October
18, 2013
စာရေးသူ- ဗိုလ်မှူးအောင်လင်းထွဋ်
လက်ရှိစစ်တပ်ကသာ
ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင်
ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား ၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံ
သမိုင်းကို အမှန်သိစေရန် မျက်နှာချင်းဆိုင် ဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်ဟု
ဦးခင်ညွန့်မှပြောကြားလိုက်ပါတယ် ၊ အမိုင်းအမှန်ပေါ်ပေါက်ဖို့အတွက်
လက်ရှိစစ်တပ်ကိုယ်တိုင်က လိုလိုလားလားရှိရမှာဖြစ်ပြီး တိတိကျကျကြားနေဖို့လည်း
အထူးလိုအပ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
မြန်မာပြည်အပေါ် စေတနာထားကြတဲ့
အငြိမ်းစား ပြန်တမ်းဝင်အရာရှိတွေ အများအပြားရှိကြပါတယ် ၊ သူတို့က အသက်အရွယ်အရရော
အတွေ့အကြုံအရပါ မြန်မာနိုင်ငံကြီးကို အမှား သံသရာထဲ ဆက်ပြီးမျော နေတာကို
မမြင်လိုကြတော့ပါဘူး လို့လည်း သူကပြောကြားခဲ့ပါတယ် အထူးသဖြင့်
တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဆိုပါက အနာဟောင်းအနာဆွေးများ ဖြစ်နေသော
သမိုင်းဆိုင်ရာ အချက်အလက်အမှားများကို ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင်
ဖြေရှင်းသွားချင်တယ်ဟုလည်း ပြောကြားခဲ့ပါတယ် ၊ အဘက သူမျက်နှာမလွှဲခင် မြန်မာပြည်ကို
သမိုင်းအမှားတွေကြားမှာ မနစ်မွန်းခဲ့စေချင်ဘူးလို့ ခဏခဏပြောဖူးပါတယ် ၊ ဦးနေဝင်း
နဲ့ ဦးအောင်ကြီးတို့ သမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ခွဲခဲ့တဲ့
ကိစ္စကလည်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး အပြစ်ပုံချပြီး ဒီအတိုင်းပဲ
တို့လို့တန်းလန်း ဖြစ်နေတာပဲလေ ၊ အမှန်က ဦးနေဝင်း နဲ့ ဦးအောင်ကြီး နှစ်ယောက်
မျက်နှာချင်းဆိုင် တွေ့ပြီး ရှင်းတာမျိုးလုပ်ခဲ့ရမှာ ၊ ကျနော်က ဒီဥပမာကိုပေးရတာက
ဒါက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်း သိထားတဲ့ ဥပမာဖြစ်နေလို့ပါ ၊ တပ်ထဲမှာလဲ
တချို့အဖြစ်အပျက်တွေက ဟိုလူလုပ်တာလိုလိ ဒီလူလုပ်တာလိုလို နဲ့ အမှန်မသိရပဲ
ရှုပ်ထွေးနေတာမျိုးရှိနေတယ်လေ ၊ အဲဒါတွေလည်း အချိန်မှီ မျက်နှာချင်းဆိုင်ဖြေရှင်းဖို့လိုတယ်
၊ အနည်းဆုံးတော့ ကိုယ်လုပ်ခဲ့တာကို ကိုယ်လုပ်ပါတယ်လို့ ပြောရဲရမှာပေါ့ ၊
ဒီလိုမပြောရဲပဲ ဟိုလူလုပ်တာလိုလို ဒီလူလုပ်တာလိုလို ကောလဟာလလွှင့် လွှဲချခဲ့တာတွေ
ရှိလို့ အခုအချိန်အထိ သမိုင်းအမှန်မပေါ်နိုင်ပဲ ရှုပ်ထွေးမှုတွေဖြစ်နေတာပေါ့ ၊
လက်ရှိစစ်တပ်က ဒီနေရာမှာ လုံးဝ အတိအကျ ကြားနေပေးရမှာလေ ၊ စစ်တပ်ကိုယ်တိုင်က
ကျောသားရင်သားမခွဲခြားပဲ ကြားနေရမှာ ၊ ဒါက လူသားတမျိုးနွယ်လုံးနဲ့ဆိုင်တဲ့
သမိုင်းလေ ၊ စစ်တပ်ကိုယ်တိုင်က သမိုင်းအမှန်ကို ချစ်တတ်ရမယ့် အခြေအနေမှာ
ရှိနေရမှာလေ ၊ ဗိုလ်ချုပ်မှူးကြီးစောမောင် ဓါတ်ပုံကို မချိတ်ဖို့ ညွှန်ကြားထားတာတွေကို
ကျနော်တို့လည်း သိရပါတယ် ၊ စိတ်မကောင်းပါဘူး ၊ တကယ်တော့
ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ စစ်သားကောင်းကြီးပါ ၊
သမိုင်းအမှန်ပေါ်ပေါက်စေချင်ပါတယ် ၊ ကျနော်တို့လည်း အသက်တွေကြီးနေကြပါပြီ ၊
ကျနော်တို့မှာလည်း ရင်ဖွင့်စရာတွေရှိပါတယ် ၊ ကျနော်တို့လိုပါပဲ ၊ အငြိမ်းစာယူသွားတဲ့
အရပ်ဖက် စစ်ဖက် ပြန်တမ်းဝင် အရာရှိတွေမှာလည်း လူမသိ သူမသိ ဖြစ်သွားတဲ့
ဖြစ်ရပ်မှန်တွေကို ရင်ဖွင့်ချင်တဲ့သူတွေ အများကြီးရှိနေပါတယ် ၊ တစ်ခုတော့ရှိတယ် ၊
ကျနော်တို့ အမှန်ကို ရင်ဖွင့်ပြောဆိုတာ နဲ့ ပတ်သတ်လို့ ပြည်သူကို အတားအဆီးမရှိ
တိုက်ရိုက် တင်ပြတာမျိုးဖြစ်ရမယ်လေ ၊ စစ်တပ်ကကြားနေရုံတင်မက
သတင်းထုတ်လွှင့်မှုအပိုင်းမှာ တိုက်ရိုက်ဖြစ်နေရမယ် ၊ ဟုတ်ကဲ့ ၊ အဘဦးခင်ညွန့်က
ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းချင်နေတာခင်ဗျ ၊ တကယ်ဆို အဘရော
ဦးသန်းရွှေပါ စစ်တပ်နဲ့ ဘာမှ မဆိုင်တဲ့သူတွေဖြစ်နေကြပြီလေ ၊ စစ်တပ်ထဲမှာ ကြားနေပြီး
သမိုင်းအမှန်ကို ချစ်တတ်တဲ့သူတွေ ရှိလာတဲ့ အချိန်မှာ ဒါမျိုးဖြစ်နိုင်ပါတယ် ၊
ဒါကလည်း သိပ်ဝေးတော့မယ် မထင်ပါဘူး ၊ ကျနော်လည်း အဲဒီလို မျက်နှာချင်းဆိုင်
ဖြေရှင်းတာမျီုးဖြစ်စေချင်ပါတယ် ၊ ကျနော်တို့ ထောက်လှမ်းရေးအဖွဲ့ မလုပ်ပဲနဲ့
လုပ်ခဲ့ပါတယ် လို့ ခေါင်းခံထားရတဲ့ ကိစ္စတွေ အများကြီးရှိတယ်လေ ၊
ကျနော်တို့လုပ်သွားသလိုလို နဲ့ ထင်ယောင်ထင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကလည်း
တပုံကြီးရှိသေးတယ် ၊ ၂၀၁၅ မတိုင်မီမှာ အဘဦးခင်ညွန့်နဲ့ ဦးသန်းရွှေ နဲ့
မျက်နှာချင်းဆိုင်ဖြေရှင်းတာမျိုးဖြစ်ရင်တော့ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့
ထင်တာပါပဲ ၊ အဘက သူ့လုပ်ရပ်တွေ အတွက် သူတာဝန်ယူဖို့ အသင့်ရှိတဲ့သူတွေပါ ၊
အဲဒီအချိန်အဲဒီအခါက အထက်ကပေးလာတဲ့ အမိန့်ကို အောင်မြင်အောင်
အကောင်အထည်ဖော်နိုင်ခဲ့တာချည်းပါပဲ ၊ ကျနော်တို့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံမှာက
အမိန့်ကို လွန်ဆန်လို့ မရဘူးလေ ၊ ကျနော်တို့ အဖွဲ့ကို ဖျက်သိမ်းပြီး အားလုံးကို
ဖမ်းတယ်ဆိုတုန်းကလည်း ကျနော်တို့ ဘာမှ စောဒက မတက်ခဲ့ဘူးလေ ၊ ဒီအတိုင်း
အဖမ်းခံခဲ့ကြတာပဲ မဟုတ်လား ၊ ဒီကနေ့အချိန်မှာ အဘက သူလုပ်ခဲ့တာတွေကို ပြည်သူတွေကို
ရှင်းပြချင်နေတဲ့သူပါ ၊ မြန်မာပြည်ကြိးကိုလည်း ဆင်းရဲတွင်းနက်နေတဲ့ သံသရာက
ရုန်းထွက်စေချင်နေပါတယ် ၊ အာလုံးကို ရှင်းပြပြီး တဲ့နောက် သူ့လုပ်ခဲ့တဲ့
လုပ်ရပ်တွေ အတွက် ပြည်သူက သူ့ကို ကြိုးပေးရင် အဘက ကြိုးစင်ပေါ် ရဲရဲတက်ပြီး
ကြိုးပေးခံဝံ့တဲ့လူစားမျိုးပါ ၊ ဟုတ်ပါတယ် ၊ ဒီစကားက အဘပြောခဲ့တဲ့စကားပါ ၊ အဘနဲ့
ဗိုလ်ရွှေမန်းရယ် ဗိုလ်မြင့်ဆွေရယ် ဆရာတော်တွေကို သွားကန်တော့ တုန်းက
ဗိုလ်ရွှေမန်းနဲ့ဗိုလ်မြင့်ဆွေကို အဘပြောခဲ့တဲ့စကားပါ ၊ အင်တာဗျူးမှ
အချက်အလက်များဖြစ်ပါသည် ၊
