ပထမဆုံးကျင်းပသော အစည်းအဝေးတွင် ရှေးလုပ်ငန်းစဉ်ကို ရှင်းလင်းတိကျစွာရေးသားချမှတ်တင်ပြရန်။
အောင်မြင်မှုပန်းတိုင်သို့ 