Tuesday, March 18, 2014

မလေးရှားလေယာဉ် ရှာဖွေရေးနယ်ပယ်တိုးချဲ့

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် တမင်တကာ လမ်းကြောင်း ပြောင်းသွား တယ်လို့ ယူဆရတဲ့ တောင်နဲ့မြောက် လမ်းကြောင်း တလျှောက် ရှာဖွေရေးတွေ စတင်လုပ်ဆောင်နေပြီလို့ မလေးရှား အစိုးရက ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောသွားပါတယ်။ ဒီရှာဖွေရေးမှာ ရေပြင်နဲ့ နိုင်ငံ ၁၁ နိုင်ငံက ကုန်းမြေပါ ထည့်သွင်းပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hisha mmuddin Hussein က ပြောပါတယ်။
ရှာဖွေနယ်မြေက စတုရန်းမိုင်သန်းပေါင်းများစွာကျယ်ဝန်းတာပါ။ မတ်လ ၈ ရက်နေ့မှာ ရေဒါကနေ ပျောက်ဆုံးသွားပြီးတဲ့နောက် Boeing 777 လေယာဉ်ဟာ မြောက်ဖက်ကို ဦးတည်ပြီး အာရှတိုက် အလယ်ပိုင်းဘက် ဒါမှမဟုတ် ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာဘက် - တောင်ဘက်အရပ်ကို ပျံသန်းသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆပါတယ်။

ဒီကနေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် Najib Razak ရဲ့တောင်းဆိုမှုနဲ့ တောင်ဘက်အခြမ်းက ရှာဖွေရေးတွေကို  ဦးဆောင်လုပ်ပေးဖို့ Australia က သဘောတူလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ Australia ဝန်ကြီးချုပ် Tony Abbot က လူ ၂၃၉ ဦးလိုက်ပါလာတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် Australia လေပိုင်နက်နားရောက်ရှိတဲ့ပုံ မတွေ့ရဘူးလို့ ပြောထားတာပါ။

ဗွီအိုအေ (မြန်မာဌာန)




မလေးရှား လေကြောင်းလိုင်းမှာ ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေက မလေးရှား အစိုးရကို တိုက်ရိုက်ဆက်သွယ် စကားပြောဖို့ ကိုယ်စားလှယ် ရွေးချယ်နေစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)




ပျောက်ဆုံး လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေ အတွက် မျှော်လင့်ချက်ဆုတောင်း 
လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေး ထိုးနေကြတဲ့ ကလေးငယ်တွေ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)