Monday, October 7, 2013

အပစ်ရပ်ရေး ဆွေးနွေးပွဲတက်ဖို့ ကုလ ကိုယ်စားလှယ် ရောက်ရှိ

RFA သတင်း

2013-10-06

အောက်တိုဘာ ၈ ရက်နေ့မှာ စတင်မယ့် အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဒီနေ့ မြစ်ကြီးနားကို ရောက်လာပြီး မနက်ဖြန်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့နဲ့အတူ တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့တစ်ချို့လည်း ရောက်ရှိလာမယ်လို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို ပြောပြပါတယ်။
" UN ကိုယ်စားလှယ် မစ္စတာ Nambiar ရယ်၊ ဒီကနေ့ ၁ နာရီလေယာဉ်နဲ့ပေါ့၊ ABSDF ရယ်၊ SSPP ရယ်၊ UWSA ရယ်၊ လူစာရင်းအရ ၆၃ အပေါင်း ၄ ဖွဲ့က KIO နဲ့ တစ်ပါတည်း ပါလာမယ်၊ ဒါပေမယ့် တစ်ချို့က သူတို့ လမ်းကြောင်းနဲ့ သူတို့ ပြန်လာခဲ့အုံးမယ်၊ အရင်ဆုံးရောက်တဲ့အဖွဲ့ကတော့ UN ပေါ့နော်"
သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဟာလည်း မနက်ဖြန်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိလာမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) (ABSDF)  ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) စတဲ့လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့လည်း မကြာမီ ရောက်ရှိမယ်လို့ သိရပါတယ်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)