13-02-2014
သုံးသပ်ချက်ကောင်းလို့ရှယ်လာပါတယ်...။
၈၈
နောက်ပိုင်း အဖွဲ့ အစည်းတွေမှာ အကြမ်းမဖက်တို့ ငြိမ်းချမ်းတဲ့နည်းတို
့လမ်းတို့ သိပ်သုံးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအာမခံတဲ့ စကားလေးမပါရင်
ငွေကြေးအကူအညီမရဘူး။ အဖွဲ့ အစည်း အများစုက အနောက်က ထောက်ပံ့တာဆိုတော့ တခါတည်း ဟိုက ကန့် သတ်ထားတဲ့ ဘောင်အတွင်းက လုပ်ရတာ။အခုတော့ ပြည်တွင်းပြည်ပ အနောက်ကမငြိုငြင်ဖို့ ရယ် အာဏာရှင်တွေရဲ့ အမျက်မသင့်အောင်ရယ် ငြိမ်းချမ်းတဲ့ နည်းတွေ မျှတတဲ့လမ်းတွေ တွင်တွင်သုံးရတယ်။ ဆိုတော့ တရားမျှတတဲ့နည်းလမ်း ဆိုတာဘာလဲ။
ဖိနှိပ်သူ အာဏာရှင်ကို မတရားတဲ့ အမိန့် အာဏာတွေကို တွန်းလှန်တိုက်ပွဲဝင်မှုမှန်သမျှသည် တရားမျှတတယ် မှန်ကန်တယ် သင့်လျော်တယ်။ အဓမ္မကို ဓမ္မနဲ့ တွန်းလှန်ဖို့ လုပ်ရပ်မှန်သမျှသည် တရားမျှတတယ် Just ဖြစ်တယ်။ အဲဒီ တွန်းလှန်တိုက်ပွဲဝင်မှုတွေ အားလုံးက အလိုအလျောက် justified ဖြစ်တယ်။
အဲဒီလို တရားမျှတတဲ့တိုက်ပွဲတွေဟာ ငြိမ်းချမ်းစွာနဲ့ လား မငြိမ်းချမ်းဘူးလား၊ အကြမ်းဖက်သင့်လား မဖက်သင့်ဘူးလား။
ဥပမာတခု အမှတ်ရပါတယ် - မြွေမြွေခြင်း ခြေမြင်တော့ ပြောသွားတဲ့စကားပါ။ အိုဘားမားကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးတော့ သူ့ ကို ဒီဆုနဲ့ နှပ်ကြောင်းပေးလို့ မရဘူး နဖားကြိုးထိုးလို့ မရဘူးဆိုတာကို သာသာနဲ့ နာနာ ပြောသွားတယ် ပေးချင်ပေး မပေးချင်နေပေါ့။
သူပြောသွားတာမှာ အများပြည်သူကို ကာကွယ်ဖို့ လိုအပ်တဲ့ တရားမျှတတဲ့စစ် (Just War) သဘောတရားလည်းပါသလို အကြမ်းမဖက်လှုပ်ရှားမှုက ဟစ်တလာရဲ့ တပ်တွေကို တားဆီးနိုင်ခဲ့မှာ မဟုတ်ဘူး ညှိနှိုင်းဆွေးနွေးမှုတွေက အယ်လ်ကာအီဒါ ခေါင်းဆောင်တွေကို လက်နက်ချခိုင်းနိုင်ခဲ့မှာ မဟုတ်ဘူး တခါတရံမှာ အင်အားသုံးဖြေရှင်းဖို့ လိုတယ် ဒါဟာ သမိုင်းကို အသိအမှတ်ပြုတာ ဆိုတာတွေပါတယ်။ သမိုင်းဆိုတာကို သုံးသွားတယ်။
Evil does exist in the world. A non-violent movement could not have halted Hitler’s armies. Negotiations cannot convince al Qaeda’s leaders to lay down their arms. To say that force may sometimes be necessary is not a call to cynicism — it is a recognition of history; the imperfections of man and the limits of reason.
ဆိုတော့ ငြိမ်းချမ်းတဲ့နည်း တရားမျှတတဲ့နည်းဆိုတာ ဘာကိုဆိုလိုပါသလဲ။ စဉ်းစားစရာပါ တွေးတောစရာပါ ပြန်လည်သုံးသပ်ဖို့ ပါ။