Monday, March 31, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ရှမ်းပြည် လားရှိုးတွင် ကန့်ကွက် ဆန္ဒပြ

(နိရဉ္စရာ- ၂၉ မတ်လ ၂၀၁၄)/ ခိုင်ထူးမြတ်

ယနေ့ ညဥ့် သန်းခေါင် ၁၂ နာရီ တိတိတွင် စတင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းမည့် အစီအစဉ်အပေါ် ရှမ်းပြည်နယ် လာရှိုးမြို့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
“ လူအင်အား ၄၀၀ ခန့် ပါဝင်ပါတယ်။ နေ့လယ် တစ်နာရီကနေ လာရှိုး မြို့တော် ခန်းမအနီးမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု လားရှိုး ဒေသခံ ကိုအောင်ကျော်စိုးက ပြောသည်။

ဆန္ဒပြကန့်ကွက်သူများသည် မြို့တော်ခန်းမအနီးရှိ လမ်းမတော်လမ်းတွင် နေ့လယ် ၁ နာရီက မှ ၂ နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်။

“ အဓိကတော့ မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ  မြန်မာနိုင်ငံသားတွေ လုံးဝ လက်ခံလို့ မရတဲ့ ရိုဟင်ဂျာဆိုတဲ့  အမည်ကို ထည့်သွင်းကောက်ယူမှု မပြုလုပ်ရေး အတွက် ရခိုင်တစ်ပြည်နယ်လုံးက ထုတ်ဖေါ်ဆန္ဒပြနေမှုကို အပြည့်အဝ ထောက်ခံတဲ့ အတွက် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကန့်ကွက်သူများသည် ကြေညာချက် တစ်စောင်အားလည်း ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းကြေညာချက်ထဲတွင်  ရိုဟင်ဂျာဟူသောအမည်ဖြင့် သန်းခေါင်စာရင်းတွင် ထည့်သွင်းရန် လုပ်ဆောင်နေမှုအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသား၊ တိုင်းရင်းသူ ရဟန်းရှင်လူအများတို့က ကန့်ကွက်ကြောင်း၊ ၂၀၁၄ ခုနှစ် အိမ်ထောင်စုစာရင်းနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် “ရိုဟင်ဂျာ” ဟူသောအမည်ကို (၉၁၄)နံပါတ်ဖြင့် ထည့်သွင်းကောက်ခံမည်ကို တိုင်းရင်းသားညီနောင်ဖွား ရခိုင်တစ်ပြည်နယ်လုံးက ကန့်ကွက်သလို ယခု ဆန္ဒပြပြည်သူများက ထပ်မံ ထောက်ခံကန့်ကွက်ပါကြောင်း ဖေါ်ပြထားသည်။

ဆန္ဒပြသူများသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ရခိုင်ပြည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ့ မြန်မာ့ရန်သူ၊ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိ၊ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ်ပစ်၊ ရိုဟင်ဂျာကိုလက်ခံသူ မြန်မာ့ရန်သူ၊ ရိုဟင်ဂျာ အားပေးအားမြှောက် အမျိုးသားသစ္စာဖောက်၊ ဘင်္ဂလီ စာရင်းစစ် စာရင်းကောက် အလိုမရှိ၊ သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာလက်မခံပါ၊ ပြည်တွင်းရေးကိုစွက်ဖက်သူ မြန်မာ့ရန်သူ၊ ရခိုင်ညီနောင်ဖွား ပြည်သူများ ဒို့တိုင်းရင်းသား စသည်တို့ကို ကြွေးကြော်သံများ ကြွေးကြော်ပြီး  ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)