ဗွီအိုအေ (မြန်မာပိုင်း)
![]() | ||
| သြစတြေးလျ ကာကွယ်ရေးဝန်ကြီး David Johnston နဲ့ သြစတြေးလျ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Angus Houston |
“အခုချိန်ဆင်းသွားပြီးတော့ အမြင်နဲ့ရှာမယ်ဆိုရင် ရက်ပေါင်းမြောက်များစွာ ကြာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သမုဒ္ဒရာကြမ်းပြင်မှာ ရှာရတဲ့အလုပ်ဟာ သိပ်ကိုနှေးလွန်းပြီး ခက်ခဲလွန်းတာကြောင့်ပါ။ ဒါ့အပြင် ရေအောက်ကို သိပ်နက်လွန်းပြီး စိန်ခေါ်မှုများတဲ့ လုပ်ငန်းဖြစ်ပါတယ်။” လို့ Angus Houston က ပြောပါတယ်။
လေယာဉ်ရဲ့ black box ကနေ ထုတ်လွှတ်တာလို့ ယူဆတဲ့ လျှပ်စစ်အချက်ပေးသံ ရပြီးတဲ့နောက် တောင်ပိုင်းအိန္ဒိယသမုဒ္ဒရာရဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ရှာဖွေရေးအဖွဲ့တွေ အပူတပြင်း ရှာနေကြတာဖြစ်ပါတယ်။
လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းနဲ့ လေယာဉ်မောင်းခန်း အသံဖမ်းစက်က အသံတွေနဲ့ ကိုက်ညီတဲ့ မတူကွဲပြားတဲ့ အသံနှစ်ခုကို အမေရိကန်ရေတပ် ကိရိယာကနေ ဖမ်းမိခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက နောက်ထပ် ဘာသံကိုမှ ထပ်မကြားရသေးပါဘူး။
ရေအောက်က အချက်ပေးသံ ထွက်လာတဲ့နေရာကို ရှာဖွေရတာ ရက်ပေါင်းများစွာ ကြာလိမ့်မယ်လို့ Houston က ပြောပါတယ်။
Black box ထဲက ဘက္ထရီဟာ ရက် ၃၀ လောက်ပဲခံတာမို့ ရှာဖွေသူတွေအတွက် အချိန်သိပ် မကျန်တော့ပါဘူး။

No comments:
Post a Comment