Tuesday, April 22, 2014

ပျောက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို


ပျောက်ဆုံး မလေးရှား လေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် မလေးရှား လေကြောင်းလိုင်းက တခြား လေယာဉ်တစီး အရေးပေါ် လေယာဉ် ဆင်းသက်ရမှု အတွက် လည်း ဘေးကင်းရေး ကိစ္စအတွက် မေးခွန်းတွေ ထုတ်နေပါတယ်။
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို အပူပိုင်းမုန်တိုင်းတခု ဦးတည်နေလို့ လေကြောင်း ရှာဖွေရေးတွေက  ဒီနေ့ နှောင့်နှေးခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေပြောအပြီး နာရီအနည်းငယ်အကြာမှာ စစ်လေယာဉ် ၁၀ စီးနဲ့ သင်္ဘော ၁၀ စီးက ဆက်လက်ရှာဖွေမှာပါ။

ဂျက်အမည်ရ အပူပိုင်းဆိုင်ကလုန်းကြောင့် လေကြောင်းရှာဖွေရေးကို အချိန်ရွှေ့ခဲ့ ရတယ်လို့ သူတို့က ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေငုပ်ယာဉ်ကတော့ ပင်လယ်ရေအောက် ရှာဖွေရေးတွေ ပြီးဆုံးခါနီးပြီ ဖြစ်ပြီး ဘာအပျက်အစီး အရိပ်လက္ခဏာမှ မတွေ့သေးပါဘူး။

သြစတြေးလျအာဏာပိုင်တွေကတော့ မတ် ၈ ရက်နေ့က လူပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်သွားတဲ့ လေယာဉ်ကို ဝေဟင်နဲ့ ရေအောက်မှာ ရှာဖွေမှုကို မကြာခင် အဆုံးသတ်မယ်လို့ ပြောပါတယ်။

မလေးရှားပြည်သူတယောက်ကတော့ “ဒီလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ တကယ်ဆင်းခဲ့ သလားဆိုတဲ့ သက်သေ အထောက်အထား ဘာမှ မပြနိုင်ခဲ့ဘူးလို့ ပြောသလို အပျက်အစီး တောင် လုံးလုံးမပြနိုင်ခဲ့ဘူး။ အင်မတန် စိတ်ပျက်စရာပဲ” လို့ ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေအောက်သွားယာဉ် ဘလူးဖင်းရဲ့ ရှာဖွေရေး လုပ်ငန်းကတော့ လာမဲ့ ဧပြီ ၂၃ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တည်နေရာအတွက် သက်သေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျန်ခဲ့တဲ့ အပတ်တွေအတွင်းက ရခဲ့တဲ့ ဆိုနာအသံလှိုင်း အချက်ပြမှုကို လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းစုရာ သေတ္တာနက်က အချက်ပြမှုနဲ့ ဆင်တူတယ်ဆိုတဲ့အချက်နဲ့ ရှာဖွေနေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ အိန္ဒိယနိုင်ငံ ဘန်ဂလိုလေဆိပ်ကို ပျံသန်းမယ့် MH 192 လေယာဉ်ဟာလည်း အဆင်းဂီယာ အလုပ်မလုပ်လို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပျံတက်အပြီး ၁၆ မိနစ်အကြာ ပြေးလမ်းပေါ်မှာ လေယာဉ်တာယာ အစအနတွေကို သတိထားခဲ့မိတာလို့ မလေးရှားလေကြောင်းလိုင်းက ဆိုပါတယ်။

လူ ၁၆၆ ယောက်ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာမှ ထပ်မံ ပျံသန်းဖို့ စီစဉ်ခဲ့ရတယ်လို့ ကြေညာချက်ထဲမှာ မလေးရှားလေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)