Thursday, May 15, 2014

ဗကသ အဖွဲ့ဝင် သဲကုန်းမှာ ရိုက်နှက်ခံရ


RFA Burmese



 ပဲခူးတိုင်း သဲကုန်းမြို့ မှာ မနေ့ ကပြုလုပ်ခဲ့တဲ့ လယ်သမားတွေရဲ့ ဆန္ဒပြပွဲ အပြီး ရဲကရိုက်နှက်ဖမ်းဆီးတဲ့ အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်ဝင် ကိုကောင်းထက်ကျော် ဦးခေါင်းမှာ ဒဏ်ရာရ သွားခဲ့တာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ ချုပ်က ပြစ်တင်ရှုံ့ ချကြောင်း ဗုဒ္ဓဟူးနေ့ ညမှာ ကြေညာချက်တစောင် ထုတ်ပြန်ကန့်ကွက် လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  ဗကသများအဖွဲ့ ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက

"ဒါဟာတရားဥပဒေကို မျက်ကွယ်ပြုပြီး လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ အနေအထားကို ကျနော်တို့ သွားတွေ့ရတယ်၊ဒီဟာကို ကျနော်တို့ ပြင်းပြင်း ထန်ထန်ကန့်ကွက်တယ် ဗ.က.သ အနေနဲ့ နောက်တချက်က ကျောင်းသား တစ်ယောက်ကို ဒီလိုမျိုးသွေးထွက်သံယို ရိုက်နှက်တယ်ဆိုကတည်းက ဒီဟာဘာကိုပြသနေလဲဆိုတော့ လက်ရှိအစိုးရသွားနေတဲ့ ဒီမိုကရေစီဆိုတာ လုံးဝယုံကြဉ်စရာမကောင်းဘူးဆိုတာကို ရဲဘော်ကောင်းထက်ကျော်က သူ့ရဲ့ခေါင်းကသွေးတွေယိုစီးခံပြီး ကျနော်တို့ကို သက်သေပြသွားပြီ၊ကျနော် တို့ အဲ့လိုပဲပြောချင်တယ်"

သဲကုန်းမြို့ နယ်တဝိုက်မှာ စစ်တပ်နဲ့ စီးပွါးရေးသမားတဦး သိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ တောင်းဆို နေတဲ့ အောင်ကုန်းရွာကအဖမ်းခံထားရတဲ့လယ်သမားတွေပြန်လွှတ်ပေးဖို့ ကျောင်းသားနဲ့  လယ်သမားတချို့  သဲကုန်းမြို့  မှာ မနေ့ ကဆန္ဒပြပြီး၊ ဘုရားမှာဆုတောင်းပွဲပြုလုပ်ပြီးတဲ့နောက် ရဲက ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပေါင်းတည်ထောင်မှာဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ အောင်ကုန်းရွာကလယ်သမားကိုပေါက်စရဲ့ ဇနီးဒေါ်ခင်မာအေးလဲ မနေ့ ကဒဏ်ရာရခဲ့ပြီး၊ နောက်ထပ် လယ်သမားတွေဖြစ်တဲ့ ဒေါ်ညိုနဲ့  ကိုမောင်ဝင်းတို့ လဲ အဖမ်းခံလိုက်ရပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)