16/10/2013
ငြိမ်းချမ်းရေးစစ်တမ်း(၂)
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဘယ်လဲ”
ငြိမ်းချမ်းရေးအတွက်
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများ၏ လှုပ်ရှာမှုများ အားကောင်း ကောင်း
ပေါ်လာချိန်တွင် အယ်န်အယ်လ်ဒီသည် ပျောက်သောလမ်းမှာ စမ်းတ၀ါး ဖြစ်နေပုံရသည်။
ငြိမ်းချမ်းရေး ရရန် မည်သည့်နည်းလမ်းဖြင့် ဖေါ်ဆောင်သွားမည်ကို ယခုအချိန်အထိ
ရှင်းလင်းသည့် မူဝါဒ နှင့် လုပ်ငန်းစဉ် မတွေ့ ရ။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နှင့်
ထိမ်းသိမ်းမခံရခင် ဇူလိုင်လ (၁၅) ရက် ၁၉၈၉ ခုနှစ်တွင်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ ကျင်းပခဲ့ သည်။ ယင်းတွင် နိုင်ငွေသိမ်း (မွန်အမျိုးသားခေါင်းဆောင်ကြီး) ၏
ရှင်းလင်းဆွေးနွေးချက် အကျဉ်းချုပ်မှာ
“တိုင်းရင်းသား တန်းတူရေးကို
အာမခံချက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းမရှိတော့တဲ့ အခါမှာ သူ တည်ဆောက်နေတဲ့
ပြည်ထောင်စု ကြီးဟာ ပြိုကွဲသွားပါတယ်။ ဗမာပြည်မကို ပြည်နယ် မဖွဲ့ ဘဲ ဗဟိုနဲ
့ပေါင်းလိုက်ရင် စားရိတ်သက်သာသွားမယ် ဆိုပြီး ဖွဲ့ စည်းပုံကို ပြင်လိုက်တယ်။
ဒါကြောင့် ၁၉၄၇ ဖွဲ့  စည်းပုံ အခြေခံဥပဒေဟာ ပုံသဏ္ဍာန်ကတော့
ပြည်ထောင်စု၊ အနှစ်သာရအရ တပြည်ထောင် ဖြစ်သွားတယ်။ ပုဂ္ဂိုလ် တယောက်ကို ချဉ်းကပ်ပြီး
ကျွန်တော်တို့ ရဲ့ ကံကြမ္မာကို ပုံအပ်လိုက်ရင် ဒီပုဂ္ဂိုလ်မရှိရင် ပျက်စီးသွားမယ်။ ၁၉၆၁
ခုနှစ် တောင်ကြီးညီလာခံမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ က တောင်းတဲ့
တောင်းဆိုချက်ဆိုတာ ခွဲထွက်ဘို့ မပါပါဘူး။ Federal ဆိုတာ ပေါင်းစပ်ရေးပါ။” [i] ဤတွင် ဒေါ်အောင်ဆန်းစုကြည်က
“Federal ဆိုတာ ခွဲရေး
မဟုတ်ဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ဒါပေမယ့် Federal ဆိုတာ ပုံစံ
အမျိုးမျိုးရှိပါတယ်။ Centeral Government နဲ့ Local Government တို့ ကြားထဲမှာ
ဘယ်လိုအာဏာခွဲရမယ်။ ပြည်ထောင်စုကြီးရဲ့ အဓိက ပြသနာဟာ ဒါဘဲ။ ဒါနဲ
့ပတ်သက်ပြီးတော့ ကျမတို့ အားလုံးဆွေးနွေး ညှိနိုင်းတိုင်ပင်ပြီး တော့မှ ပေါ်လာမယ့်
အဖြေပါ။” [ii] ဟူ၍ ပြောခဲ့သည်။ ၄င်းအရ
ဒေါ်အောင်ဆန်းစုကြည်က Federal ကို လက်ခံမည်၊ လက်မခံပါ ဟူ၍ တိတိကျကျ
ဖြေကြားမသွားခဲ့။
တိုင်းရင်းသားများအကြားတွင်
ဖက်ဒရယ်ပညာရှင်ကြီးအဖြစ် နံမည်ကြီးလှသူ တောင်ကြီး ဦး ထွန်းမြင့် နှင့် တွေ
့ဆုံသောအခါ ၄င်းက “ဒေါ်အောင်ဆန်းစုကြည်၊ ခင်ဗျား အဖေရှိတုံးကလိုဘဲ ရောက်လာပြန်ပြီ။
ကျွန်တော်တို့  က လူပုဂ္ဂိုလ် ကို မယုံလို့ မဟုတ်ဘူး။ ကျွန်တော်တို
့တိုင်းရင်းသားတွေ ရသင့်ရ ထိုက်တဲ့ အခွင့် အရေး တွေကို ဖွဲ့  စည်းပုံ အခြေခံဥပဒေနဲ
့အညီ အာမခံပြဌာန်းပေးတာကို လိုခြင်တယ်။ ခင်ဗျား အဖေရှိတုံး ကတော့ ပြည် ထောင်စုကို
တပြည်ထောင်စနစ်နဲ့ တည်ဆောက်မလား၊ ဖက်ဒရယ် ပြည်ထောင်စု အခြေခံ နဲ့  တည်ဆောက်မလား
ရှင်းရှင်းလင်း လင်း ပြောမသွားခဲ့ဘူး။ ခင်ဗျား လက်ထက်မှာတော့ ပြောစေခြင်တယ်။”
၎င်းက အတိအလင်း မေးမြန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်ကလည်း ရှင်းရှင်းလင်း လင်း ဖြေကြားမသွားခဲ့ပါ။ ၁၉၉၇
ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ နှစ်ငါးဆယ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား တွင်
ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းပြောရာ၌ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
ပါဝင်သော မယ့်သရော ထ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ သဘောတူညီချက်ကို
ကိုးကားသွားခဲ့သည်။ သို့ ရာတွင် “ကျမတို့ နိုင်ငံအတွက် အဓိက လိုအပ်ချက်တွေကတော့
---- ” ဟူ၍ အစချီပြီး သူမ၏ ခံယူချက်ကို ဆက်လက်ပြောကြားသွားရာတွင်မူ “စစ်မှန်သော
ပြည်ထောင်စု တည်ဆောက်ရေး” ဟူ၍သာ သုံးနုန်းသွားခဲ့သည်။ တမင်များ ချန်ထားခဲ့လေသလား
ဟု စဉ်းစားဘွယ်ရှိအောင်ပင် “ဖက်ဒရယ်” ဟူသည့် ဝေါဟာရကို ဖြုတ်ထားခဲ့သည်။
တောင်ကြီးဦးထွန်းမြင့်
ကွယ်လွန်သွားခဲ့သည့် အချိန်အထိလည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်
ရွေးကောက်ပွဲဝင်သည့် အချိန်အထိလည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်ရေးရရန်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားမည်ဖြစ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်
အတိအလင်းပြောသံတခါမျှ မကြားခဲ့ရဘူးပါ။ တိုင်းရင်းသား အဖွဲ့  အစည်းများ
(အထူးသဖြင့်) လက်နက်ကိုင်အဖွဲ့ အစည်းများသည် ဖက်ဒရယ်ပြည်ထောင်စု တည်
ဆောက်ရေးနိုင်ငံရေး ရည်မှန်းချက်ကို သူ့ နည်းသူ့ ဟန်ဖြင့်
ဆက်လက်ကြိုးပမ်းခဲ့ကြသည်။
၂၀၁၂ ခုနှစ်နိုဝင်္ဘာလ (၂) ရက်နေ
့အရောက်တွင်မူ လွှတ်တော်အတွင်းတွင်ပင် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ် ကို ဖေါ်ဆောင်နိုင်
ရေးအတွက် ဖက်ဒရယ် ဥပဒေမူကြမ်း တခုအား ရေးဆွဲရန် ဦးတီခွန်မြတ် နှင့် ဒေါ်နန်းဝါနု
တို့  အား တာဝန်ပေးအပ် လိုက်ကြောင်း ကြေငြာခဲ့သည်။ ဤသည် မှာ စစ်ခေါင်းဆောင်ဟောင်း
သစ်များက ဖက်ဒရယ်မူကို မလွှဲသာ မရှောင်သာ တရားဝင် အသိအမှတ်ပြုလိုက်ရခြင်း ဖြစ်သည်။
တိုင်းရင်းသားများ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ပြည်
ထောင်စုတည်ဆောက်ရေးမှာ တ၀က် အောင်ပွဲဆင်ခဲ့ပြီဟုပြောနိုင်သည်။ ဖက်ဒရယ်မူ
တောင်းဆိုသည့် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှ စတင်ရေတွက် လျှင်ပင် နှစ်ပေါင်း ၅၀
ကျော် ကြာခဲ့ပါပြီ။ သို့ ဖြင့် ၁၉၆၂ ခုနှစ်၌ ဖက်ဒရယ်မူကို လက်ညှိုးထိုးပြပြီး
စစ်အာဏာသိမ်း ခဲ့ခြင်းမှာ မှားယွင်းခဲ့ပြီ ဟု ၀န်ခံလိုက်ခြင်းပင် ဖြစ်သည်။
နောက်ပိုင်းတွင် တစတစ နှင့် အခြားသော
အစိုးရအာဏာပိုင်များပါ ဖက်ဒရယ်မှာ တိုင်းရင်းသားများ ရသင့်ရထိုက်သည့်
အခွင့်အရေးဖြစ်ကြောင်း တစတစ ပြောဆိုလာကြသည်။ အသိအမှတ်ပြု လာရ သည်။ ၀န်ခံလာ ကြရသည်။
ဖက်ဒရယ်သည် လူထုအသိအမှတ်ပြုခံရသော နိုင်ငံရေးစင်မြင့်သို့ တစတစ တက်လာပါတော့သည်။
ယင်းအချိန် 21-5-2013 နေ့ တွင် နေပြည်တော် ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ- မီဒီယာ
တွေ့ဆုံရှင်းလင်း ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောကြားသွားခဲ့သည်။
“ဖယ်ဒရယ်မူဆိုတာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟိုးအရင်ထဲကဆုပ်ကိုင်ခဲ့တဲ့ မူဝါဒပါ။ ဘယ်သူ ကမှ
ဖယ်ဒရယ်ဆိုတဲ့စကားလုံးကို မပြောခဲ့တဲ့ မပြောရဲတဲ့အချိန်တုန်းကတည်းကတောင်မှ
ကျမတို့က ဒီပြည်ထောင်စု ကြီး တည်တံ့ခိုင်မြဲဖို့အတွက် ဖယ်ဒရယ်မူဟာ အရေးကြီးတယ်၊
ဖယ်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူ မဟုတ်ဘူးဆိုတာကို ကျမတို့ သေသေချာချာ ရှင်းပြတယ်။
နှစ် ၂၀ ကျော်ပါပြီ။”
ဘယ်လိုဖြစ်တာပါလိမ့်
ဒေါ်အောင်ဆန်းစုကြည်ဟု သာ မေးလိုက်ခြင်ပါသည်။ ဖက်ဒရယ်မူမှာ အမျိုး သားဒီမိုကရေစီ
အဖွဲ့ ချုပ်စတင်တည်ဆောက်ခဲ့စဉ်ကထည်းက ဆုပ်ကိုင်ခဲ့သည့်မူ ဖြစ်သည်ဆိုလျှင် ပါတီ၏
တရားဝင် စာရွက်စာတမ်းများကို ကြည့်ရှုလိုပါသည်။ စာရေးသူလေ့လာခွင့်ရလောက်တော့
မရှိခဲ့ပါ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၅) ရက် တွင်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ၌ သူမက
“ဖက်ဒရယ်လို့ ဘဲ ခေါ်ခေါ် ပြည် ထောင်စု
လို့ ဘဲ ခေါ်ခေါ် ဘာမှ မခေါ်လဲရပါတယ်။ ဘာဘဲ ခေါ်ခေါ် အရေးကြီးတာက ကျမတို့ ကြားထဲမှာ
အားလုံး သဘောတူညီနိုင်မယ့် ပုံစံရှိတဲ့ နိုင်ငံတခုကို ဖေါ်ထုတ်ဘို့ ဘဲ။”
၎င်းအရ ဖက်ဒရယ်က အရေးမကြီးပါ။
အားလုံးသဘောတူမည့် နိုင်ငံတခု ပေါ်လာဘို့ က အရေးကြီး ကြောင်းဖြစ်သည်။ ဤကထဲက
လွဲနေပါသည်။ ဖက်ဒရယ် ဟူသည်မှာ အပေါ်ယံစကားလုံး တလုံးမျှ မဟုတ်ပါ။ အားလုံးသဘောတူသည့်
နိုင်ငံတခုကို ဖက်ဒရယ် နိုင်ငံဟု ပြော၍ မရနိုင်ပါ။ ဖက်ဒရယ်သည် တိုင်းပြည်တည်
ဆောက်ပုံစနစ်တရပ် အခိုင်အမာဖြစ်သည်။ ဖက်ဒရယ်ကို တောင်းဆိုခြင်းသည် အဆိုပါ
စနစ်အတိုင်း ပြည်ထောင်စု နိုင်ငံကို တည်ဆောက်ပါ ဟု တောင်းဆိုခြင်းဖြစ်သည်။
ပြည်ထောင်စု နိုင်ငံကို ဤစနစ်အခြေခံအတိုင်း တည်ဆောက်ရ ပါမည်။ ဒေါ်အောင်ဆန်းစုကြည်က
ပြောင်းပြန်ပြောခဲ့သည်။ အားလုံးသဘောတူသည့် နိုင်ငံတခုကို တည်ဆောက်ပြီးမှ ဖက်ဒရယ် နိုင်ငံဟု
ခေါ်လည်း ရနိုင်သည့် သဘောမျိုးပင်။ ဤသည်မှာ လုံးဝလွဲနေပါသည်။
နောက်ထပ် အလွဲတခုမှာ
ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်အပေါ် နားလည်ချက်ဖြစ်သည်။ သူမက အာဏာခွဲဝေရေးမှာ အဓိက
ဖြစ်ကြောင်း ထောက်ပြသွားခဲ့သည်။ ဖက်ဒရယ်၏ ကြောရိုးတခုမှာ အာဏာခွဲ ဝေရေးဖြစ်သည်ကို
လက်ခံရပါမည်။ သို့ ရာတွင် မြန်မာနိုင်ငံ၌ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်
ဖက်ဒရယ်ကို အဓိက ချဉ်းကပ်ရမည့်အခြေခံမှာ အာဏာခွဲဝေရေး မဟုတ်ပါ။ တန်းတူရေး
အခြေခံကို တည်ဆောက်နိုင်အောင် ပြည်ထောင်စုဖွဲ့ စည်းရာတွင် ပါဝင်သည့် ယူနစ်များ
(Constituent Units) တနည်းအားဖြင့် ပြည်နယ်များအားပြန်လည် စုဖွဲ့ ရေးဖြစ်သည်။
ယင်းမှာ ပထမဆုံးလိုအပ်ချက် ဖြစ်သည်။ အဓိကအားဖြင့် တိုင်းတချို့ ကို ပေါင်းကာ
မြန်မာပြည် နယ်အဖြစ် ပြင်ဆင်ဖွဲ့ စည်းရန်ဖြစ်သည်။
ဤသည်မှာ ၁၉၆၁ ခုနှစ်
တောင်ကြီးညီလာခံမှ ချမှတ်ခဲ့သည့် အခြေခံမူတရပ်ဖြစ်သလို မွန်အမျိုးသား
ခေါင်းဆောင်ကြီး နိုင်ငွေသိမ်း က ဒေါ်အောင်ဆန်းစုကြည်အား ရှင်းပြခဲ့သည့်
အခြေခံလည်းဖြစ်သည်။
(မှတ်ချက်။
။ ဤနေရာတွင် “မြန်မာ” ဟူသော ဝေါဟာရအား စာရေးသူက သုံးစွဲခြင်းဖြစ်သည်။ မြန်မာ ဟူ
သည်မှာ စာေ၇းသူကဲ့သို့ သော လူမျိုး၏ အမည် ဟု ခံယူသောကြောင့်ပင်။
တိုင်းရင်းသားခေါင်း ဆောင် များ၏ မူရင်း အသုံးအနုန်းမှာ ဗမာပြည်နယ် ဖြစ်သည်။)
မြန်မာလူမျိုးအများစု နေထိုင်သည့်
ဒေသကြီးများအား မြန်မာပြည်နယ်အဖြစ် ပြန်လည်စုဖွဲ့ နိုင်မှသာ လျှင် အခြား
မြန်မာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများနှင့် တန်းတူရေးအခြေခံကို
ဖေါ်ဆောင်နိုင်ကာ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းကို
ဦးတည်နိုင်ပါမည်။ မကြာသေးခင်ကပင် မွန်ပြည်သစ်ပါတီကလည်း ဤကိစ္စကို
မီးမောင်းထိုးပြသွားခဲ့သည်။ ယူအင်န်အက်ဖ်စီက မူကြမ်းရေးဆွဲတင်ပြမည့်
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့  စည်းပုံအခြေခံဥပဒေတွင်လည်း ဤအတိုင်းပင်
ဖေါ်ပြသွားလိမ့်မည်ဟု ယူဆသည်။
ပြည်ထောင်စုနှင့်ပြည်နယ်များအကြားမျှတစွာအာဏာခွဲဝေရေးကိုသာ
ဖက်ဒရယ် ဟူ၍ကြွေး ကြော် ကာ ယင်းကိုအဓိက ဆောင်ရွက်ပေးရန်တောင်းဆိုပါက
ယခုလတ်တလောအချိန်တွင်ပင် စစ်ခေါင်းဆောင်ဟောင်း၊ သစ်များက ၀မ်းမြောက်ဝမ်းသာ
ဖေါ်ဆောင်ပေးကြပါမည်။ သာဓက ပြပါမည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေတွင် စွမ်းအင်၊
ကျောက်မျက်ရတနာ၊ သစ်တောများအပေါ် စီမံခန့် ခွဲသည့် အာဏာကို ပြည်ထောင်စုလွှတ်တော်မှ
ရယူ ထားသည်။ ပြည်နယ်လွှတ်တော်အား အလတ်စား နှင့် အသေးစားလျှပ်စစ်၊ ကျောက်မျက်ရတနာ
ဖြတ် တောက်ခြင်း နှင့် သွေးခြင်း၊ ကျေးရွာထင်းစိုက်ခင်း ဆိုင်ရာ လုပ်ပိုင်ခွင့်တို
့ကိုသာ အပ်နှင်းထားသည်။ ဤသည်တို့ ကို ပြင်ဆင် ပြောင်းလဲရန်၊ ပြည်နယ်လွှတ်တော်အား
လုပ်ပိုင်ခွင့်ပိုမို အပ်နှင်းရန် ဖွဲ့ စည်းပုံပြင်ဆင်ပေးရေးများအား အားတက် သရော
သဘောကောင်းစွာနှင့် လုပ်ဆောင်ပေးကြပါမည်။ ထို့ နောက် “ဒါ ဖက်ဒရယ်ဘဲ။” ဟု
ကြွေးကြော်ကြပါမည်။
ယင်းမှာ ဖက်ဒရယ်မဟုတ်ပါ။ အဘယ်ကြောင့်
ဆိုသော် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဖွဲ့ စည်းရာတွင် ပါဝင်
သည့်ပြည်နယ်များအတွင်း တန်းတူရေး အခြေခံကင်းမဲ့နေခြင်းကြောင့် ဖြစ်သည်။ ထို့ ပြင်
ရွေးကောက်ပွဲကော်မရှင် ဖွဲ့  စည်းချုပ်ကိုင်ထားမှုအရ စစ်ခေါင်းဆောင်ဟောင်း သစ်များက
လက်ခံသူများသာ လူထုကိုယ်စားလှယ်ဟူ၍ အရွေးခံကြရပြီး ဥပဒေပြုအာဏာ၊
အုပ်ချုပ်မှုအာဏာများအား ကျင့်သုံးမည်ဖြစ်ခြင်း ကြောင့်ပင်။ ဘယ် ဘက်လက်က အာဏာကို
ညာဘက်လက်သို့ လွှဲပြောင်းပေးလိုက်သည့် သဘော သာဖြစ်သည်။ တိုင်းရင်းသား
ပြည်နယ်များတွင် စစ်မှန်သော တိုင်းရင်းသားခေါင်းဆောင်များ အာဏာရဘွယ် မရှိပါ။ ၁၉၆၂
ခုနှစ် စစ်အာဏာသိမ်းပြီး ဆိုရှယ်လစ်အတုကို ကျင့်သုံးခဲ့သလို ယခုအချိန်တွင်
ဖက်ဒရယ်လိမ်ကို ဖေါ်ဆောင်ကာ အနည်းဆုံး နောက် ထပ် နှစ်ငါးဆယ် အာဏာရယူသွားရေး
ရေရှည်စီမံချက်အား ချီတက်ကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်သည်
ယခုအချိန်ရောက်မှသာ ဖက်ဒရယ်မူကို လက်ခံကြောင်း နုတ်ဖြင့် ထုတ် ဖေါ်ပြောလာသည်
ဖြစ်စေကာမူ တန်ဘိုးထား၍ ကြိုဆိုရပါမည်။ သို့ ရာတွင် ပြသနာမှာ ဒေါ်အောင်ဆန်းစုကြည်
တဦး ထဲအနေဖြင့် ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့  ချုပ် အနေဖြင့် ဖြစ်စေ၊
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးဦးတည်ချက် တရပ်အနေဖြင့် မဖြစ်မနေဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း
အတိအကျ ပိုင်းဖြတ်ချက် မချသေး ခြင်းပင်။ ဤသည်ကို
သာဓက အနေဖြင့် ထောက်ပြပါမည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖေ့စ်ဘုတ်၏
တနေရာတွင် ဦးဥာဏ်ဝင်းက “ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ပြင်ဆင်ရာတွင် လက်တွေ့ ကျ၍ ဖြစ်နိုင်ချေရှိသော အချက်များကိုသာပြင်ဆင်မည်ဖြစ်ကြောင်း၊
ပဲ့ပျားပင် နှင့်ရိုက်ရမည့် ကိစ္စကို ၀ါးရင်းတုတ်နှင့် ရိုက်၍မဖြစ်နိုင်ကြောင်း၊
အဓိက ခြုံငုံပြီးပြောရလျှင် ရှေ့ နောက်မညီညွတ် သည့်ကိစ္စများကို
ပြင်ဆင်မည်ဖြစ်ကြောင်း၊” ပြောကြားခဲ့သည် ဟု ဖေါ်ပြထားသည်။
တဖန် တောင်ကြီးမြို့တွင် ကျင်းပခဲ့သော
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း အစည်း အဝေး တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက
အောက်ပါအတိုင်း အဖွင့် အမှာ စကားပြောကြားသွားခဲ့ကြောင်းဖြင့်၂၀၁၃ ခုနှစ် စက်တင်္ဘာလ
(၂၂) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့  ချုပ်၏ ဖေ့စ်ဘုတ်၌ တွေ့ လိုက်ရသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ဖက်ဒရယ်မူအပါအ၀င် တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့် များကို
ဥပဒေပြဌာန်းချက်ဖြင့် အာမခံမှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုကို
ရရှိနိုင်မည်ဖြစ်ပြီး ထိုသို့ယုံကြည်မှု တည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေး
ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။"
ဦးဥာဏ်ဝင်း၏ ပြောဆိုချက်နှစ်ခုကို
သုံးသပ်ပါမည်။ ပထမ တခုမှာေ၀၀ါးနေသည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို
နိုင်ငံရေးဦးတည်ချက် တရပ်အနေဖြင့် မဖြစ်မနေဖေါ်ဆောင်သွားမည့် ပိုင်းဖြတ် ချက် ကို
မတွေ့  ရပါ။ “လက်တွေ့ ကျ၍ ဖြစ်နိုင်ချေရှိသော အချက်များကိုသာပြင်ဆင်မည်၊”
ဟူရာတွင် ဘယ်အချက် တွေက လက်တွေ့ ကျပြီး ဘယ်ပြဌာန်းချက်တွေက လက်တွေ
့မကျမှန်းလည်းမသိရ၊ ဖက်ဒရယ်ကိုလည်း မရည်ညွှန်း ပါ။ “ရှေ့ နောက်မညီညွတ်
သည့်ကိစ္စများကိုသာ ပြင်ဆင်မည်” ဟူသည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ၏ အနှစ်သာရကို ပြင်ရန်ကြိုးစားမည်မဟုတ်ကြောင်း
ပြောလိုက်ခြင်းပင်။ တနည်းအားဖြင့် ၂၀၀၈ဖွဲ့ စည်းပုံအောက်တွင် ဆက်လက်
ခေါင်းလျှိုးသွားတော့မည်ကိုလှစ်ဟ လိုက်ခြင်းသာ ဖြစ်သည်။ အားတက်ဖွယ်
စိုးစဉ်းမျှမရှိပါ။ ဤအတိုင်းသာဆိုလျှင် ဖွဲ့  စည်းပုံနှင့်အညီ
ချမှတ်ကျင့်သုံးနေသည့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရုံသာရှိပါမည်။
ဦးဥာဏ်ဝင်း၏ ဒုတိယ ပြောဆိုချက်မှာမူ
အားတက်ဖွယ် အရိပ်အယောင်ကို မြင်ရသည်။ သို့ ရာတွင် နှစ်ခုနိုင်းယှဉ်ပါက ရှေ့ နောက်
ဆန့် ကျင်နေပြန်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအား ဖက်ဒရယ်လမ်းကြောင်း အတိုင်း
ဝင်အောင်ပြင်ရေးမှာ မဖြစ်နိုင်ဟု ပြောရလောက်အောင်ခဲယဉ်းသည်။ ပေါ့သေးသေး မဟုတ်။
အားကြိုးခနွဲ ကြိုးပမ်းရ မည့် ကိစ္စဖြစ်သည်။ ဦးဥာဏ်ဝင်း စကားကိုပင် ကိုးကားပါဦး။
ဝါးရင်းတုတ်ကို ကိုင်စွဲ၍ပင် ရနိုင်မည်မထင်။ လူထု အင်အားနှင့်
နိုင်ငံတကာဖိအားအပေါ်တွင် အခြေခံသည့် ထက်မြက်သည့် ၀ရဇိန်လက်နက် ကို
ဥပဒေကြောင်းနှင့် နိုင်ငံရေးအရ ကိုင်စွဲဘို့ ကြိုးပမ်းရပါမည်။ ပဲ့ ပြားပင်နှင့်
ရိုက်ရုံမျှနှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ် လမ်းကြောင်း
ဝင်အောင်ပြင်နိုင်ရေးဟူသည်မှာ စိတ်ကူးယဉ်မျှသာ ဖြစ်ပါမည်။
အမျိုးသားဒီမိုကရေစီ အဖွဲ
့ချုပ်အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ပိုင်းဖြတ်ထား မှုကို မတွေ့ ရသေးပါ။
သို့ ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးအားမည်သို့ ဖေါ်ဆောင်သွားမည်ကို မသိရ။
ရက်ပိုင်း အတွင်း မှာပင် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်း၍
လူထုထံမှ သဘောထားဆန္ဒရယူမည်ဟု ကြားရ သော် လည်း ဘာကို ရယူမည်မှန်းမည်သူမျှ
နားလည်မည်မထင်ပါ။ သာဓကအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး
ရည်မှန်းချက်ဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ရန်ကြိုးပမ်းမည်ဆိုပါက အောက်ပါ
အခြေခံကျောရိုး ငါး ခုကို မလွဲမသွေ ပြင်ရပါမည်။
(၁) မြန်မာပြည်နယ် အပါအ၀င်
ပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့ စည်းခြင်း နှင့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ
့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းတွင် ပြည်နယ်များအလိုက် ပြည်နယ်ဖွဲ
့စည်းပုံအခြေခံဥပဒေ များရေးဆွဲစေကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်း။
(၂) စစ်တရားရုံး (Court Martials)
များအား အရပ်ဘက်ဆိုင်ရာ တရားရုံး၏ အယူခံစီရင်ပိုင်ခွင့် အာဏာ
ကျင့်သုံးမှုအောက်တွင်ထားရှိရေး အခြေခံမှ နေ၍ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော
တရားစီရင်ရေး စနစ်ကို တည်ထောင်ကျင့်သုံးခြင်း။
(၃) သမတ အုပ်ချုပ်ရေးစနစ် အစစ်လည်း
မဟုတ်၊ ကမ္ဘာပေါ်ရှိမည်သည့် သမတနိုင်ငံတွင်မျှလည်း မကျင့်သုံး၊ ရွေးကောက်ပွဲအနိုင်ရ
နိုင်ငံရေးပါတီက အစိုးရ ဖွဲ့ ရေးကို ငြင်းပယ်ထားပြီး စစ်အာဏာရှင်စနစ်တည်တန့် 
ခိုင်မြဲရေးကို သာ အာမခံချက်ပေးထားသည့် သမတအုပ်ချုပ်ပုံစနစ်နှင့် သမတ
ရွေးချယ်တင်မြှောက်ပုံစနစ်အစား ၀န်ကြီးချုပ်ဦးဆောင်သည့် အုပ်ချုပ်ပုံစနစ်[iii] သို့ ပြောင်းလဲ ကျင့်သုံးခြင်း။
(၄) သဘာဝသယံဇာတများအား ပြည်ထောင်စု
နှင့် ပြည်နယ်များအတွင်း မျှတစွာ ခွဲဝေသုံးစွဲခြင်းနှင့် ပြည်နယ်များအတွင်းရှိ
လက်နက်ကိုင်တပ်ဖွဲ့ များတရားဝင် ရပ်တည်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်
တည်ထောင်ခြင်း။ နှင့်
(၅) လွတ်လပ်သည့် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် ဖွဲ့ စည်းခြင်း နှင့် ပြည်နယ်များ အတွင်း တွင်လည်း သက်ဆိုင်ရာပြည်နယ်အလိုက်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်မည့် ကိုယ်စားလှယ်များအား
လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့် ရှိစေခြင်း။
အထက်ပါ ငါးချက်ခန့် မျှကို
အနည်းဆုံးအနေဖြင့် ပြင်ပေးရန်မကြိုးစားဘဲ ဖက်ဒရယ်မူကို လက်ခံပါ သည်ဟု မြည်တမ်းကာ
ထိုင်နေရုံမျှနှင့်တော့ တိုင်းရင်းသားများကြေနပ်စေရန် နှစ်သိမ့်သည့် သဘောမျှသာ
ရှိပါမည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် ဝေလာဝေးပါမည်။ ဤသို့ မဖြစ်သင့်ပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ပြတ်သား သည့် ဖွဲ
့စည်းပုံအခြေခံဥပဒေလမ်းကြောင်းကို လျှောက်လှမ်းလိမ့်မည်ဟု မြှော်လင့်ဆဲ ရှိကြပါ
သည်။
အထက်ပါ ကျောရိုးငါးချက် ခန့် မျှကို
တပြိုင်တည်းပြင်ရန်လိုပါမည်။ တခုနှင့်အခြားတခု ဆက်စပ်၊
ထောက်သူနေသောကြောင့်ဖြစ်သည်။ ရှည်မည်စိုး၍ အသေးစိပ်ကိုတော့ ဤဆောင်းပါးတွင်
မရေးတော့ပါ။ ယင်း ကျောရိုးတို့ ကို ပြင်ပြီးနောက် ကျန်သည့် အသေးစိပ်များအား
တဖြေးဖြေးပြင်သွားနိုင်ပါမည်။ ဤတွင်ပြသနာရှိလာပါပြီ။ ဤအခြေခံကျောရိုးများအား
ပြင်၍ရနိုင်ပါမည်လား ဟူသော မေးခွန်းဖြစ်သည်။ အခြေခံကျသည့် ကျောရိုးမှန်သမျှ
ပြင်လို့ မရနိုင်အောင်ပင် ၂၀၀၈ ဖွဲ့ စည်းပုံက သံကွန်ချာနှင့် အုပ်ထားပြီးဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က
ဘီဘီစီတွင် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်မလား အသစ်ဆွဲမလား ဟူသော ခေါင်းစဉ်နှင့်
ဆွေးနွေးသောအခါ SNLD ပါတီ မှ ဦးစိုင်းဆောင်စီ က ဖွဲ့ စည်းပုံပြင်ဆင်ရေးကို
ပြဌာန်းထားသည့် ပုဒ်မ ၄၃၆ မှာ အဓိကဖြစ်ကြောင်း နှင့်
ယင်းကိုပြင်ဆင်နိုင်လျှင်အားလုံးအဆင်ပြေသွားနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
စာရေးသူကမူ ပုဒ်မ ၄၃၆ ကိုပင်ပြင်ရန် မဖြစ်နိုင်ဟု ထောက်ပြခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၄၃၆ သည်ပင် ပြင်ရန်ခက်အောင်တမင်သတ်မှတ်ထားသည့်
ကျောရိုးပြဌာန်းချက်များတွင် အကြုံးဝင်သောကြောင့်ဖြစ်သည်။ ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11AUlp6NjRiOFFuUnc/edit?usp=sharing
လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅
ရာခိုင်နုန်းကျော်ရ ရမည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ပြီး
မဲပေးပိုင်ခွင့်ရှိသူပေါင်း၏ ထက်ဝက်ကျော် ရမှသာ ပြင်နိုင်မည်ဖြစ်သောကြောင့်ပင်။
လွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နုန်းကျော်ရရန်ဆိုသည်မှာပင်
မဖြစ်နိုင်လောက်အောင်ခဲယဉ်းနေပြီ။ မဲပေးပိုင်ခွင့်သူ အားလုံး၏
ထက်ဝက်ကျော်ရရန်ဆိုသည်မှာ လုံးဝပင် မဖြစ်နိုင်ပါ။ မဲလာရောက်ပေးသူအားလုံး၏
ထက်ဝက်ကျော် ရလျှင် ပြင်ဆင်ခွင့်ပေးထားမည်ဆိုပါက မြှော်လင့်၍ရနိုင်ပါသေးသည်။
မဲပေးပိုင်ခွင့်ရှိသူ သန်းသုံးဆယ် ရှိမည် ဆိုကြပါစို့ ။ မည်သည့်နိုင်ငံတွင်မျှ
သန်းသုံးဆယ်လုံးလာမပေးပါ။ မဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံးငါးသန်း ခန့် မှာ
နိုင်ငံခြား တိုင်းပြည်များတွင်ရောက်နေကြပြီ။ ပြည်တွင်းအနှံ့ အပြားနှင့်
နယ်စပ်များမှာ စုစုပေါင်းသန်းချီရှိမည့် ဒုက္ခသည်များ မဲပေးခွင့်မရကြ။
မှတ်ပုံတင် မရှိသူများ မဲပေးခွင့်မရကြ။ စိတ်မ၀င်စား၍မဲလာမပေးသူကလည်း အရေအတွက်
နည်းမည်မဟုတ်။ သန်းသုံးဆယ်အနက် သန်းနှစ်ဆယ် မဲလာပေးမည်ဆိုလျှင်ပင် အနိုင်နိုင်။
မဲလာရောက်ပေးသူ သန်းနှစ်ဆယ် အနက် ဆယ်သန်းကျော်က ဖွဲ့  စည်းပုံပြင်ရန်
မဲပေး၍ပြင်ခွင့်ရနိုင်လျှင်ဖြစ်နိုင်သေးသည်။
ယခုမူ ဤသို့ မဟုတ်ပါ။
မဲလာရောက်ပေးသူအရေအတွက်အပေါ်တွင် ထက်ဝက်ကျော် ကို တွက် ချက်ခြင်းမဟုတ်။ မူရင်း
မဲပေးပိုင်ခွင့်ရှိသူအရေအတွက်အပေါ်တွင်တွက်ချက်ခြင်းဖြစ်သည်။ သန်းနှစ်ဆယ် အနက် ၁၅
သန်းကျော်က ထောက်ခံမဲပေးမှ ဖွဲ့ စည်းပုံ၏ ကျောရိုးများကို
ပြင်ခွင့်ရနိုင်မည်ဖြစ်သည်။ ရိုးရိုးသားသား မဲပေး ကြဦးတော့ သန်းနှစ်ဆယ် အနက် ၁၅
သန်းကျော်မဲအား မည်သည့်နည်းနှင့်မျှ မရနိုင်ပါ။ ၂၀၀၈ ဖွဲ့ စည်းပုံကို အတည်
ပြုခဲ့တုံးကကဲ့သို့ မဲမသမာမှုများ ပြုပါက မဲ၁၅ သန်းကျော်မဆိုထားနှင့် ၁၀
သန်းကျော်ပင်မရနိုင်ပါ။ ပြင်၍မရနိုင် အောင်ကို လုပ်ထား သောဖွဲ
့စည်းပုံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ခမျာ
စစ်ခေါင်းဆောင်ဟောင်း သစ်များက ဖွဲ့ စည်းပုံကိုကိုင်သည့် နိုင်ငံရေး ကစားကွက်တွင်
သွက်သွက်လည်နေရှာသည်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်လျှင်လည်း သူ
လက်ခံပါမည် ဟု ပြောလိုက်သည့် အချိန်တွင် မြှော်လင့်ချက် မြင့်မိုရ်တောင်
ဖြစ်သွားပုံရသည်။ ကာလအတန်ကြာ သော အခါ ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်ဘို့ ဖွဲ
့စည်းပုံပြင်ရေးမှာမူ သူ့ အလုပ်မဟုတ် ဟု ပြောလိုက်သောအခါ မြှော်လင့်ချက်က မရေမရာဖြစ်သွားပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် ဦးရွှေမန်းက သူ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ 
သမတရွေးပွဲတွင် သန့် သန့် ရှင်းရှင်းယှဉ်ပြိုင်ကြမည်ဟု ပြောသောအခါ ၀မ်းသာရမလိုလို
ဖြစ်ပြန်သည်။ သို့ ရာ တွင်တဆက်တည်းမှာပင် ဖွဲ့ စည်းပုံပြင်ဆင်ရေးကတော့ ကော်မတီ ဖွဲ
့ထားပါပြီဟု ဆိုကာ ခေါင်းရှောင်သွားပြန်သည်။
ဗေဒင်မေးလျှင် ဆန်ကုန်နေပါမည်။
ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်ဘို့ တခုတည်းအတွက်သက် သက် ဖွဲ့ စည်းပုံကို ပြင်ပေးမည်
မဟုတ်ပါ။ ပြီးခဲ့သည့်ရက်ပိုင်းကပင် တစည ပါတီမှ ဦးဟန်ရွှေက လက်မခံနိုင်ကြောင်း
ဗြောင်ပြောသွားခဲ့ပါပြီ။ ကြံ့ဖွံ့ ပါတီထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်မရသော
ပုဂ္ဂိုလ်အတော်များများ ရှိနိုင်သေးသည်။ ၇၅ ရာခိုင်နုန်းပင်မရနိုင်တော့ကြောင်း
ထင်ရှားနေပါပြီ။ ထို့ အပြင် လွှတ်တော်တခုတည်း ၏ သဘောဖြင့် ပြင်၍မရ။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရပါဦးမည်။ ယခုမူ ဤကိစ္စအတွက် လွှတ်တော်အတွင်းမှာ
ဆွေးနွေးသည့် အဆင့်ပင်မရောက်သေး။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်
ဒေါ်အောင်ဆန်းစုကြည်သမတ ဖြစ်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဖွဲ
့စည်းပုံပြင်ပေးမည်ဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်ဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည်သည်
ယင်းအိပ်မက်မှ နိုးထသင့်ပါပြီ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ
့အစည်းများအနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည်သမတ ဖြစ်ရေး၊ မဖြစ်ရေးကို
သိတ်ပြီးစိတ်မ၀င်စားကြ။ သူတို့ မှာ ဘ၀ရှိသည်။ ခံစားချက်ရှိသည်။ ဖက်ဒရယ်ဖွဲ
့စည်းပုံ ဗဟုသုတများ၊ နိုင်ငံရေးအတွေ့ အကြုံများလည်း
ထိုက်သည့်အားလျှော်စွာရှိနေကြပါပြီ။ သူတို့ လမ်း သူတို့  လျှောက်နေကြပါပြီ။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ အများဆုံးဦးတည်ကြိုးပမ်းနေကြသည်။ မည်သူ
သမတဖြစ်နေပါစေ။ ဖွဲ့ စည်းပုံ၏ အခြေခံကျောရိုးများက ဖက်ဒရယ်အခြေခံကို
အုတ်မြစ်မချနိုင်သမျှ ၄င်းတို့ အတွက် မည်သည့်အခွင့်အရေး မျှ ရနိုင်မည်
မဟုတ်ကြောင်း ရှင်းလင်းစွာ နားလည်နေကြသည်။
ဤနောက်ခံအခြေအနေတွင်
ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့  ချုပ်သည်လည်းကောင်း၊
မည်သည့်လမ်းကို ရွေးချယ်ပါမည်နည်း။ ၂၀၀၈ ဖွဲ့ စည်းပုံ၏ ကျောရိုးများအား ပြင်ရေးဆို
သည်မှာ လက်တွေ့ မဖြစ်နိုင်ပါ။ ဖြစ်နိုင်သည်ဟု ဆိုပါက ၂၀၁၅ မတိုင်ခင် လူထုအားလက်တွေ
့ကျကျ ဖေါ်ဆောင်ပြ ရန် တာဝန်ရှိပါမည်။ ၂၀၁၅ အလွန်ကို လူထုအားယုံမှားကိုးစား
စောင့်ခိုင်းမထားသင့်တော့ပါ။ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို
ကျင့်သုံးခြင်းဖြင့် လွှတ်တော်အတွင်းမည်သည့်ပါတီမျှ ၅၀ ရာခိုင်နုန်းမကျော်အောင်
စီစဉ်။ မည်သည့်အခါမျှ ဖွဲ့ စည်းပုံကို ပြင်၍မရနိုင်အောင်ခြေလှမ်းနေကြပါပြီ။ သို
့ဖြစ်၍ အရေးမပါသည့် ပြဌာန်းချက် အချို့  ပြင်ပေးခြင်းကို လက်ခံလျှက်၂၀၀၈ ဖွဲ
့စည်းပုံ အောက်တွင် ခေါင်းလျှိုးဝပ်တွားဆက်သွားမည်လား။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ
့စည်းပုံအခြေခံဥပဒေ သစ်တခုပေါ်ပေါက်လာ အောင် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်
လက်တွဲ ကာ ငြိမ်းချမ်ရေးရရန် ဆောင်ရွက်သွား မည်လား ဟူသည်ကို ရွေးရန်သာ ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား
အသက်အရှည်စေခြင်ဆုံး ပုဂ္ဂိုလ်မှာ စာရေးသူဖြစ်မည် ထင်သည်။ ၂၀၀၈ ဖွဲ
့စည်းပုံအခြေခံဥပဒေအောက်သို့ သူမဦးဆောင်ဝင်ရောက်ခဲ့သည့် လမ်းကြောင်းမှားကို သူမ
အသက် ထင်ရှား ရှိနေစဉ် ကိုယ်တိုင် ပြန်ပြင်ပေးခဲ့စေလို၍ ဖြစ်သည်။ စစ်အာဏာရှင်စနစ်က
အလိုခြင်ဆုံးဖြစ်သည့် “တရားဝင်မှု”[iv]
အား သူမက ဦးဆောင်အပ်နှင်းခဲ့၍ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည့် အချိန်မှ
စရေတွက် လျှင် တနှစ်ခွဲမျှရှိ သွား ခဲ့ပြီ။ ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ
့စည်းပုံပြင်ဆင်ရေးတို့ အတွက် မည်သည့်အရာကိုမျှ ထိထိ ရောက်ရောက် မလုပ်
ဆောင်နိုင်ခဲ့ပါ။ ဤအတိုင်း မရေမရာဆက်သွားနေလျှင် နောက်တနှစ်ခွဲမှာ မကြာခင်ကုန်ဆုံး၊
၂၀၁၅ ရွေးကောက်ပွဲ ကို ဖြတ်သန်း၊ ၂၀၀၈ ဖွဲ့ စည်းပုံ ရေရှည်တည်တန်
့ခိုင်မြဲသွားပြီး သားစဉ်မြေးဆက်စစ်ကျွန်ဘ၀ တွင် နွန်နစ်နေပါမည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နောက်မျိုးဆက်ခလေးများအား ဤသို့ ချန်မထားရက်သင့်ပါ။
သူမကိုယ်တိုင် ရှင်းခဲ့ဘို့ တာဝန်ရှိပါသည်။ ယူအင်န်အက်ဖ်စီက
တပြည်လုံးအပစ်ရပ်စာချုပ်တွင် သက်သေအဖြစ် လက်မှတ်ထိုးရန်
သူမအား ကမ်းလှမ်းနေသည့် အခွင့်အလန်းကို ဆုပ်ကိုင်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အတူ မားမားရပ်ကာ စတင်ကြိုးပမ်းသင့်ပါပြီ။
သူမအား ကမ်းလှမ်းနေသည့် အခွင့်အလန်းကို ဆုပ်ကိုင်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အတူ မားမားရပ်ကာ စတင်ကြိုးပမ်းသင့်ပါပြီ။
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်ကိုဖြစ်စေ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဖြစ်စေ နစ်နာ ထိခိုက်စေလိုသော ယုတ်ညံ့သည့်
စိတ်ဓါတ်ဖြင့် ဝေဘန်တိုက်ခိုက်နေခြင်း အလျှဉ်းမဟုတ်ပါ။ ပြည်တွင်းငြိမ်းချမ်းရေး
အတွက် အဖွဲ့ ချုပ်၏ သမိုင်းဝင်ကြိုးပမ်းမှုအနေဖြင့် ဆောင်ရွက်စေလို၍သာ ဖြစ်သည်။
အဖွဲ့ ချုပ်အဖွဲ့ ဝင်တဦးမဟုတ်ခဲ့ သော်လည်း ဥပဒေကြောင်းအရတတ်နိုင်သမျှ
ပံ့ပိုးပေးခဲ့သူဖြစ်သည်။ သာဓက တရပ် အနေဖြင့် ဒီပဲယင်း လုပ်ကြံမှု အရေး
ယူဆောင်ရွက်ရေးကော်မရှင်တွင် တာဝန်ယူခဲ့သည့် အစီရင်ခံစာကို ဤလင့်ခ်များတွင် ရှုပါ။
အောင်ထူး (ရှေ့ နေ)
ဥပဒေအထောက်အကူပြု ကွန်ယက် တည်ထောင်သူ အောက်တိုဘာလ (၁၄) ရက် ၂၀၁၃ ခုနှစ်
ဥပဒေအထောက်အကူပြု ကွန်ယက် တည်ထောင်သူ အောက်တိုဘာလ (၁၄) ရက် ၂၀၁၃ ခုနှစ်