Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

Monday, December 23, 2013

တရုတ်မယား ဈေးကွက်


တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7day Daily
Source: http://www.thithtoolwin.info/2013/12/blog-post_5360.html#.UrgCTZstk7k
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)