Kamayut Media on February 9, 2014
မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့
တောင်းဆိုချက်ဖြစ်တဲ့ လာမယ့် ဘားအံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ကို
ဖိတ်ကြားမယ့်အစီအစဉ် သူ့အနေနဲ့ မငြင်းပယ်ဘူးလို့ သမ္မတရုံး ဝန်ကြီး
ဦးအောင်မင်းက ဖေဖော်ဝါရီ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သူတို့အစိုးရအဖွဲ့က တိုင်းရင်းသားအဖွဲ့တွေရဲ့တောင်း
ဆိုချက်ကို
ဘယ်တုန်းကမှ မငြင်းပယ်ခဲ့တာဖြစ်ပြီး လော်ခီးလာညီလာခံအဆက်ဖြစ်တဲ့
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ အစိုးရရဲ့
ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီတို့ လာမယ့် ဖေဖော်ဝါရီ ၂ဝမှာ MPC မှာ
တွေ့ကြမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ
တွ ဆွေးနွေးကြမယ့် ဘားအံညီလာခံကို မတ်လထဲမှာ ကျင်းပဖို့ရှိပေမယ့် ရက်အတိအကျကိုတော့ မပြောလိုဘူးလို့ ဦးအောင်မင်းက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးဖော်ဆော်ငဖို့ ဟန်ချက်ညီညီ အကောင်အထည်ဖော်ဖို့လိုပြီး
အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်ဆိုတဲ့ စကားလုံး
ဘယ်လိုအဓိပ္ပာယ်ဖော်လဲဆိုတာ နှစ်ဖက်စလုံး ရှင်းရှင်းလင်းလင်း
လုပ်ဖို့လိုတယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
လော်ခီးလာညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ
တွ
ဇန်နဝါရီနှောင်းပိုင်းမှာ ၅ရက်ကြာကျင်းပခဲ့ပြီး အပစ်ခတ်ရပ်စဲရေး
လက်မှတ်ထိုးဖို့ မူအားဖြင့် သဘောတူညီခဲ့ကြပြီး အစိုးရနဲ့ ဘားအံညီလာခံမှာ
သဘောတူညီချက်ယူဖို့ရှိနေပါတယ်။