Thursday, May 8, 2014

KNU ဒုဥက္ကဌ ကရင်ပြည်သူတွေနှင့် တွေ့ဆုံ၊ အားလုံးပါဝင်ဖို့ ဘာပြောလဲ


ကရင့်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံပြီး ကရင်ပြည်သူတွေနဲ့ တွေ့ဆုံမှုဟာ အရေးကြီးတယ်လို့ သူယုံကြည်လို့ ဆိုပါတယ်။ နော်စီဖိုးရာစိန် ဘာတွေပြောခဲ့လဲ။
ပုသိမ်မြို့ကို သွားရောက်ပြီး ကရင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ နော်စီဖိုးရာစိန်ဟာ မြန်မာသမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မေလ ၆ရက်နေ့ညနေမှာ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာတင်မဟုတ်ဘဲ နိုင်ငံရေးပါတီနဲ့ လူထုပါ ပါဝင်ရမယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက မြန်မာစစ်တပ်ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ လူထုရဲ့ ငြိမ်းချမ်းရေးအပေါ် စိုးရိမ်ပူပန်မှုတွေကို နော်စီဖိုးရာစိန်က မြန်မာအစိုးရကို တင်ပြခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေဖြစ်နေရတာက တပ်တွေ ကိုယ့်နယ်သူ့နယ် မသတ်မှတ်ရသေးလို့ရယ်၊ ယုံကြည်မှုတည်ဆောက်တာ အားနည်းတာတွေရယ်ကြောင့်လို့ ဦးအောင်မင်းက ဆိုပါတယ်။
လာမယ့် မေလ ၁၃ရက်နေ့ကျရင် ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ ရန်ကုန်ရောက်နေတဲ့ နော်စီဖိုးရာစိန်ကလည်း လာမယ့် ၉ရက်နေ့ကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)