Sunday, November 3, 2013

ကာချုပ်ရုံး အရေးပေါ် စည်းဝေး အထူးလျှို့ဝှက်စွာ ပြုလုပ်

03/11/2013
တစ်ရက်နှစ်အတွင်း E-mil မစစ်မိလို့ အောက်ပါ သတင်းကို အချိန်မီမတင်နိုင်တာကို နားးလည်ပေး
ပါလို့တောင်းပန်အပ်ပါတယ်။ E-mail ထဲရောက်လာတဲ့စာကို ဝေမျှပေးလိုက်ပါတယ်။


ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဦးစီးဌာန အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင်းရရှိသည်။။ ၄င်း အစည်းဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ် ဥက္ကဌကြီး ဦးရွှေမန်း ၊ ငြိမ်းချမ်းရေး စန်တာမှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ကြီး ခင်ရီ။ ပြည်ထောင်စုဝန် ဦးစိုးသိန်း ကြံခိုင်ဖွတ်မှ ဦးဌေးဦး ၊ ဦးအောင်သိန်းလင်း ဦးအောင်သောင်း ၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ ၊ ပဲခူးတိုင်း ၀န်ကြီး ဦးဥာဏ်ဝင်း နိုင်ငံခြားရေးဝန်ကြီး ဦး ၀ဏ္ဏမောင်လွင် တို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။ သို့သော် တပ်မတော် ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် ရာထူး အဆင့်ရှိသူနှင့် ကာကွယ်ရေး ၀န်ကြီး တက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ အရာရှိ ၁၁ ဦးတက်ရောက်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာ ထိုင်ခုံများတွင် ပြည်ထဲရေး ၀န်ကြီး ကိုကို ပါဝင်ကြောင်း အတည်ပြုနိုင်ပါသည်။

ဆွေးနွေးပွဲအကြောင်းရာများတွင်
(
၁) လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်
(
၂) လိုင်ဇာတွင် ပြုလုပ်နေသော အစည်းဝေး၏ လုပ်ကိုင်ဆောင်ရွက်မှုများအား နိုင်ငံတော် တည်ဆဲဥပဒေအရ တရားဝင်မဟုတ်ကြောင်း သံတမန်နည်းဖြင့်ထုတ်ပြန်
(
၃) ငြိမ်းချမ်းရေးစန်တာ၏ လုပ်ငန်းဆောင်တာများအားပြန်လည်စီစစ်ပြီး ပရိုဂရမ်အသစ်များထပ်မံထည့်သွင်းဖြည့်စွက်ရန်တို့ ဖြစ်ကြသည်။
ဆွေးနွေးပွဲရလဒ်အရ… (၁)လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား တပ်မတော် စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်တာများဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ကြသည်။ လိုအပ်ပါက တိုင်းမှုး တိုင်းဝန်ကြီးတို့၏ အခွင် အာဏာအရမဟုတ်ပဲ ကကကြီး နှင့် ကကလှမ်းတို့မှ တိုက်ရိုက် ကွပ်ကဲဆောင်ရွက်ကာ အိမ်နီးချင်းတရုတ်နိုင်ငံ၏ စစ်ရေးအကူညီများကိုပါ ရယူ ဆောင်ရွက်ကြရန် သဘောတူကြသည်။
(
၂) လိုင်ဇာတွင် ကျင်းပပြုလုပ်နေသော အစည်းဝေးသည် အဆိုပါ တရားမ၀င်အဖွဲစည်းများ၏ အလွတ်သဘောတွေ့ဆုံမှုများဖြစ်ကြောင်းနှင့် တည်ဆဲဥပဒေအရ နိုင်ငံတော် အကြီးကဲ(သို့မဟုတ်) မြန်မာ့ စစ်ဘက်ဆိုင်ရာ အကြီးကဲ တို့အားဖိတ်ခေါ်ထားခြင်းမရှိပဲ မိမိတို့၏ ဥပဒေ အပြင်ဘက်မှ လက်နက်ကိုင် အဖွဲ့များသာ ဆွေးနွေူးပွဲပြုလုပ်ကာ ငြိမ်းချမ်းရေး ထိခိုက်ပြက်ပြားစေနိုင်ကြောင်း အသွင်ဆောင်သော သဘောသက်ရောက်သော အစည်းဝေးဖြစ်ကြောင်းအား နိုင်ငံတော်၏ မိတ်ဆွေများဖြစ်ကြသော နိုင်ငံတကာ သံတမန်များသို့ သံတမန်နည်းလမ်းဖြင့်တင်ပြ ဆောင်ရွက်ကြရန်ဖြစ်သည်။
(
၃) မြန်မာ ငြိမ်းချမ်းရေး စန်တာ၏ လုပ်ငန်း အကောင်ထည်ဖေါ်မှုများတွင် အချို့သော ကိစ္စ အပိုင်းလိုက် တပ်မတော် အရာရှိများနှင့် စနစ်တကျ တိုင်ပင် ပြီး လက်ရှိ တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြသော တပ်မတော် အကြီးကဲများ၏ လမ်းညွန်မှုများအား လိုက်နာရန်နှင့် လိုအပ်ပါက တပ်မတော်မှ ယာယီတာဝန်တခု ပေးအပ်သော အဖွဲ့စည်းတခု ထပ်မံ ဖွဲ့စည်း ဖြည့်တင်းကာ ၄င်းအဖွဲ့စည်း၏ ဦးဆောင် လမ်းညွန်မှုအား ခံယူရန် သဘောတူကြသည်။
အဆိုပါ အစည်းဝေးသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသ လွှတ်တော်တို့မှ သိရှိခြင်း မရှိပဲ အရေးပေါ် ခေါ်ယူ တွေ့ဆုံးစည်းဝေးခဲ့သော အာရုံတက် အစည်းဝေး ဖြစ်ကြောင်း လဲသိရသည်။
အစည်းဝေးသည် လွန်ခဲ့သော ၂၂ မိနစ်အကြာမှပင် ပြီးဆုံးသွားကြောင်း သိရသည်။

သတင်းရေးချိန် အောက်တို့ဘာ ၃၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ် ၂၀၁၃ ခုနှစ်

သတင်းဖြစ်ရပ်မှန် ခိုင်လုံပါသည်

ဂိုလ်ရှယ်လေး

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)