Thursday, May 22, 2014

လက်ပံတောင်းတောင်ဒေသ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရပြီး ကား(၅)စီး၊ ဆိုင်ကယ်(၁၂) ဖျက်စီး ခံလိုက်ရ



သတင်း၊ ကိုတိုးကြီး (Facebook)


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာနှင့် ဇီးတောရွာဟောင်း ကျေးရွာအနီးတွင် မေလ ၁၈ ရ့်နေ့ ည ၉ နာရီဝန်းကျင်ခန့်ကဖြစ်ပွားခဲ့သော ဒေသခံတောင်သူများနှင့် လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားငါးစီးပျက်စီးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပဋိပက္ခတွင် ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ “ ကိုယ်ပိုင်အမှတ် လ/၂၄၉၇၅၈ ရဲတပ်သား စိန်မြင့် (အမှတ်(၂၈)ရဲတပ်ရင်း) ဆိုသူကတော့ ယာဘက်နောက်စေ့ ပြတ်ရှဒဏ်ရာ(၂)ချက်၊ ၀ဲဘက်နောက်စေ့ ပြတ်ရှဒဏ်ရာ(၂)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ မေးစေ့ပွန်းပဲ့ဒဏ်ရာ(၁)ချက် ၊ ယာဘက်လက်ဖျံ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ(၁)ချက်နဲ့ ယာဘက်ပခုံး ဖုယောင်ညိုမဲ ဒဏ်ရာများရရှိခဲ့ပါတယ်.။ ကိုယ်ပိုင်အမှတ် လ/၂၃၉၆၂၂ ရဲတပ်သား ကောင်းမြတ်သူ ( ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး) ဆိုသူက ဦး ခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်ဒူးခေါင်း ဖုယောင်ညိုမဲဒဏ်ရာ(၁)ချက်ရရှိခဲ့ပါတယ်..” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမည်မဖော်ပြလိုသူ ရဲအ ရာရှိကြီးတစ်ဦးမှ မဇ္ဈိမ သို့ပြောပြသည်။
အဆိုပါ ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များအား အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိပြီး ရရှိဒဏ်ရာများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများမရှိတော့ကြောင်း မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဆရာဝန်ကြီးမှ မှတ်ချက်ပြုပြောကြားထားခဲ့ကြောင်း ၎င်းတို့၏ မိသားစုဝင်များမှ ပြောပြ သည်။

ဒေသခံတောင်သူများနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရခြင်းမှာ မေလ ၁၈ ရက်နေ့မနက်ပိုင်းက ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း၌ အလုပ် လုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံသား(၂)ဦး၊ မြန်မာနိုင်ငံသား(၁)ဦး ပေါင်းလူသုံးဦးတို့ကို ဒေသခံတောင် သူများက ၀ိုင်းဝန်းထိန်းသိမ်းထားခဲ့သည်။ ထိုနေ့ညနေ ၁၀ နာရီခွဲအချိန်တွင် အဆိုပါ ထိန်းသိမ်းခံ ကုမ္မဏီ ၀န်ထမ်းသုံးဦးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၊ အမှတ်(၉) ရဲတပ်ရင်းများစုမှူး (ရင်းစုမှူး) ရဲမှူးကြီး ၀င်းဗိုလ်နှင့် ရဲအင်အား(၄၇)ဦး၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်မိုးနှင့် ရဲအင်အား(၅၀)ဦး၊ အမှတ်(၂၈) ရဲတပ်ရင်း တပ်ဖွဲ့ခွဲမှူးနှင့် ရဲအင်အား (၁၂၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ လုံခြုံရေး အကူတပ်ခွဲ၊ တပ်ခွဲမှူး ရဲမှူး ဇော်ဝင်အောင်နှင့် ရဲအင် အား(၁၂၀)ဦးတို့သည် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်၊ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့အဖွဲ့သည် ကျောက်ဖြူတိုင်ကျေးရွာမှ ဇီးတောကျေရွာဘက် သို့သွားရောက်ခဲ့ကြသည်။

ထိုသို့သွားရောက်သည့်အခါ ဇီးတောကျေးရွာဟောင်း ဘုန်းကြီးကျောင်းတိုက်အနီးသို့ ရောက်ရှိသောအခါ ဒေသခံတောင်သူများမှ ခဲများ၊ မီးတုတ်များ၊ လောက်လေးခွများဖြင့် အဆိုပါ အဖွဲ့အား စတင်ပစ်ပေါက်ခဲ့ ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့နှင့် အတူလိုက်ပါသွားခဲ့သူ ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းတစ်ဦးမှ ပြောပြသည်။ ထို့အတွက်ကြောင့်လည်း ဒေသခံတောင်သူများအား ရှင်းပြပြောဆိုခွင့်အ ချိန်မရရှိဘဲ ကျောက်ဖြူတိုင်ကျေးရွာ စာသင်ကျောင်းဘက်သို့ တပ်နောက်ဆုပ်ပြေးခဲ့ကြရသည်ဟု ထိုသူမှ ဆက်လက်၍ ပြောပြသည်။

၎င်းအချိန်၌ ကျောက်ဖြူတိုင်ကျေးရွာစာသင်ကျောင်းဝင်းအတွင်း ထားရှိခဲ့သော လုံခြုံရေးအဖွဲ့၏ ကားငါးစီး မှာ ပျက်စီးနေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကားငါးစီးအား ထုရိုက်ဖျက်စီးခံရခြင်းမှာလည်း ဒေသခံရွာသားများ ၏ လက်ချက်ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းမှ စွပ်စွဲပြောဆိုထားသေး သည်။
“ ပျက်စီးသွားတဲ့ ကားငါးစီးကတော့ ထွေ/အုပ်ဌာနပိုင်(4G/ 4668) ဆပ်ကား၊ အမှတ်(၉)ရဲတပ်ရင်းများ ကွက်ကဲရေး တပ်ဖွဲ့ပိုင်(၆ဂ/၅၀၇၈) ဂရင်းတိုက်ဂါး၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ပိုင်(ဒ/ ၁၅၂၃)ဟိုင်းလတ်၊ အမှတ်(၂၈)ရဲတပ်ရင်ပိုင် (၁ဂ/ ၂၅၉၈) လဂျမ်းကား၊ မြို့နယ်ထွေအုပ်ရုံးပိုင်(၂ဃ/ ၂၃၆၇)ဂရင်းတိုက်ဂါး စတဲ့ ကားငါးစီး ဖျက်စီးခံလိုက်ရတာဖြစ်ပါတယ်…” ဟု ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်မိုး ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးမှ မဇ္ဈိမသို့ ဖုန်းဖြင့် တုန့်ပြန်ပြောကြားခဲ့သည်။

ထိုမျှမက အဆိုပါ လုံခြုံရေးရဲတပ်ဖွဲ့များနှင့်အတူလိုက်ပါသွားခဲ့သည့် မြို့နယ်ဖြေလျော့ရေးအဖွဲ့ဝင်များ၏ ဆိုင်ကယ်(၁၂)စီးကိုလည်း ရိုက်ချိုးဖျက်စီးခံလိုက်ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
“ ကားတွေဖျက်စီးခံလိုက်ရပြီး ကားဘီး(၁၈)လုံးကို မိုးမလင်းခင်အချိန်မီ ပို့ဆောင်ပေးဖို့ တိုင်းတပ်ဖွဲ့မှူးမှ ညတွင်းချင်း ဖုန်းနဲ့ ညွှန်ကြားခဲ့ပါတယ်..” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်မှ မဇ္ဈိမသို့ ပြော ပြခဲ့သည်။

ဆည်တည်းကျေးရွာဟောင်း ကျောင်းတိုက်ဆရာတော် ဥူးစန္ဒာသီရိမှ အဆိုပါ ပဋိပက္ခနှင့်ပတ်သက်၍ “ ဥူးပဇင်းတို့ ရွားသားတွေက အကြိမ်ကြိမ်အခါခါ နစ်နာနေရပါတယ်..။ လက်ပံတောင်းတောင်စုံးစမ်းစစ် ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ အကြံပြုချက်ထဲမှာဆိုရင် လက်ပံတောင်တောင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက မဖြစ်မနေ အင်အားသုံးဖြိုခွဲမယ်ဆိုရင် အလင်းရောင် လုံလောက်စွာရရှိတဲ့အချိန်မှာ ဖြိုခွဲသင့်ကြောင်း အစီရင်ခံထားပါတယ်..။ အဲ့ဒီ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း လိုက်နာမယ်လို့ ရွာသားတွေက ယုံကြည်ထားခဲ့ပေမဲ့ ရဲအင်အား အလုံးအရင်းနဲ့ ရွာဘက်ကို လာရောက်ပြီးဝိုင်းထားတော့ ရွာသားတွေက စိုးရိမ်ခဲ့ကြတာပါ..။ မီးခိုဗုံးလား…မျက်ရည်ယိုဗုံး လား ဥူးပဇင်းကတော့မသိဘူး..အဲ့ဒီဗုံးတွေနဲ့ ရဲတွေကအလုံးပေါင်းများစွာ ရွာသားတွေဘက်ကို ပစ်ခဲ့ကြပါတယ်..” ဟု မိန့်တော်မူခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)