ဒီကေဘီအေ တပ်ဖွဲ့ သယ်ဆောင်လာတဲ့ သမီးလေးရွာသား ဒုက္ခသည်တွေ မြဝတီမြို့ကို ရောက်ခါနီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ဖေါက်လုပ်ဆဲအာရှ လမ်းသစ် နဲ့ လမ်းဟောင်း လမ်းဆုံးကနေ့ သင်္ဃန်းညီနောင် စစ်တပ်ဂိတ်ကို ဖြတ်ရပါအုံးမယ်။ အဲဒီကမှ တဆင့် မြဝတီမြို့ထဲကို ဝင်မှာ ဖြစ်ပါတယ်။
သမီးလေးရွာသားတွေ မြဝတီမြို့ကို ချောမောစွာ ရောက်ပါပြီ၊ အခု လက်ရှိ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းရှေ့မှာ ရွာသားတွေ ထမင်းစားနေကြပါတယ်။ စားသောက်အနားယူပြီးရင်း မြဝတီမြို့တောင်ဘက်က ကျောက်ခက်ရွာကို ဆက်လက်ထွက်ခွာမယ်လို့လဲ သိရှိရပါတယ်။
သမီးလေးရွာသားတွေ အားလုံး ကော့ကရိတ် ကောင်းမှုရွာက ဗိုလ်ကျော်သက် စခန်းကို ချောမောစွာရောက်ပြီ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် မြဝတီကို ဆက်လက်ထွက်ခွာကြပြီ ဖြစ်တယ်။ အနှောက်အယှက်ကင်းကင်းနဲ့ လာပါက ညဦးပိုင်း မမှောင်ခင်မှာ မြဝတီမြို့ကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။
ဒီနေ့ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအတိုင်း မြဝတီကိုသွားလို့ မဖြစ်တာကြောင့် ဖေါက်လုပ်နေဆဲ အာရှကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါတယ်။ သမီးလေးရွာသားတွေလိုက်ပါမယ့် ကားတန်း လမ်းလုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။
သမီးလေးရွားသားတွေကို ကြိုဆိုအားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း အဖွဲ့ဝင်တဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေမယ်ဆိုတဲ့ ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်” လို့ ရှင်ပြတယ်။
မြဝတီကိုရောက်လာမယ့် ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနာခိုကြမှာဖြစ်ပြီး၊ မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
နောက်ဆုံးရသတင်း
ဒီကေဘီအေ တပ်ဖွဲ့ သယ်ဆောင်လာတဲ့ သမီးလေးရွာသား ဒုက္ခသည်တွေ မြဝတီမြို့ကို ရောက်ခါနီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ဖေါက်လုပ်ဆဲအာရှ လမ်းသစ် နဲ့ လမ်းဟောင်း လမ်းဆုံးကနေ့ သင်္ဃန်းညီနောင် စစ်တပ်ဂိတ်ကို ဖြတ်ရပါအုံးမယ်။ အဲဒီကမှ တဆင့် မြဝတီမြို့ထဲကို ဝင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးရသတင်း
သမီးလေးရွာသားတွေ မြဝတီမြို့ကို ချောမောစွာ ရောက်ပါပြီ၊ အခု လက်ရှိ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းရှေ့မှာ ရွာသားတွေ ထမင်းစားနေကြပါတယ်။ စားသောက်အနားယူပြီးရင်း မြဝတီမြို့တောင်ဘက်က ကျောက်ခက်ရွာကို ဆက်လက်ထွက်ခွာမယ်လို့လဲ သိရှိရပါတယ်။
Yamoun Nar
(ဓါတ်ပုံ .. ဒေါန အောင်တိုး)

No comments:
Post a Comment