12-02-2014
Agga Poechit to Susanna Soe မှ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ Facebook ထဲမှ ရေးထားတဲ့စာပါ။
ကရင်ခေါင်းဆောင်တွေကိုမေးချင်တယ်....မြန်မာအစိုးရဟာ ခင်ဗျားတို့ ရဲ
့မိတ်ဆွေဖြစ်သွားပြီလား..ခင်ဗျားတို့ ကိုတန်းတူခွင့်ပေးဖို
့ဖက်ဒရယ်ပြည်ထောင်စု
ဥပဒေတွေရေးနေပြီလား..ခင်ဗျားတို့ ကို
ကိုယ်ပိုင်ပြဌာန်းခွင့်ပေးလိုက်ပြီလား...ဒါတွေမပေးမခြင်း
ရန်သူဖြစ်နေတုန်းဆိုတဲ့ နိုင်ငံရေးသတ်မှတ်ချက်ကိုခင်ဗျားတို့ နားလည်ရဲ
့သားနဲ့ .....
တွေ့ ဆုံဆွေးနွေးနေတဲ့အချိန်..ကိုယ်တောင်းတာဘာမှမပေးသေးတဲ့အချိန် ရန်သူဘဲဖြစ်နေဆဲကိုရန်သူလို့ ခင်ဗျားတို့ မခေါ်ရက်လောက်အောင်ဖြစ်နေစရာ
မလိုသေးဘူးထင်တယ်....

တကယ်တော့ ခုလုပ်နေတဲ့ တွေ့ ဆုံဆွေးနွေးမှုတွေဟာ တဘက်နဲ့ တဘက်ရန်သူဖြစ်နေသေးတဲ့အခြေအနေမှန်ပေါ်ကဖြစ်စဉ်တွေဆိုတာ လူတိုင်းသိကြတယ်...ဒီတော့
ရန်သူအနေအထားမှာဘဲရှိနေသေးသူကိုရန်သူလို့ မခေါ်ရင် ခင်ဗျားတို့ တပန်းရှူံးနေပြီပေါ့..ခင်ဗျားတို့ သမတနဲ့ တွေ့ တယ်..စစ်ဦးစီးချုပ်နဲ့ တွေ့ တယ်..အဲဒီလောက်နဲ

့ရန်ငါ ဆိုတာဘာမှန်းမသိဖြစ်သွားဖို
့အကြောင်းမဟုတ်သေးဘူး..
ဒီတော့ ဆွေးနွေးညှိနှုင်းပွဲတွေအဖြေမပေါ်မခြင်း ရန်သူကို ရန်သူလို့ ဘဲ ရှင်းရှင်းလင်းလင်းပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားခေါ်ဆိုသတ်မှတ်ပါ...ခင်ဗျားတို့ သိတ်ပြီးမျက်နှာချိုသွေးနေကြရင် စစ်ပဒေသရာဇ်အမွေခံ ရန်သူကခင်ဗျားတို့ ကိုနဲနဲလေးမှ အထင်မကြီးသလို..ပြည်သူတွေကလည်း မလေးစားဘူး..။
ရန်သူနဲ့  ချောင်းပေါက်မတတ် ပြေးပြေးတွေ့ နေတဲ့ ခင်ဗျားတို့ဟာ..ကိုယ့်ရဲဘော်ရဲဘက်အရင်း သေဖေါ်သေဖက်အရင်းတွေဖြစ်တဲ့ ကန်ထုတ်ခံခဲ့ရတဲ့ ကရင်အဖွဲ့ အစည်းအသီးသီးနဲ့  အကြိမ်ကြိမ်တွေ့ ပြီး ပြန်လည်စည်းရုံးစုပေါင်းဖို့ ကိုတော့ဘာမှအောင်မြင်မြင်မလုပ်ဘူး
အချင်းချင်းကြွဲုပဲနေမြဲအခြေအနေဆိုးကို ရန်သူအလိုကျထိမ်းသိမ်းထားနေကြတာ ဘာလုပ်ဖို့ လဲ..အချင်းချင်းကွဲနေယုံမက သူ့ ထက်ငါအလုအရက် ရန်သူနဲ့ သွားပြေးတွေ့ ပြီး အဘဆီက မုံ့ ဘိုးလုတောင်းနေကြတဲ့ကလေးတွေလို အိနြေ္ဒမရဖြစ်နေကြပါလား...ထိမ်းထားဦးကိုယ့်လူ..
အသက်ကြီးလို့ စိတ်ဓါတ်တွေမခိုင်မမာဖြစ်ကုန်ြပီဆိုရင် အာဏာယူထားမဲ့အစား..ပြတ်ပြတ်သားသားမတိမ်းမစောင်းရှိနေသေးတဲ့ လူငယ်တွေလက်ထဲလွဲပေးလိုက်ဖို့ သင့်ပါတယ်..ကရင်တမျိုးသားလုံးရဲ့ ကံကြမ္မာကိုရှေ့ရှူရင်ပေါ့...

ခင်ဗျားတို့ ခုလုပ်နေတဲ့အလိမ်အညာ
ငြိမ်းချမ်းရေးတွေ ဒီတနှစ်အတွင်း ဘယ်ကိုမှခရီးရောက်ဖို
့မရှိဘူး...လွှတ်တော်က ဖယ်ဒရယ်ပြည်ထောင်စုဖွဲ
့စည်းပုံကိုမရေးဆွဲမချမှတ်ရသေးမခြင်း ခင်ဗျားတို့  အတွက်ဘာခေတ်သစ်မှ
မပြောင်းသေးဘူး..ဘယ်တံခါးပေါက်မှမပွင့်သေးဘူးဆိုတာ သိသိကြီးနဲ့ ..ဘာလို
့အခြေခံဒေသနဲ့ လူထုတချို့ အပျက်ခံပြီး ကိုယ့်လူမျိုးအဖွဲ့ အစည်းတွေ
အစားရန်သူအစိုးရနဲ့ ပလူးပလဲလုပ်နေရအုန်းမလဲ...
တကယ်တော့ စစ်တပ်ကလွှတ်ပေးထားတဲ့အခင်းအကျင်းဂွင်ကိုကျော်ပြီး လွှတ်တော်က ဖက်ဒရယ်ဥပဒေကိုဘယ်တော့မှရေးဆွဲပြဌာန်းရဲမှာ မဟုတ်ဘူးဆိုတာ..ခင်ဗျားတို့ ကလဲကြိုတင်ခန့် မှန်းထားတာဘဲ..
ပဒေသရာင်္ဇ်အမွေခံ မြန်မာတပ်မတော်ဟာ ရူးသွပ်နေတာကြာပြီ..ကမ္ဘာကဘာပြောပြော ပြည်သူတွေ ဘယ်လောက်ငါတ်သေသေ-အဲလိုအချိန်မျိုးရောက်လာရင်တော့ ဘယ်သူ့ အကျိုးမှမထောက်ဘဲ အာဏာသိမ်းပစ်ဖို့ အသင့်ရှိတယ်ဆိုတာခင်ဗျားတို့ နားလည်နေတဲ့ ဖြစ်စဉ်တခုဘဲ... .ဒီသဘောသဘာဝကိုနားမလည်ရလောက်အောင် ခင်ဗျားတို့ ရဲ့ နိုင်ငံရေးဝါတွေက မနုတော့ပါဘူး....