ရေး- စတက်နေ
11/10/2013
အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ဖို့အတွက်
ကိုယ့်အိတ်ထဲက ပိုက်ဆံတွေသုံး သွားရတယ်လို့ ငပွကြီးအောင်မင်းကပြောတာကို ကြားလိုက်တယ်။
ပြီးတော့ အမေရိက နိုင်ငံမှာ စစ်တပ်အင်အားကောင်းပြီး ခေတ်မှီစစ်တပ်ဖြစ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူး
ဆိုရင် ရန်ကုန် (၇)မိုင်အစိုးရဖြစ်လိမ့်မယ်လို့ ရုပ်ပြသမတ ဦးသိန်းစိန်ကြီးကပြောနေ
ပြန်တယ်။ ပြီးတော့ အမျိးသားလွှတ်တော်ဥက္ကဌကလည်း လက်နက်နဲ့ဒီမိုကရေစီလဲဖို့ ဒီလပိုင်းမှာပြောသွားတယ်။
ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက KNU က တက်ကြွတဲ့ ခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် သူက အခြေခံဥပေ ကို အသစ်ရေးဘို့ထက် ပြင်ဆင်ဘို့ဆိုရင်ဖြစ်နိုင်သေးတယ်လို့
၎င်းကပြောခဲ့တယ်။ နောက်ပြီး လူမျိုးရေးပဋ္ဋိပက္ခအသွင်ဆောင်ရင်း ဘာသာရေးပဋ္ဋိပက္ခကို ၎င်းတို့ကိုယ်တိုင်
တွန်းပို့ခဲ့ပြီး ပြသနာသောင်းခြောက်ထောင်ရှိနေတဲ့ ဗမာပြည်။
အစိုးရကပိုက်ဆံမရှိ။ ၈၈၊
၈၉ ကာလက တပည့်တော်တို့မှာစားစရာမရှိလို့ ထိုကာလက စားစရာပေးတဲ့တရုတ်ကိုလည်း တကာကြီးတို့
ကြောက်နေရပါတယ်ဘုရားဆိုပြီး ငပွကြီး အောင်မင်းပြောခဲ့တယ်။ကောင်းပါပြီး။ ၇ သိန်းလောက်ရှိတဲ့ဒုက္ခသည်တွေကို
နေရပ်ပြန်နိုင်ဘို့ဆိုတာက အဆံမရှိတဲ့အစိုးရ၊ အကြံအဖန်လောက်သာ နားလည်တဲ့အ စိုးရ၊ တပ်မတော်ကိုသာ
ခေတ်မှီတပ်မတော်ဖြစ်အောင်လုပ်ချင်တဲ့အစိုးရ၊ စစ်တပ်အာ ဏာကြီးစိုးရေးအတွက်သာ နေ့စဉ်စဉ်းစားနေတဲ့အစိုးရ၊
လက်နက်ကိုင်အင်အားစု၊ အမျိုးသားရပိုင်ခွင့်အတွက် အသက်စွန့်ပြီးတိုက်လာတဲ့ လက်နက်ကိုင်အင်အားစုကို
လည်း လက်နက်နဲ့ ဒီမိုကရေစီလဲ၊ ဥပဒေဘောင်တွင်းဝင်၊ လွှတ်တော်ဝင် နိုင်ငံရေးပါတီ ထောင်
အစရှိသဖြင့် မင်းတို့လက်နက်ချပါလို့ တွင်တွင်ပြောနေပြန်ပါပြီ။ သောင်းကျန်း သူအဖျက်သမားဆိုပြီး
တော်လှန်ရေးအင်အားစုအချင်းချင်းအတွင်းသပ်လျှို၊ တော်လှန် ရေးအင်အားစုတခုအတွင်း အချင်းချင်းစိတ်ဝမ်းကွဲအောင်
ဘာသာရေးအရ သွေးခွဲ၊ မျိုးနွယ်စုအရ ဂိုဏ်းဂနတွေအစိတ်စိတ်အမွှာမွှာကွဲသွားအောင် လုပ်ခဲ့တယ်။
ဒါလား၊ အောင်မင်း သိန်းစိန်လုပ်တဲ့ငြိမ်းချမ်းရေး၊ ဒါစစ်မှန်တဲ့ငြိမ်းချမ်းရေးတော့မဟုတ်ဘူး။
ဖြစ်သင့်တာက လူမျိုးစုတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ပြန်ပေးပါ့မယ်။ လိုချင်တဲ့
တန်းတူအခွင့်အရေးကို စာနာပေးပါ့မယ်။ တိုင်းပြည်ကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင် အောင်ကြိုးစားအားထုတ်ပါ့မယ်ဆိုတဲ့
အသိ တစက်ကလေးမှမရှိတဲ့ နာဂစ်အစိုးရကို မယုံမိပါနဲ့လို့ပဲပြောချင်ပါတယ်။
အပစ်အခတ်ရပ်စဲရေးမှ ထာဝစဉ်ငြိမ်းချမ်းရေးတဲ့။
အောင်မင်းဘာပြောသလဲသိလား။ ငယ်ငယ်လေးထဲက လက်နက်ကိုင်ထားတဲ့သူကို မကိုင်ပါနဲ့လို ပြောလို့ဘယ်ရမလဲ။
သူတို့ကိုစားစရာ၊ နေစရာ တိုက်တာတွေ ကားတွေပေးလိုက်ရင် ဒီလက်နက်တွေကို ကိုင်ချင်စိတ်တောင်ရှိတော့မှာမဟုတ်ဘူးဆိုပြီး
လက်နက်ကိုင်တော်လှန်ရေးသမားတွေ ကို စော်ကားခဲ့တယ်။ ကောင်းပါပြီဦးအောင်မင်း။ လူကြီးမင်းပြောနေတဲ့
စကားဟာ အခွင့်ထူးခံတော်လှန်ရေးသမားတဦးအတွက် ဒါမှမဟုတ် တစုအတွက်ကတော့ မှန် ကောင်းမှန်လိမ့်မယ်။
ဒါပေမဲ့ အဲဒီအယူအဆတွေဟာ တမျိုးသားလုံးကို ကိုယ်စားမပြု ဆိုဘူးဆိုတာ ဦးအောင်မင်းကော
နာဂစ်အစိုးရတခုလုံးကပါနားလည်ထားသင့်တယ်။
တော်လှန်ရေးသမားဆိုတာ မိမိကိုယ်ကို
မိမိချစ်မြတ်နိုးတာထက် တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးလို့ တော်လှန်ရေးသမားဖြစ်ခဲ့ကြတာ။
အသက်ကိုပါ ပဓာနမထားဘဲ တိုက်ပွဲ ၀င်ခဲ့တာ။ သေမယ်ဆိုတာ သိသိရက်နဲ့ သေမှာကို မကြောက်တဲ့လူ။
ဒီဘ၀မှာ ကျွန်ဖြစ် ရတာထက်သေရတာမြတ်တယ်လို့ ခံယူတဲ့လူ။ လူတွေ၊ လူတွေ၊ တော်လှန်ရေးသမား
တွေ အထောင်အသောင်း။ အောင်မင်းရေ- မင်းအသိနဲ့ မင်းအပြောလေးတွေကို ဆင်ခြင်ပါအုံး။
ဆက်ရန်၊