Sunday, June 8, 2014

ကရင့်ကံကြမ္မာ ရေစုန်မမျောရေး ၀ိုင်းဝန်း တိုက်တွန်းကြ


ဆောင်းပါး - အဂ္ဂ

ကရင်တွေ အခွဲခံရလို့ ကွဲခဲ့ကြတာ အကြိမ်ကြိမ်..တခြားလူမျိုးတွေလဲ ဒီအလားတူအဖြစ်မျိုးတွေကိုကြုံခဲ့ကြရတာပါဘဲ။ အမျိုးသားတရပ်ဖြစ်ဖို့ အလိုအပ်ဆုံးအရည်အချင်းတခုထဲမှာ အကြောင်းကြောင်းကြောင့်ကွဲခဲ့တာကို ပြန်စုစည်းနိုင်တဲ့ရည်အချင်းလို့ ဆိုရပါမယ်။
ခွဲထုတ်ခံရမှုမှာ ကရင်လူထုနဲ့ ကရင်လူထုကို ကာကွယ်ခဲ့တဲ့ ကရင်အမျိုးသားတပ်မတော်ကို တစိမ်းတွေ ဘာမှ မဆိုင်သူတွေအဖြစ်ခွဲထုတ်ခံရခြင်းက အပြင်းထန်ဆုံးလို့ ထင်ပါတယ်။ အဲလိုခွဲထုတ်ခံရပြီးကတည်းက ကရင့်တော်လှန်ရေးအဖွဲ့ တွေလုပ်သမျှပြောသမျှ တောင်းဆိုသမျှဟာ ကရင်လူထုအများစုရဲ့ ဆန္ဒလို့ အသိအမှတ်ပြုနိုင်တဲ့အနေအထားကိုဆုံးရှုံးသွားစေတာဖြစ်တယ်။ ဒီအကွဲအပြဲပိုပြီးခိုင်မာလာအောင် ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို သူတို့ ကိုယ်စားပြုရာ လူမျိုးတွေနဲ့  လုံးဝပိုင်းခြားခွဲထုတ်ပြီး သီးသန့်ခေါ်ယူ စည်းရုံးတာကို အစိုးရဘက်က ပြောင်တလင်းဘဲ လုပ်နေတာဘဲဖြစ်တယ်။ အဲလိုပြောင်လုပ်တာကိုတောင်မမြင်နိုင်ဘူးဖြစ်နေတဲ့လူတွေလဲ အများကြီးရှိနေတယ်။

ဒါဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ဖြစ်နေတဲ့ ပဓိပက္ခတွေဟာ တိုင်းရင်းသားလူထုနဲ့ လုံးဝမဆိုင်ဘူးဆိုတဲ့အခြေအနေတရပ်ကြီးထွားခိုင်မာလာအောင်တည်ဆောက်နေတာသာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြားသွားခဲ့ရင် မြန်မာအစိုးရအဖို့ ခုလို ယတိပြတ်ခွဲပစ်လိုက်နိုင်ခြင်းကဘဲ အလွန်တန်ဖိုးရှိတဲ့ အမြတ်အစွန်းဖြစ်နေပါပြီ။

နောက်တကွဲကတော့ တခြားတိုင်းရင်းသားတွေလိုဘဲ ကရင်အမျိုးသားတပ်မတော်ကိုလဲ အပိုင်းပိုင်းခွဲထုတ်ပစ်နိုင်စွမ်း အစိုးရမှာရှိခဲ့တယ်။ ရှမ်းရော ချင်းရောရခိုင်ရော ကရင်နီပြည်ရော နဂိုလ်ထဲကေးသးသးလေးဖြစ်နေကြတဲ့ အထဲထပ်ကွဲကြပြီး လူလေးခွေးခန့် နိုင်တဲ့အနေအထားကနေကျဆင်းသွားကြတယ်။ အပြင်လူတွေ နဲ့ နိုင်ငံတကာရဲ့ အမြင်မှာ အမှိုက်သရိုက်တွေလိုတောင်ဖြစ်နေကြတယ်။တဘက်နဲ့တဘက် ရန်သူဘက်သားလို့ ပုတ်ခတ်ရင်း ချီးတွင်းထဲကိုပြိုင်တူသက်ဆင်းနေကြရတာကတော့ ရင်နာစရာကောင်းလှပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ တွေပြန်ပေါင်းပေါင်းမပေါင်းပါင်း ရန်သူအစိုးရနဲ့ ဘာမှမဆိုင်ဘူး၊ ဆိုင်ရာခေါင်းဆောင်တွေက ပေါင်းချင်ရင် ဒီနေ့ နက်ဖျန်ပြန်ပေါင်းလို့ ရတေယ်။
ရန်သူနဲ့မဆိုင်ဘူးလို့ ပြောနိုင်တာက အဖွဲ့ တိုင်းက ခုဆိုရင်ရန်သူကိုဘဲအဖေခေါ်
နေကြသလိုဖြစ်နေတဲ့အနေအထားခြင်းသိတ်မကွာတော့လို့ ပါ။
ဘာလုပ်လုပ်ရန်သူနဲ့ ဘဲတွေ့ မယ် ပြောမယ်..ရီမယ်မော မယ်...သမတကြီးအဖြစ်နောက်ဆယ်ကြိမ် ထပ်လုပ်ပေးပါဦးလို့  ဖါးမယ်။ အဲလိုသမတအလုပ်ခံရတာကို သာယာကုန်ကြပြီ။ အချင်းချင်းပြန်ပေါင်းဖို့ ကိုတော့ လင်မယားနောက်မီးလင်းတဲ့ ကိစ္စလို ခိုးကြောင်ခိုးဝှက် မထိ တထိ မစို့ မပို့ ခွက်ပုန်းခုတ်ကြတယ်။ မသိတာတခုမေးချင်တာက ကရင်တွေပြန်မပေါင်းရဘူးလို့  ရန်သူက ဥပဒေထုတ်ထားတာရှိလားဘဲ။

ကရင်လူထုတရပ်လုံးက ကရင်လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ကော်သူးလေတပ်မတော် အဖြစ်ပေါင်းစည်းနိုင်အောင် ကိုယ်ရှိနေတဲ့နေရာကနေပြီး တိုက်တွန်းပေးရင် တစုံတရာတော့ပြောင်းလဲနိုင်မယ်ထင်တာပါဘဲ။ မပြောင်းချင်လို့  မပေါင်းနိုင်လို့ ဆိုရင်တော့လဲ ကရင့်ကံကြမ္မာရေစုံမျောဖို့ ကလွဲပြီးတခြားဘာကောင်းကျိုးမှမရှိဘူးဆိုတာက ကတုံးထိတ် သန်းလျှောက်နေသလို ထင်ရှားပါတယ်။

လေးစားလျှက်
အဂ္ဂ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)