Wednesday, November 27, 2013

အပြည်ပြည်ဆိုင်ရာကလေးများနေ့၊ ၂၀ နိုဝင်ဘာလ ၂၀၁၃

27/11/2013
ငှားရမ်းစေခိုင်းခြင်းခံနေရသောကလေးများ
မွန်ဒေသအတွင်းအလုပ်လုပ်ကိုင်နေကြရသည့် ကလေးသူငယ်များ၏ ဘဝပုံရိပ်များ
အပြည်ပြည်ဆိုင်ရာကလေးများနေ့၊ ၂၀ နိုဝင်ဘာလ ၂၀၁၃
အမျိုးသမီးနှင့်ကလေးအခွင့်အရေးအစီအစဉ်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အမျိုးသမီးနှင့်ကလေးအခွင့်အရေးအစီအစဉ်မှ မွန်ဒေသအတွင်း အလုပ်လုပ်ကိုင်နေရသည့် ကလေးသူငယ်များ၏ ဘဝပုံရိပ်များကိုငှားရမ်းစေခိုင်းခြင်းခံနေရသောကလေးများအမည်ဖြင့် အစီရင်ခံစာတစောင်ကိုယနေ့တွင်ကျရောက်သောအပြည်ပြည်ဆိုင်ရာကလေးများနေ့တွင် ထုတ်ပြန်လိုက်သည်။ 
ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံတောင်ပိုင်းမွန်ကျေးလက်ဒေသနှင့်ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာကလေးလုပ်သားများရင်ဆိုင်ကြုံတွေ့နေရသည့်ဘဝရပ်တည်ရေး
အခက်အခဲများ၊အဖြစ်အပျက်များကိုအခြေခံပြီးသုတေသနပြု ရေးသားထားသည်။မိသားစု
စားဝတ်နေရေးအတွက်ရရာအလုပ်လုပ်ကိုင်းရင်းကူညီထောက်ပံ့နေသောကလေးငယ်များ၊
ကလေးမိဘများ၊ကျန်းမာရေးလုပ်သားများ၊လူမှုရေးအဖွဲ့အစည်းများနှင့်ကလေး
စောင့်ရှောက်ရေးအသင်းအဖွဲ့များစသည့်နယ်ပယ်များမှ တတ်သိပညာရှင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၆၇ ဦးခန့်ကို တွေ့ဆုံမေးမြန်းထားသည်။ 

အသက်မပြည့်ပဲအလုပ်လုပ်ကိုင်နေကြရသောကလေးမျာ၏ အခြေအနေများနှင့် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင် လူမသိသူမသိဘဝနေထိုင်ရေးအတွက် ရုန်းကန်နေကြရရှာသောကလေးလုပ်သားများ၏ ဘဝအကြောင်းကိုလည်းမှတ်တမ်းပြု ဖော်ပြထားသည်။ 

ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများမရရှိခြင်း၊မြေယာလက်ဝယ် ကင်းမဲ့ခြင်း၊ ရွှေ့ပြောင်းအခြေချ နေထိုင်ရခြင်း၊လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်များ နှစ်ရှည်ချိုးဖောက်ခံနေရခြင်းစသည့် အကျိုးသက်ရောက်မှုများသည်ဒေသနေပြည်သူများအတွက် ဆင်းရဲမွဲတေမှုသံသရာကိုရှည်လျားစေသကဲ့သို့ ကလေးလုပ်သားများတိုးပွားလာမှုကိုလည်းဖန်တီးစေသည့် အဓိကအကြောင်းအရင်းများဖြစ်ကြောင်းဤအစီရင်ခံစာကထောက်ပြထားသည်။

  ထို့အပြင် ခေါက်ရိုးကျိုးနေသည့်လူမှုရေးအမြင်များနှင့်ကျားမဆိုင်ရာအယူအဆတို့သည်လည်း အမျိုးသမီးငယ်လေးများကိုလုပ်ငန်းခွင်သို့အရွယ်မတိုင်မှီတွန်းပို့နေသောတွန်းအား
များဖြစ်နေကြောင်းဖော်ပြထားသည်။ ဒေသအတွင်းကလေးလုပ်သားအရေအတွက်
 လျှော့ချသွားနိုင်ရန်နှင့်တစုံတရာအကာအကွယ်ပေးနိုင်ရန်မှာလူထုအတွင်းပညာရေးဆိုင်
ရာစွမ်းရည်ပံ့ပိုးမှုအစီအစဉ်များ မြှင့်တင်ခြင်းနှင့်အလုပ်ငန်းခွင် လုံခြုံရေးများတိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာအစီအမံများဖြင့်ပံ့ပိုးကာကလေးလုပ်သားများ
ကိစ္စကို တနည်းတဖုံကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းတိုက်တွန်းထားသည်။

လူထုအခြေပြု လူ့အဖွဲ့အစည်းတွေအနေနဲ့ မွန်ဒေသတွေမှာ ကလေးလုပ်သားပမာဏတစတစတိုးပွားလာတာကို အထင်ရှား မြင်တွေ့အောင် ပြုလုပ်ဖို့ အရေးကြီးတယ်။ကျွန်မတို့ပတ်ဝန်းကျင်ကကလေးအစုဟာ ဆင်းရဲမွဲတေမှုကြောင့် မိသားစုဘဝရုန်းကန်ရမှုအတွက် အလုပ်ကြမ်းတွေကိုတနင့်တပိုးလုပ်နေရတာတွေကိုတွေ့နေကြရတယ်။ ဒီကလေးတွေ အများစုဟာ ၁၉၉၁ ခုနှစ် ကလေးအခွင့်အရေးစာချုပ်မှာ ပြဌာန်းထားတဲ့ လုံလောက်တဲ့အစားအစာပံ့ပိုးမှု၊ အခြေခံကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာခံစားခွင့်တွေ၊ အကာအကွယ်တွေဘာတစ်ခုမှခံစားခွင့်မရှိသေးပါဘူး။ ဒေသအတွင်းမှာကလေးတွေအတွက် တချို့ထောက်ပံ့ကူညီမှုတွေ ရှိလာပေမယ့်လည်းဒီဝန်ဆောင်မှု အရေအတွက်တွေဟာလက်ရှိကလေးလုပ်သားထုနဲ့ နှိုင်းရင် ဘယ်လိုမှ လုံလောက်မှု မရှိသေးပါဘူး။ဟု အမျိုးသမီးနှင့် ကလေး အခွင့်အရေး အစီအစဉ်ညွှန်ကြားသူ မိသုတဇဝ်က ပြောပါသည်။

ကောက်ခံရရှိသည့်အချက်အလက်မှတ်တမ်းများအရစိုက်ပျိုးရေးကုန်ထုတ်ကဏ္ဍများဖြစ်သည့် ရာဘာခြံလုပ်ငန်း၊ ကွမ်းခြံလုပ်ငန်းများအပြင် လူသုံးကုန်ထုတ်လုပ်သည့် ပရိဘောဂလုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဈေးဆိုင်များတွင် ကလေးလုပ်သားများနေရာအနှံ့ အလုပ်လုပ်ကိုင်နေရကြောင်းတွေ့ရှိရသည်။ အခြားသောအသက်မွေးမှု ပုံစံများဖြစ်သည့် ကလေးငယ်များ ကျပမ်းအလုပ်ကြမ်းလုပ်ကိုင်ရခြင်း၊ ဥယျာဉ်ခြံများတွင် နေ့စားအလုပ်သမားလေးများအဖြစ် မြက်သင်ချုံရှင်းဝင်ငွေရှာဖွေနေရခြင်း၊  အမှိုက်ပုံများနှင့်လူစည်ကားရာအရပ်များတွင်အမှိုက်ကောက်ပြီးပြန်ရောင်းခြင်း၊ 
 ကျေးလက်တောရွာများတွင် ထင်းခွေ၊ ထင်းခုတ်ခြင်းနှင့် နွားကျောင်းခြင်းအလုပ်များလုပ်ကိုင်ရခြင်းစသည့် ပုံစံစုံဘဝရုန်းကန်မှုများကိုတွေ့ရသည်။

https://mail.google.com/mail/u/0/images/cleardot.gif
တကယ်လို့ အလုပ်တစ်ရက်မလုပ်ရင် တရက်ထမင်းမစားရဘူး။ အဲဒါကြောင့် ကျွန်တော့်အတွက်တော့အလုပ်နားရတဲ့ရက်ဆိုတာမရှိပါဘူး ၊ ကျွန်တော်နေ့တိုင်းအလုပ်အလုပ်နေရတယ်၊ ဘာကြောင့်လဲဆိုတော့ကျွန်တော့်ဝင်ငွေမှမရှိရင် ကျွန်တော်တို့မိသားစု တနေ့တာစားဝတ်နေရေးအတွက်ဘယ်လိုမှ မလုံလောက်ပါဘူး၊ ကျွန်တော်လည်းတခြားကလေးတွေလိုကျောင်းတက်ချင်တာပေါ့၊ ပြီးတော့ သူတို့တွေ ကစားသလို ကျွန်တော်လည်း ကစားချင်တာပေါ့။ ဟု အသက်၁၁ အရွယ် ထိုင်း-မြန်မာနယ်စပ်တနေရာရှိ စက်ရုံမှာအလုပ်အလုပ်နေသောကလေးငယ်မှ အစီရင်ခံစာတွင် သူ့အခြေအနေကိုရှင်းပြထားသည်။

သက္ကရာဇ် ၂၀၀၀ခုနှစ်စကတည်းက မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ လုပ်ငန်းအစီအစဉ်တခုအဖြစ် အမျိုးသမီးနှင့်ကလေးအခွင့်အရေးအစီအစဉ်ကိုအစပျိုးခဲ့ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်နှင့် ကလေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ ပြဌာန်းချက်များနှင့်အညီ မွန်ဒေသတွင်း အမျိုးသမီးနှင့်ကလေး အခွင့်အရေးများ တိုးတက်ကောင်းမွန်လာစေရေးနှင့် ကာကွယ်မြှင့်တင်ရေးအစီအစဉ်များကိုအဓိကထားဆောင်ရွက်ခဲ့သည်။ အမျိုးသမီးနှင့် ကလေးသူငယ်များဆိုင်ရာအချက်အလက်များကိုတိကျမှန်ကန်စွာမှတ်တမ်းတင် ထုတ်ဖော်ခြင်းဖြင့် ၄င်းတို့အတွက် တိုက်တွန်းလှုံ့ဆော်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာပံ့ပိုးမှုများ ဖြည့်ဆည်းပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်။ 

အစီရင်ခံစာပါ အချက်အလက်အသေးစိတ်များအတွက် ဆက်သွယ်ရန် -
မိထောချမ်း ( အစီအစဉ် ညှိုနှိုင်းဆောင်ရွက်သူ) ၊ ဖုန်း- +၆၆ ၉၀ ၄၄၆ ၄၄၃၇
မိသုတဇဝ်- (အစီအစဉ် ညွှန်ကြားသူ)၊ ဖုန်း - +၆၆ ၈၂ ၁၁၃ ၁၇၁၅
အကယ်၍ အစီရင်ခံစာမိတ္တူကို လိုချင်ရင် wcrpcontact@yahoo.com ကနေ ဆက်သွယ် ရယူနိုင်ပါသည်။
www.rehmonnya.org

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)