Monday, October 13, 2014

ဦးသိန်းစိန်အစိုးရအား ပဒေသရာဇ် ဖက်ဆစ် နှင့် နယ်ချဲ့ အမွေစားအမွေခံ အုပ်စု သတ်မှတ်ခေါ်ဆိုရခြင်း အကြောင်း ရှင်းလင်းချက်(ဗဟုသုတ ကဏ္ဍ)

Agga Poechit
 
လေ့လာကြရအောင်....

ဦးသိန်းစိန်အစိုးရအား ပဒေသရာဇ် ဖက်ဆစ် နှင့် နယ်ချဲ့ အမွေစားအမွေခံ အုပ်စု သတ်မှတ်ခေါ်ဆိုရခြင်း အကြောင်း ရှင်းလင်းချက်(ဗဟုသုတ ကဏ္ဍ)
အထက်ပါဝေါဟာရအသုံးအနှုန်းများသည် လက်ဝဲလက်ယာနှင့်မဆိုင်သော Political formal term တရားဝင်နိုင်ငံရေးဝေါဟာရများဖြစ်သည်။ Oxford နှင့် Cambridge အဘိဓါန်များ တွင်လဲ ထိုကဲ့သို့ ပင်ဖေါ်ပြသည့်နည်းတူ နိုင်ငံတကာမီဒီယာ အသိုင်းအ၀န်းကလဲ တရားဝင်ဝေါဟာရများအဖြစ် သတ်မှတ်အသုံးပြုသည်။

 ပဒေသရာဇ် Feudalism
ဥရောပမှစတင်ဖြစ်ပေါ်လာသည့် တကမ္ဘာလုံးသို့ ပျံ့ နှံ့ ပြီးတိုင်းပြည်အသီးသီးကကျင့်သုံးသော ပထမဦးဆုံးသော တိုင်းပြည်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြေရှင်တို့ က နိုင်ငံရေးစစ်ရေး အာဏာကိုပိုင်စိုးသောခေတ်ကို ပဒေသရာဇ်ခေတ်ဟုခေါ်သည်။ မြန်မာအစိုးရအဆက်ဆက်သည် မြန်မာပဒေသရာဇ်မင်းများကို မိမိတို့ ၏ဘိုးဘွားများ အဖြစ်သော်လည်းကောင်း၊ ထိုဘုရင်မင်းများတိုက်ခိုက်သိမ်းပိုက်ပိုင်စိုးခဲ့ဘူးသည့် ရေမြေဒေသအားလုံးကိုလဲ ဗမာလူမျိုးများရရှိထားသောအမွေအနှစ် အဖြစ်တရားဝင်ခံယူထားသည်။
နေပြည်တော်ရှိမြန်မာ စစ်တပ်ရင်ပြင်တွင် မြန်မာမင်း(၃)ပါး ရုပ်တုကို တည်ဆောက်ကိုးကွယ်ထားခြင်းသည် မြန်မာတပ်မတော်သည် ထိုပဒေသရာဇ်တို့ ၏ အမွေခံဖြစ်ကြောင်းကို အထင်အရှားပြနေသည်။ ဦးသိန်းစိန်အစိုးရသည် ထိုစစ်တပ်အသိုင်းအ၀ိုင်းမှလာသူဖြစ်သဖြင့် ပဒေသရာဇ်စံနစ်၏ အမွေခံဖြစ်သည်ကို ညင်းဆို၍မရနိုင်ခြင်းဖြစ်သည်။
ဖက်ဆစ် Fascism A form of radical authoritarian nationalism
လွတ်လပ်ရေးခေတ် မြန်မာတပ်မတော်ကို ဂျပန်များကစတင်ထူထောင်ပေးသည်။
ရဲဘော်သုံးကျိတ်သမိုင်းမှတ်တမ်းများတွင် အထင်အရှားဖေါ်ပြထားပြီး ညင်းချက်လဲမရှိပေ။
ဂျပန်များက သူတို့ ကိုနယ်ခံလမ်းပြ နှင့်ရုပ်သေးများအဖြစ်သာ အသုံးချခဲ့ခြင်းဖြစ်၍ ဗမာလူမျိုးကိုလုံးဝအထင်ကြီးးလေးစားခဲ့ခြင်းမရှိ။ သို့ သော်မြန်မာတပ်သားသစ်များကို ဖက်ဆစ်ဂျပန်တို့ ကျင့်သုံးသော စစ်ရေးနိုင်ငံရေး သဘောတရား ကျင့်စဉ်များ သင်တန်းပေးသည်။ ဂျပန်ကမွေးထုတ်ပေးလိုက်သော မြန်မာတပ်(BIA) ကလည်း ဂျပန်ဖက်ဆစ်ဝါဒ ကိုမြန်မာဖက်ဆစ်ဝါဒအဖြစ် အမွေခံသည်။ မြစ်ဝကျွန်းပေါ်တွင် ဗိုချုပ်ကျော်ဇော၏ အမိန့် ဖြင့် ကရင်များရွာလုံးကျွတ်သုတ်သင်ခံခဲ့ရသည့်အဖြစ်မျိုးမှာ
၁၉၉၇ခုက ဘိုကလေးတွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်ညှင်းဆဲသတ်ဖြတ်မှုနှင့် အသွင်ရောအနှစ်ပါတူနေသည်။ သို့ ဖြစ်၍ ဦးသိန်းစိန်အစိုးရသည် ထိုစစ်တပ်အသိုင်းအ၀ိုင်းမှလာသူဖြစ်သဖြင့် ဖက်ဆစ်စံနစ်၏ အမွေခံဖြစ်သည်ကို ညင်းဆို၍မရနိုင်ခြင်းဖြစ်သည်။
နယ်ချဲ့  Imperialism, as it is defined by the Oxford Dictionaries, is a policy of extending a country's power and influence through colonization, use of military force, or other means."
ဗမာလူမျိုး တို့ သီးသန့် အစစ်အမှန် ပိုင်ဆိုင်သော တိုင်းပြည်မှာ ကုန်းဘောင်ခေတ်ခေါ်သည့်
မန္တလေးတိုင်းဖြစ်သည်။ အမှန်မှာ မြန်မာပြည်မဟုတ်ပါ။ ကုန်းဘောင်ပြည် သို့  မဟုတ်ရတနာပုံပြည်သာ ဖြစ်သည်။ ခေတ်အလိုက်ပေါ်ထွန်းခဲ့သည့် ပုဂံ အင်းဝ တောင်ငူ ပြည်များသည် အမှန်တွင် ရတနာပုံပြည့်နောက်ခံသမိုင်းသာဖြစ်ဖို့ ရှိပြီး ယနေ့ လက်ရှိမြန်မာ တပြည်လုံးနှင့်မသက်ဆိုင်ပေ။
ရှမ်းပြည်နယ်နှင့်တနသာင်္ရီတိုင်းကို Siam လက်မှ အင်္ဂလိပ်က ချိမ်းချောက်သိမ်းယူပြီးနောက် Siam မင်းက အင်္ဂလိပ်တို့ ရေးဆွဲသော နယ်စပ်စည်းမျဉ်းကို တရားဝင်သဘောတူခဲ့သည်။
ထိုကာလမှစ၍ ရပ်ဝေးမှလာရောက်အုပ်ချုပ်သော မျိုးခြားအစိုးရများကို နယ်ချဲ့ဟု အုပ်ချုပ်ခံနိုင်ငံများက သတ်မှတ်ခေါ်ဆိုချြင်းဖြစ်သည်။ လက်ဝဲလက်ရာနှင့်မဆိုင်သော အမျိုးသားရေးဝေါဟာရသာလျှင်ဖြစ်သည်။
ချင်းနှင့်ကချင်လဲ အိန္ဒိယကိုပိုင်စိုးထားသော အင်္ဂလိပ်အစိုးရက တရားဝင် နယ်ချားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မွန်ဘုရင်တို့ အုပ်ချုပ်လျှက်ရှိသော တနသာင်္ရီအထက်ပိုင်း နှင့်မြစ်ဝကျွန်းပေါ်ဒေသများနည်းတူ ရခိုင်ပြည်ကိုလည်း အဂ်လိပ်ပိုင် အဖြစ်တရားဝင်သတ်မှတ်သည်။ ကရင်နီပြည်ကိုမူ သီးသန့် လွတ်လပ်မှုပေးထားခဲ့သည်။
အထက်ပါနည်းများဖြင့် Unstable community ခေတ်ဟု သမိုင်းပညာကသတ်မှတ်ထားသည့် ခေတ်များက ကျဉ်းလိုက်ကျယ်လိုက် ပျောက်သွားလိုက်ပေါ်လာလိုက် ဖြစ်ခဲ့သော အထက်ပါနယ်မြေဒေသအားလုံး British Burma နိုင်ငံတော်အဖြစ် တည်ငြိမ်သည့် နယ်နိမိတ်များဖြင့် တရားဝင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အထက်ပါအင်္ဂလိပ်တို့ ထူထောင်ခဲ့သည့် ဗြိတိသျှဘားမားနိုင်ငံတော်ကို မြန်မာတိုင်းရင်းသားအားလုံးကိုကိုယ်စားပြုသည်ဆိုသည့် ဗမာနိုင်ငံရေးအင်အားစုလက်သို့ 
အဂ်လိပ်အစိုးရက ၁၉၄၈ တွင် အမွေလွှဲအပ်ခဲ့သည်။ သို့ ဖြစ်၍ ထိုနိုင်ငံရေးအင်အားစု ၏ အမွေခံဖြစ်သော ဦးသိန်းစိန်အစိုးရသည် နယ်ချဲ့ အမွေစားအမွေခံလဲ ဖြစ်နေသည်ကို ညင်းဆို၍မရနိုင်ခြင်းဖြစ်သည်။
မှတ်ချက်။ နယ်ချဲ့ ဆိုသည့်ဝေါဟာရကို အမေရိကန် ကနေဒါ သြစတျေးလျား နြူးဇီလန်စသည်တို့ကသူတို့ နိုင်ငံသမိုင်းတွင်အသုံးပြုလေ့မရှိခြင်းမှာ သူတို့ ကိုယ်တိုင်၏ မူရင်းတိုင်းရင်းသားမဟုတ်သော အနေအထားကြောင့်ဖြစ်သော်လည်း ကျန်လက်ဝဲလက်ယာနိုင်ငံအားလုံးကမူတရားဝင်အသုံးပြုသည်။ မျက်မှောက်ခေတ်ရှိဒီမိုကရေစီ သဘောတရားကိုလက်ခံကျင့်သုံးသူအားလုံးကလည်း နယ်ချဲ့ဆိုသည့်ဝေါဟာရကို Factုအဖြစ်သတ်မှတ်အသုံးပြုကြသည်။
အထက်ပါ ပဒေသရာဇ် ဖက်ဆစ် နှင့် နယ်ချဲ့ အမွေစားအမွေခံ အုပ်စု သတ်မှတ်ခေါ်ဆိုရခြင်းနှင့်ပတ်သက်သော ရှင်းလင်းချက်နှင့်တဆက်တည်း
ဘာကြောင့် "မဟာဗမာလူမျိုးကြိးဝါဒ နှင့်စစ်အာဏာရှင်စနစ် " ဟူသည့်ဝေါဟာရကို မသုံးခဲ့ရခြင်းအကြောင်းကိုလဲ ရှင်းလင်းတင်ပြလိုက်ပါသည်။
မဟာလူမျိုးကြီးဝါဒကို အင်္ဂလိပ်မဟုတ်သောနိုင်ငံများက Greater Nationalism ဟုထင်မှတ်ခေါ်ဆိုသော်လည်း နိုင်ငံရေးဝေါဟာရအရ Chauvinism နှင့် အနီးစပ်ဆုံးဖြစ်သည်။
မဟာလူမျိုးကြီးဝါဒဆိုသည့်အခေါ်အဝေါ်ကို National အဖြစ်တရားဝင်ဖြစ်တည်နေ သောနိုင်ငံတိုင်းနီးပါးက နှစ်သက်လက်ခံနေခြင်းမရှိပါ။ မိမိတို့ ကိုယ်တိုင်က လူမျိုးစုံရှိသည့် အမျိုးသားနိုင်ငံများကို ထူထောင်ထိမ်းသိမ်း နေရခြင်းဖြစ်၍ Greater Nationalism နှင့် Chauvinism ခေါ်ဆိုသုံးစွဲမှုများ၊ လှုံ့ ဆော် ၀ါဒဖျန့် မှုများသည် မိမိတို့ ကဲ့သို့  အမျိုးသားနိုင်ငံတိုင်းကို အနဲနှင့်အများ ဆန့် ကျင်နေသည့်သဘောသဘာဝဖြစ်နေသည်။
ထိုအခေါ်အဝေါ်များကို Insurgent နှင့် Terrorist တို့ ၏ လက်သုံး ဝေါဟာရအဖြစ် မသတ်မှတ်ယုံတမယ် ၀ါးလုံးတင်ဘဲဥအနေအထားသို့ ရောက်ရှိနေသည်။
မဟာလူမျိုးကြီး ၀ါဒဆိုသည့်ဝေါဟာရ အပြင် ပြည်နယ်ခွဲထွက်ရေး သီးခြားလွတ်လပ်ရေး ဆိုသည့် သဘောထားများကိုလည်း လှိုက်လှိုက်လှဲလှဲထောက်ခံသော အမျိုးသားနိုင်ငံဟူ၍ မရှိသလောက်ဖြစ်နေပါသည်။ ထိုသီးသန့် လွတ်လပ်ရေးသဘောထားများကို သူတို့ နိုင်ငံတွင် ဖြစ်ပေါ်ပျံ့ပွားစေလိုခြင်းမရှိသဖြင့် တချို့ လူမျိုးစုများသုံးစွဲနေကြသည် ကို ရေငုံနှုတ်ပိတ်နေကြခြင်းဖြစ်သည်။ အမှန်က သူတို့ အတွက်လဲ ဖင်မလုံသော ၀ါဒဖြစ်နေသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ချိမ်းချောက်နိုင်သော ၀ါဒအဖြစ်ပင်လျှင် သတ်မှတ်ပြောဆိုနေကြပြီလည်းဖြစ်သည်။
ထိုအသုံးအနှုန်းများအစား လူ့ အခွင့်အရေးချိုးဖေါက်ခံရခြင်း၊ လူ့ အခွင့်အရေးမူတွင်ပါဝင်သည့် ဌာနေလူမျိုးစုအခွင့်အရေးချိုးဖေါက်ခံရခြင်း ၊ လူ့ အခွင့်အရေးမူတွင်ပါဝင်သည့် တိုင်းရင်းသားတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖေါက်ဖျက်ခံရခြင်း ၊ Racist အသားအရောင်ခွဲခြားဘက်လိုက်သည့် မူဝါဒများ စသဖြင့် တရားဝင်အစားထိုးသုံးစွဲလာနေကြပြီလဲဖြစ်ပါသည်။
နောက်ဆုံးတခုမှာ စစ်အာဏာရှင်စနစ်ဆိုသည့်အသုံးအနှုန်း အားနဲလာနေခြင်းကိုထောက်ပြချင်ပါသည်။
မဆလ,န၀တ, နအဖခေတ်ကိုစစ်အာဏာရှင်စနစ်အဖြစ် တကမ္ဘာာလုံးက သတ်မှတ်ခေါ်ဆိုသကဲ့ သို့ နိုင်ငံတကာ မီဒီယာအားလုံးကလဲ ထိုအုပ်စုများ၏တရားဝင်နာမ်စားများအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
သို့ သော် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ပေါ်လာသောဦးသိန်းစိန်အစိုးရကိုမူ
စစ်အာဏာရှင်အစိုးရဟု လုံးဝ ခေါ်ဆိုသတ်မှတ်နိုင်ခြင်းမရှိတော့ကြောင်းတွေ့ ရသည်။ ဦးသိန်းစိန်၏လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD တရားဝင် ပါဝင်နေခြင်းက
ကမ္ဘာာ့အလယ်တွင် မြန်မာအစိုးရကို စစ်အာဏာရှင်အဖြစ်သတ်မှတ်ရှုမြင်ချက်ကို လုံးဝပျောက်ကွယ်သွားစေသည်။ အချင်းချင်းနိုင်ငံရေး နည်းပရိယယ် ခွက်စောင်းခုတ် စကားနာထိုးသည့် အတွင်းသုံးဝေါဟာရများအဖြစ်သာ သတ်မှတ်လျှက် ထိုဝေါဟာရနှင့်ပါဝင်ပတ်သက်မှုမရှိရန် အားလုံးက ရှောင်ရှားနေကြသည်။
သို့ ဖြစ်၍ ကျနုပ်တို့ ကမ္ဘာကြီးသည် ခေတ်ကာလနှင့် မကိုက်ညီသဖြင့်လူအများ စိတ်ဝင်စား သဘောကျလက်ခံခြင်းမရှိသော ဝေါဟာရဟောင်းများကိုသုံးခြင်းဖြင့် နိုင်ငံရေးမူဝါဒသြဇာတည်ဆောက်ရန် မဖြစ်နိုင်တော့သောခေတ်အခါအတွင်း
သို့ ချဉ်းနင်းဝင့်ရောက်လာနေသည်ကို သတိချပ်မိစေရန် တင်ပြလိုက်ခြင်းဖြစ်သည်။
လေးစားလျှက်
အဂ္ဂ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)