Sunday, March 16, 2014

ကြေးနီ စီမံကိန်း အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကျယ်ပြန့်စွာ ပြုလုပ်နေ

လက်ပံတောင်းဒေသ ကြေးနီ စီမံကိန်းကြီး အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကို နယ်စပ် ဒေသ များမှ လာရောက် လုပ်ကိုင် နေသည့် တရုတ် ကပြား များမှ ကျယ်ပြန့် စွာ လုပ်ကိုင် နေကြောင်း ကြေးနီ စီမံကိန်း အတွင်းရှိ အလုပ်သမား ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေမှု ကို ၂၀၁၃ ခုနှစ် ကတည်း က စတင်လုပ် ကိုင်နေပြီး၊ မူးယစ် ဆေးသုံးစွဲသူအများစုမှာ နယ်စပ် ဒေသ များတွင် နေထိုင်ခဲ့ကာ ယခု အခါ ကြေးနီ စီမံကိန်းကြီးတွင် ၀င်ရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း ကြေးနီ စီမံကိန်း အနီးတွင် နေထိုင်သူများ၏ ပြောပြ ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တွေကို လုပ် လာတာ နေရာ တွေများ နေပြီ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် တွေက လက်ပံတောင်း တောင် မှာ အများကြီး ချထားတာတောင် မူးယစ်ဆေးဝါး လုပ်ကိုင် နေတဲ့ သူတွေကို မဖော် ထုတ်နိုင်ဘူး။ ဒေ သခံ တွေကိုပဲ အာရုံစူးစိုက် နေတဲ့ အတွက် အခွင့် အရေး သမား တွေက ရောင်းဝယ်မှုတွေ လုပ် နေကြတယ်။ တရုတ်စကားပြန်တစ်ဦးက သွားရောက်ဝယ်ယူပြီး၊ စီမံကိန်းကြီးထဲက တရုတ်တွေကို ပြန်ဖြန့် နေတယ်။ မူးယစ် ဆေး တွေကို မုံရွာကနေ တစ်ဆင့် နေ့စဉ်လိုလို သွား ယူတယ်။ ပြီးရင် ဒီမှာ ပြန်ရောင်းတယ်။ စီမံကိန်းကြီးမှာ အလုပ် လာလုပ်တာကို အကြောင်းပြပြီး ဒေသခံ တွေဆီကို မူးယစ် ဆေးတွေ ရောက်လာမှာကိုစိုးရိမ် တယ်။ သက် ဆိုင်ရာကလည်း ပြန်ပြီးစစ်ဆေးသင့်ပါတယ်။တစ်ခါတလေ တရုတ် စီးကရက်တစ်လိပ်ကို မြန်မာငွေ သုံး သောင်းနဲ့ ရောင်းတာတွေ တောင်ရှိတယ်။ ဒေသခံလူငယ်တွေလည်း လမ်းမှား ရောက်သွား မှာကိုစိုးရိမ်ပါတယ် ဟု ကြေးနီစီမံကိန်းအနီးတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ပံတောင်းဒေသတွင် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုများ လုံးဝ ကင်းစင်ခဲ့ ပြီး၊ ယခုအခါတွင် ကြေး နီ စီမံကိန်းကြီးနှင့် ပတ်သက်၍ ဒေသခံများနှင့် တာဝန်ရှိသူများ မပြေလည် သည်ကို အကြောင်းပြုကာ မူးယစ် ဆေး ရောင်းဝယ်နေမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း အဆိုပါ အမျိုးသမီး ကဆိုသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ အတွင်း ကြေးနီစီမံကိန်း အုတ်လုပ်ငန်းခွင် တစ်ခုတွင် တရုတ်ကပြားလူမျိုးတစ်ဦး မူးယစ်ဆေး သုံး စွဲ မှု လွန်ကာ သေဆုံးမှု မျိုး ရှိခဲ့ပြီး၊ သက်သေခံ ပစ္စည်းများကို မြင်တွေ့ ခဲ့ရသော်လည်း ယင်းမူးယစ်ဆေးသုံး စွဲ ပြီး၊ သေဆုံးမှုကို သက်ဆိုင်ရာမှ နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့သည်ဟု မှုခင်း ဆေးမှတ်တမ်း များတွင် ဖော်ပြ ခဲ့ ကြောင်း လည်းမျက်မြင်တွေ့ ကြုံခဲ့ရသည့်ဒေသခံတစ်ဦးကပြောသည်။

ကြေးနီစီမံကိန်းကြီးအတွင်း သာမန် အလုပ်လာလုပ်တာကို လက်ခံတယ်။မူးယစ် ဆေးဝါး ရောင်းဝယ်မှု လုပ်တာကိုတော့ ခွင့် မပြုနိုင်ဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ကိုလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စုံးစမ်းဖို့ညွှန်ကြားထားပါတယ်။ မူးယစ်အဖွဲ့ တွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ဆောင်ထား ပါတယ် ဟု စစ်ကိုင်း တိုင်း ဒေသကြီး နယ် စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောသည်။

Messenger News Journal


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)