Friday, April 25, 2014

ဩစေၾတးလ် ကမ်းခြေမှ အပျက်အစီးများမှာ MH370နှင့် မပတ်သက်ဟုဆို

Planet Myanmar Network.


(MH370 လေယာဉ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်)
ဩစတြေးလျ ကမ်းလွန်ရေပြင်တွင် သောင်တင်နေသော အပျက်အစီးများသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်မှု မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင် ဩစတြေးလျက သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရိုမှ တာဝန်ရှိသူများက မိမိတို့ ရှာဖွေတွေ့ရှိခဲ့သည့် အစိတ်အပိုင်းများသည် မလေးရှား လေကြောင်းလိုင်းပိုင် Boeing 777လေယာဉ်နှင့် မည်သည့် ဆက်နွယ်မှုမျှ မရှိကြောင်း ရှင်းလင်းခဲ့သည်။ သတ္တုသားများ အပါအဝင် အစိတ်အပိုင်း အချို့သည် ဩစတြေးလျ အနောက်တောင်ဘက် ကမ်းခြေတွင် လာရောက် သောင်တင်နေခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က အော်ဂက်စတာအနီးတွင် တွေ့ရှိရသည့် ပစ္စည်းများကို လူတစ်ဦးက တွေ့ရှိပြီးနောက် ရဲများထံ လွှဲအပ်ခဲ့သည်။

အစောပိုင်း သတင်းများက အဆိုပါ ပစ္စည်းများသည် MH370နှင့် ဆက်နွယ်ဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြခဲ့သည်။ သို့သော်လည်း ဗျူရို၏ ကော်မရှင်နာ အကြီးအကဲ မာတင်ဒိုလန်က “ကျွန်တော်တို့ အနေနဲ့ ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို အသေးစိတ် စစ်ဆေးပြီးပါပြီ။ ကျေနပ်လောက်တဲ့ အတိုင်းအတာထိ ဆိုပါတော့။ ဒါပေမဲ့ ဒီပစ္စည်းတွေဟာ MH370 ရှာဖွေရေးကဏ္ဍမှာ အထောက်အကူဖြစ်ဖို့ ဘာအကြောင်းမှ မရှိဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းက “MH370ကို တွေ့ရှိဖို့အတွက် ဖြစ်နိုင်ခြေ ရှိသမျှ ကိစ္စတိုင်းနောက်ကို ကျွန်တော်တို့ လျှောက်လိုက်နေတာပါ။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ ခုချိန်ထိ တွေ့ရှိထားသမျှက လေယာဉ်နဲ့ ပတ်သက်ပြီး ဘာမှ အထောက်အထား မပြနိုင်သေးဘူး”ဟုလည်း ဝန်ခံသွားခဲ့သည်။




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)