Sunday, February 16, 2014

16-02-2014

ရန်သူကိုရှုမြင်သုံးသပ်တဲ့အခါ အဖွဲ့ အစည်းတခုအတွင်းမှာ အမာလိုင်း..အပျော့လိုင်းနဲ့ 
ဘာအမြင်မှကွဲကွဲပြားပြားမရှိတဲ့ ကြားလိုင်းတွေရှိနေတတ်ပါတယ်။
တခါတလေ အမာလိုင်းက မှားတတ်သလို တခါတလေ အပျော့လိုင်းကလဲမှားတာဖြစ်နိုင်ပါတယ်။။။
ခုလက်ရှိအနေအထာမှာတော့ အပျော့လိုင်းတွေမှားနေတာကိုတွေ့ ရပါတယ်...
ဘာလို့ မှားလဲ သုံးသပ်ကြည့်ရအောင်...
ခုအချိန်မှာရန်သူနဲ့ အပစ်ရပ်လုပ်နေတဲ့ရည်ရွယ်ချက်က ဘာလဲ အဲဒါကိုအရင်ကြည့်မယ်...ပြီးမှ
ဘာတွေဖြစ်လာနေလဲဆိုတာကိုဆက်သွားမယ်.
ကဲ စမယ်..

အပစ်ရပ်လုပ်နေတဲ့ရည်ရွယ်ချက်က နိုင်ငံရေးဆွေနွေးပွဲတွေဆက်လုပ်ဖို့ လို့ ပြောကြပါတယ်။
ဒီတော့အပစ်မရပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးလို့ မရဘူးလို့ ယူဆကြလို့ ဖြစ်မယ်ထင်တာဘဲ။
ဒါမှမဟုတ်ရင်လဲ အပစ်မရပ်ရင်မဆွေးနွေးဘူးလို့ 
တဘက်ဘက်က အကြပ်ကိုင်လို့ များလားတွေးစရာဖြစ်နေတယ်။
ဒီတော့ မြန်မာပြည်မငြိမ်းချမ်းရတာဟာ
နိုင်ငံရေးပြသနာမဟုတ်ဘဲ ဟိုအဖွဲ့ ဒီအဖွဲ့ တွေက ထပြီးအသားလွတ်ပစ်ခတ်နေကြတာဖြစ်နေရင်
ဆွေးနွေးဖို့  အပစ်အရင်ရပ်ရမှာဖြစ်တယ်။
တကယ်လို့ နိုင်ငံရေးမပြေလည်မှုတွေ မတရားမှုတွေကြောင့်
ပစ်နေခတ်နေကြတာဖြစ်ရင်တော့ အဲဒီနိုင်ငံရေးမပြေမလည်ဖြစ်စေတဲ့
အခြေအမြစ်တွေကို အရင်ရှင်းတာကို အရင်လုပ်ကြရမှာပါ..အဆင့်ကျော်လုပ်လို့ မရပါဘူး..

အဲ.. ကရင်တွေ သေနပ်ပစ်နေကြတာ ဘာနိုင်ငံရေး မပြေလည်မှုတွေကြောင့်မှမဟုတ်ဘူး..
အစိုးရက ကရင်တွေကိုခြေမှုန်းနေတာကလဲ ဘာနိုင်ငံရေး အခြေခံမှမပါဘူး ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ 
အရင်အပစ်အခတ်ရပ်စဲရပါမယ်။ ပြီးမှအနောက်တလှမ်းပြန်ဆုတ်လာပြီး နိုင်ငံရေးကိစ္စတွေပြောကြပေတော့...။

တချို့ ကတော့ အပစ်ရပ်တာကို ယုံကြည်မှုတည်ဆောက်တာလို့ ပြောပြန်တယ်။
ဒါဟာ ဒီလို ဘယ်လိုဖြစ်နိုင်မလဲ..အပစ်ရပ်တာဟာ အပစ်ရပ်တာပါဘဲ..ယာယီသဘောဘဲ..
အခြေခံမူတွေစနစ်တွေနဲ့ သဘောထားတွေကိုပြောင်းလိုက်တာမှမဟုတ်ဘဲ..
အဲလိုဘာမူဝါဒမှပြောင်းလိုက်တာမရှိဘဲ
တဘက်နဲ့တဘက်က ဘာကိစ္စနဲ့ ယုံကြည်မှုတွေတိုးလာမှာလဲ..
အစိုးရဘက်ကတော့ ငါတို့ မပစ်ဘဲနေရင်
သူတို့ လဲ မပစ်ဘူးဆိုတာကို နဂိုလ်ကတည်းကသိထားပြီးသားဘဲ..
ဒီတော့အပစ်ရပ်ပီး ယုံကြည်မှုတည်ဆောက်တယ်ဆိုတာက
အခြေအမြစ်မရှိတဲ့ အယူအဆသက်သက်ဖြစ်နေတာဘဲ...
အပြန်အလှန်လိမ်စား လှည့်စားနေကြတာလောက်ဘဲဖြစ်နေတာဘဲ...
အပြန်အလှန်ခြေပုန်းခုတ်ဖို့ လောက်ဘဲဖြစ်နေတာဘဲ...Tom & Jerry ကာတွန်းကားထဲကလိုဖြစ်နေတာပါဘဲ..
ဒါအမျိုးက ရိုးသားမှုရော အနာဂတ်ရောမရှိပါဘူး...

ခု ဒုတိယပိုင်းအဖြစ် ဘာတွေဖြစ်လာနေတယ်ဆိုတာကိုကြည့်ရအောင်....

အပစ်ရပ်ထားတဲ့ကာလမှာ အစိုးရတပ်တွေက နယ်မြေတွေတိုးချဲ့လာနေတာ နယ်မြေတိုင်းမှာဖြစ်နေတဲ့ကိစ္စမို့ အထူးထပ်ပြီးပြောမနေတော့ပါဘူး..
အပစ်ရပ်နိုင်တာလေးကိုအကြောင်းပြုပြီး နိုင်ငံတကာက အစိုးရဘက်ကို ပံ့ပိုးမှုတွေ ဘက်စုံတိုးတက်လာနေတာလဲလူတိုင်းမြင်နေတာမို့ ကျော်လိုက်မယ်..
တဖွဲ့ နဲ့အပစ်ရပ်ထားချိန်မှာ တခြားအဖွဲ့ တွေကိုပိုပြီးထိုးစစ်ဆင်နေတာလဲ မြင်နေရတာဘဲ..ပြောနေဖို့ မလိုဘူး..

ဒီနေရာမှာဘယ်သူမှမထောက်ပြရသေးတဲ့အလွန်အထိနာတဲ့ အချက်တချက်ကိုဘဲတင်ပြပါရစေ...

ဟိုချီမင်းဟာ အမေရိကန်တော်လှန်ရေးကာလတလျှောက် ထိုင်းနိုင်ငံအရှေ့ပိုင်းက ဒုက္ခသည်စခန်းမှာ ရုံးစိုက်ခဲ့တယ်..
ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး လူသားချင်းစာနာရေး မူဘောင်တွေနဲ့ ကိုက်တဲ့အပေါ်ယံ အသွင်ဆောင်ပြီးနေခဲ့ကြတာလဲဖြစ်တယ်။
တဘက်မှာလဲ ဗီယက်နမ်ကို ဗုံးလာကျဲတဲ့အမေရိကန်လေတပ် ကိုထိုင်းကဘဲ ထိုင်းနိုင်ငံမှာ စခန်းချနား ရိက္ခာဖြည့်တာတွေကို
အဖိုးအခနင့်နေအောင်ယူပြီးခွင့်ပြုခဲ့တဲ့အချိန်....နောက်ဆုံးကိုဖြတ်ပြီးပြောရမယ်ဆိုရင်တော့ ..
နောက်ဆုံးမှာဟိုချီမင်းစစ်နိုင်ပြီး အမေရိကန်စစ်ရှုံးသွားတယ်။

ဒီသမိုင်းဖြစ်စဉ်နဲ့ ဆင်တူတာလေးတွေ ကိုကရင်တွေလဲကြုံဆုံနေတယ်...ထိုင်းနိုင်ငံအတွင်းက
ကရင်ဒုက္ခသည်စခန်းတွေဟာကရင့်တော်လှန်ရေးရဲ့  အသွင်ဖျောက် အမာခံစခန်းတွေလိုဖြစ်နေခဲ့တယ်။
ကရင်စစ်သားတွေ ရှေ့တန်းမှာ တိုက်ခိုက်တယ်..ပြီးရင် နောက်တန်းမှာလာပြန်နားတယ်...
အလုံခြုံဆုံးနဲ့ လူမှုစောင့်ရှောက်ရေးတွေအပြည့်အစုံရှိတဲ့နောက်တန်းရဲ့ နောက်တန်းကတော့ ဒုက္ခသည်စခန်းတွေပါဘဲ။
ဒီစခန်းတွေကို တကမ္ဘာလုံးက လူသားချင်းစာနာရေးအထောက်အကူတွေ လိုအပ်သလိုထောက်ပံ့ထားပေးတယ်...
ဒါ့ထက်မက ကရင်ပြည်နယ်လို့ နာမယ်အတုပေးထားတဲ့
မြန်မာပြည်မှာ မရတဲ့ အမျိုးသားစာပေအဆင့်မြင့်ထိမ်းသိမ်းခွင့်ကိုလဲရထားတယ်..
ကျောင်းတိုင်းမှာ ဆေးရုံတိုင်းမှာ ကရင်စာပေကိုတရားဝင်စာပေအဖြစ်အသုံးချတယ်..
ကရင်သားသမီးလေးတွေ နိုင်ငံတကာကိုသွားရောက်အခြေချပြီး စာပေဆည်းပူးသင်ကြားခွင့်တွေ့ကြတယ်...
ဒီစခန်းတွေမရှိတော့ရင် ဒီအခြေအနေတွေမပျက်ဖို့ ဘာဆက်လုပ်မလဲ...

ဒီတော့....နောက်ဆုံးကိုဖြတ်ပြီးပြောရမယ်ဆိုရင် ကရင်ခေါင်းဆောင်တွေဟာ ရထားပြိးသားအခြေအနေကိုအသုံးချတတ်လား ..
အဲဒီအခြေအနေတွေတန်ဖိုးဘယ်လောက်ရှိမှန်းကိုနားလည်နိုင်စွမ်းရှိလား...ဒါပေမဲ့
ကရင်ခေါင်းဆောင်တွေမမြင်တတ်တဲ့ ဒီတန်ဖိုးတွေကို ရန်သူကတော့ ကောင်းကောင်းနာလည်တယ်..မြင်တယ်...
ဒီအနေအထားတွေကိုဖျက်ဆီးပစ်နိုင်ရင် ကရင် ကိုအမွှေးမကျွတ်ရင်တောင် အတောင်ချွတ်ပြီးသားဖြစ်နေပြီနဆိုတာသူတို့ တွက်မိတယ်...
ဒီတော့ အပစ်ရပ်ရေးလုပ်မယ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လေသံပစ်မယ်.ပစ်တာခတ်တာတိတ်သွားရင်
လူသားချင်းစာနာရေးအကူအညီတွေ နိုင်ငံတကာကဥပဒေနဲ့အညီ ဆက်ပေးလို့ မရတော့ဘူး...
ချက်ခြင်းမဟုတ်ရင်တောင် အမြန်ဆုံးပြတ်သွားမှာပါဘဲ...ဒီတော့ဒုက္ခသည်စခန်းတွေပြုတ်ဖို့ ဘဲရှိပါတယ်..
ဒုက္ခသည်စခန်းတွေပြုတ်သွားလို့ ရလာမဲ့ကောင်းကျိုးတခုမှမမြင်ရသေးဘူး..

ဒီတော့ ရန်သူကိုဒူးထောက်အရှုံးမပေးဘဲ ဆက်ပြီးတောင့်ခံနိုင်မယ့်အနေအထားလုံးဝနီးနီးပျက်စီးသွားမယ်...
ဒုက္ခသည်စခန်းတွေကို ဒီနည်းနဲ့ဖြိုချနေချိန်မှာ အပစ်ရပ်ပြီး ကရင့်ဂွင်မှန်သမျှကို အတွင်းနှိုက်ချစားနေတာကိုတော့
ကရင်လူထုတွေကလဲမြင်ကြပါတယ်..ဒီတော့ ကေအဲန်ယူဘာကျန်သေးလဲ..စဉ်းစား ခေါင်းဆောင်ကြီးတွေ စဉ်းစား..
ကိုယ့်ကိုပေးနေတဲ့ကားပါမစ်တွေ အခွင့်အရေးတွေဟာ ကိုယ့်လူမျိုးကိုအနိုင်ကျင့်ပြီးလုယူထားခဲ့တာတွေ..
ကိုယ့်ကို ပုဂ္ဂိုလ်အရခွဲဝေပေးတဲ့မြေတွေဟာလဲ အစိုးရကနေပြီးကိုယ့်လူထုတွေဆီကမတရားသိမ်းထားတဲ့မြေတွေ..
အပျော့လိုင်းခေါင်းဆောင်ကြီးတွေကိုပေးတဲ့ လဘ်လာဘတွေမှန်သမျှကို ကရင်ပြည်သူတဦးတလေမှမရကြပါဘူး...

နောက်ဆုံးအနေနဲ့ ပြောမယ်...
မြန်မာအစိုးရဟာ လူမျိုးစုတွေကိုတန်းတူခွင့်ပေးချင်တယ်..ကိုယ်ပိုင်ပြဌာန်းခွင့်အစစ်အမှန်ပေးချင်တယ်..
လူမျိုးကြီးဝါဒကိုကိုင်စွဲပြီး ကျန်ညီနောင်လူမျိုးစုအားလုံးကိုမပိုင်စီးချင်တော့ဘူးဆိုရင်
ကေအဲန်ယူနဲ့ရော တခြားလူမျိုးစုအဖွဲ့ အစည်းတွေနဲ့ကောခုလို အဆင့်ကျော်ပြီး အပစ်ရပ်ရေး..ငြိမ်းချမ်းရေး တွေကိုပြောစရာမလိုဘူး..
ပထမဆုံးသူတို့ လုပ်ကိုလုပ်မှာက လွှတ်တော်မှာ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုစနစ်ဥပဒေအဖြစ်ပြောင်းပြီးအတည်ပြုမယ်..
သူတို့ မှာလုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်။ ဖက်ဒရယ်ဥပဒေ ရေးဆွဲချမှတ်ဖို့ ဟာလွှတ်တော်ရဲ့ လက်ရှိလုပ်ပိုင်ခွင့်အာဏာ..
ဒီတာဝန်ဟာကရင်အပါအ၀င်ဘယ်လူမျိုးစုအဖွဲ့ အစည်းတွေရဲ့ တာဝန်မှမဟုတ်ဘူး..ဒါဥပဒေကြောင်းအရပြောတာ..
သူတို့ တာဝန်ကိုသူတို့ လုပ်ချင်တဲ့စေတနာမရှိလို့ ..လူမျိုးစုလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ 
တာဝန်ဖြစ်သရောင် အားလုံးအထင်မှားအောင်လုပ်နေတာပါ။ သူတို့ အတာကို လူမျိုးစုတွေရဲ့ အတာဖြစ်သွားအောင်လုပ်နေတာပါ။
ခင်ဗျားတို့ လူမျိုးစုတွေအားလုံးဒီထောင်ခြောက်ထဲကိုရောက်နေကြပြီ...

အကြံပေးပါရစေ...ခင်ဗျားတို့  အားလုံးခုမိနေတဲ့ ထောင်ခြောက်ကနေရုန်းထွက်နိုင်ဖို့  နောင်မှာဆက်လက်ပြင်ဆင်ဖြည့်စွက်နိုင်တဲ့
ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေကို လက်ရှိလွှတ်တော်ကနေပြီး မနှောင့်မနှေးရေးဆွဲချမှတ်ပေးဖို့  တညီတညွတ်ထဲတောင်းဆိုကြပါ။
ဒီဖွဲ့ စည်းပုံကိုရေးဆွဲချမှတ်ခွင့်အာဏာရှိရဲ့ နဲ့ မရေးတာဟာ သူတို့ ရဲ့ စေတနာအမှန်ဖြစ်သလို..မြန်မာပြည်မငြိမ်းချမ်းတာဟာလဲ သူတို့ ရဲ့ 
တာဝန်လုံးဝဖြစ်တယ်ဆိုတာကို ပြည်သူတရပ်လုံးကရော နိုင်ငံတကာကပါ ရှင်းရှင်းမြင်လာမယ်...
ခုတော့ ခင်ဗျားတို့ က ကိုယ့်ကိုယ်ကိုလည်တယ်ထင်ပြီး သူတို့ အစားတရားခံဝင်လုပ်ပေးနေတာကိုး...

စေတနာမှန်သက်သက်ထားပြီး အဖြစ်မှန် အနေအထားမှန် နဲ့ အနာဂတ်အမှန်ကို ထောက်ပြလိုက်တာကို စိတ်မရှိပါနဲ့ခင်ဗျား...

စိတ်ရှိသလိုတုံ့ ပြန်စေချင်ပါတယ်..ကိုယ့်လူမျိုးကိစ္စကိုယ့်ကိစ္စမဟုတ်သလို မစိမ်းကားကြစေချင်ပါ..
လေးစားလျှက်...
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)