Wednesday, May 7, 2014

ဖွဲ့စည်းပုံခုံရုံးက ရင်လပ်ကို ၀န်ကြီးချုပ်ရာထူးမှ ထုတ်ပယ်



ရန်ကုန်၊ မဇ္ဈိမ။ ။ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ မေလ ၇ ရက်နေ့၌ ထုတ်ပယ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းအား ပိုမိုဆိုးရွားစေမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

“ရင်လပ်ဟာ သူမရဲ့ ၀န်ကြီးချုပ်ရာထူးကို အလွဲသုံးစား လုပ်ခဲ့ယုံသာမက သူမရဲ့ ကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့တယ်လို့ တရားသူကြီးတွေက တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်” ဟု အဖွဲ့ဝင် ကိုးဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး၏ ဥက္ကဋ္ဌဖြစ်သူ ချာရွန် အင်တာချန်က ရုပ်သံမှတစ်ဆင့် တိုက်ရိုက် ပြောကြားခဲ့သည်။

“ဒါကြောင့် သူမရဲ့ ၀န်ကြီးချုပ်တာဝန်ကို ရပ်နားလိုက်ပါပြီ။ ရင်လပ်အနေနဲ့ ကြားဖြတ်အစိုးရ ၀န်ကြီးဆိုတဲ့ ရာထူးကိုလည်း ဆက်လက် တာဝန်ထမ်းဆောင်လို့ မရတော့ပါဘူး” ဟုလည်း အင်တာချန်က ဆိုခဲ့သည်။



No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)