Tuesday, October 21, 2014

ငြိမ်းချမ်းရေး ... ဈေးကြီးသလား ...



(Myanmar Times)

 ကုန်ကျစရိတ် အလွန်များတဲ့ ငြိမ်းချမ်းရေးအသုံးစရိတ်အတွက် ကုန်ကျ
စရိတ်တွေကို နိုင်ငံတကာကနေ မျက်နှာအငယ်ခံရယူ ဆောင်ရွက်နေ
ပေမယ့် အလှူငွေကို အပြည့်အ၀မရကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်
စဲရေး လက်မှတ်ရေးထိုးနိုင်မှသာ အလှူရှင်တွေက အလှူငွေအပြည့်
အ၀ ထည့်ဝင်မှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးဝန်ကြီး ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်တဲ့ ပြည်ထောင်
စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေကို အသိပေး
လိုက်ပါတယ်။

စာမျက်နှာ ၁၄ မျက်နှာ ပါဝင်တဲ့ ဦးအောင်မင်းရဲ့ တင်ပြချက်မှာမြန်မာ
ငြိမ်းချမ်းရေးစင်တာတည်ဆောက်ဖို့အတွက် နိုင်ငံတော် ဘတ်ဂျက်
ကနေ ကျပ်သန်းပေါင်း ၃၅၀ ကျော် (၃၅၈,၆၂၂,၈၀၀)သုံးစွဲပြီး နိုင်ငံ
တကာ အကူအညီအနေနဲ့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ၂ ဒသမ
၂ သန်း၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်း (UNPBF)က အမေ ရိကန်
ဒေါ်လာ ၄၀၄,၆၀၀၊ နီပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၆
ဒသမ ၃ သန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊မြန်မာငြိမ်းချမ်း ရေး
ကူညီထောက်ပံ့မှု အစီအစဉ် (ဏြှု)က အမေရိကန် ၅၁၁,၃၉၅ ဒေါ်လာ
ရရှိထားပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းရေးအတွက်အဓိက ပံ့ပိုးပေးနေတဲ့ ဥရောပသမဂ္ဂ (EU)က
၂၀၁၂ နိုဝင်ဘာလက ၂၀၁၄ စက်တင်ဘာလအထိ ယူရို ငါးသန်းထောက်
ပံ့ဖို့ ရည်ရွယ်ထားပေမယ့် ၂၀၁၄ မတ်လအထိ ယူရို ၁ ဒသမ ၆ သန်း
(အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါး) သုံးစွဲခွင့်ရတယ်လို့ ဆိုပါတယ်။
စာရင်းချုပ်မယ်ဆိုရင် နှစ်နှစ်တာကာလအတွင်းမှာ မြန်မာကျပ်ငွေ သန်း
၃၅၀ ကျော်နဲ့ နိုင်ငံတကာအထောက်အပံ့နဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း
နီးပါးကို ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက်အသုံးပြုခဲ့တာပါ။
ဒါပေမဲ့ ဒီနိုင်ငံတကာ အထောက်အပံ့တွေကို ငွေသားအဖြစ် လက်ခံရရှိ
တာမဟုတ်ဘဲ အလှူရှင်ကသာ စီမံခန့်ခွဲ သုံးစွဲတယ်လို့ ဦးအောင်မင်း
ပြောပါတယ်။
ဒီကုန်ကျစရိတ်တွေကို မိမိ လက်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် မရှိပေမယ့် နိုင်ငံတော်ကသာ ကျခံရမယ်ဆိုရင် လမ်း၊ တံတားတွေ တည်ဆောက်မှု
ကို ထိခိုက်စေနိုင်တာကြောင့် တစ်ဖက်ကနေမျက်နှာ အငယ်ခံ ရယူနေ
ရကြောင်း ဦးအောင်မင်းက ပြောပါတယ်။
"အဲဒါကြောင့်မို့ ဟိုဘက်က ရသလောက် ယူမယ်ဆိုပြီး သည်းညည်းခံ
မျက်နှာငယ်စွာနဲ့ဆောင်ရွက်နေတာဖြစ်တယ်"လို့ ဦးအောင်မင်းက ပြော
ပါတယ်။
ဦးအောင်မင်းရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်
တချို့က ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ်မြင့်မားတဲ့ လုပ်ငန်းတွေဟာ
အပစ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းမှသာ ဆောင်ရွက်ရမယ့်အပိုင်း
တွေဖြစ်တာကြောင့် နိုင်ငံခြား အထောက်အပံ့ထက် စစ်မှန်တဲ့ အပစ်ရပ်စဲ
ရေး ရဖို့သာ အာရုံစိုက်သင့်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။
ဒီလိုမဟုတ်ဘဲ တစ်ဖက်နဲ့ တစ်ဖက် ဆက်လက်တင်းမာနေမယ်ဆိုရင် ရရှိ
ထားတဲ့ပြည်သူ့ဘဏ္ဍာငွေနဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ဖြုန်းတီးရာ ရောက်မယ်လို့ပြောဆိုကြပါတယ်။
"စစ်မှန်တဲ့ အပစ်ရပ်စဲရေး မရသေးဘဲနဲ့ နိုင်ငံခြား ထောက်ပံ့မှုဆိုတာ
ဘာမှ အရေးမကြီးဘူး။ အဓိကက နှစ်ဖက်သဘော တူညီမှုရအောင်လုပ်
ရမှာ။ အဓိကက တပ်မတော်ပဲ။တပ်ဘက်ကသာအမှန်တကယ်အပစ်ရပ်စဲ
ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးက ဒီလောက်ကြာမှာမဟုတ်ဘူး။ ခိုင်မာတဲ့
အပစ်ရပ်စဲမှုမျိုး မရဘဲ ဘာပြန်လည် ထူထောင်ရေးမှ လုပ်လို့ရမှာ မဟုတ်ဘူး"
လို့ပြည်သူ့လွှတ်တော် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ
အတွင်းရေးမှူး ဒေါ်ဒွဲဘူကပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (UPWC) နဲ့ တိုင်းရင်း
သား လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ဟာ တစ်နိုင်ငံလုံးအပစ်
ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေအကြိမ်ကြိမ် လုပ်နေ
ပေမယ့် အခုအချိန်အထိ မပြေလည်သေးပါဘူး။
"တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးတာနဲ့ နိုင်ငံတကာက ငွေကြေးရ
မရဆိုတာ ချိတ်ဆက်ပြောလို့ မသင့်တဲ့ ကိစ္စပဲ။ ဒါကိုယ့်ပြည်တွင်းရေးပဲ။ တစ်
ဖက်ကို ဖိအားပေးသလိုဖြစ်ရင်မကောင်းဘူး။ နိုင်ငံတကာမှာ ပြည်ပ အကူ
အညီတွေ ယူပြီး လုပ်တယ်ဆိုတာကလည်းအပစ်ရပ်စဲရေး ပြီးမှပဲ လုပ်ကြတာ။ ဒါတောင်မှ ဒီငွေတွေ သုံးတဲ့ နေရာမှာ အရမ်းပွင့်လင်းမြင်သာမှုရှိတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးမယ်ဆို ရင် ဒီငွေတွေက အဟောသိကံဖြစ်ပြီး
ပြဿနာတွေပိုများလာတတ်တယ်"လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုး
သိမ်း က ပြောပါတယ်။
ဒါ့ပြင် နှစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ရလဒ်ကို ပြန်ကြည့်မယ့် ဆိုရင် သုံးစွဲခဲ့တဲ့ငွေတွေနဲ့ ပြန်ရတဲ့ အကျိုးအမြတ်က မကာမိဘူးလို့ ဒေါက်တာ
ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေး ရလဒ်ထက် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ထူထောင်
ရေးနဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေက ပိုများနေမယ်လို့ ထင်
တယ်။ တကယ်တမ်းရှင်းမယ်ဆိုရင် ၀န်ထမ်းတွေရဲ့ လစာအပြင် ခရီး
စရိတ်တွေနဲ့ အခြား ခံစားခွင့်တွေကိုပါ လူထုကို သေချာရှင်းပြဖို့ လိုတယ်"
လို့ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကတော့ အစိုးရအနေနဲ့
အမှန်တကယ် အပစ်ရပ်စဲပြီး တိုင်းပြည် တည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်
အောင် စိတ်ရင်းစေတနာ ရှိမယ်ဆိုရင်ဦးအောင်မင်းပြောခဲ့သလို ပိုက်ဆံ
အများကြီးကုန်ဖို့ မလိုဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
" နိုင်ငံတကာ အကူအညီရဖို့နဲ့ အပစ်ရပ်စဲ ရေးလက်မှတ်ထိုးတာ ဘာမှ
မဆိုင်ပါဘူး။ နိုင်ငံတကာ အကူအညီရရ၊ မရရ ငြိမ်းချမ်း ရေးဆိုတာ ဆက်
သွားနေရမှာပဲ။ အရေးကြီးတာက ငြိမ်းချမ်းရေးအတွက် အပေးအယူ လုပ်
တဲ့အခါ မှန်မှန်ကန်ကန် မျှမျှတတ ဆွေးနွေးဖို့ပဲ။ဦးအောင်မင်း ပြောသလို
ငွေအများကြီး မကုန်ပါဘူး။ စိတ်ရင်း စေတနာသာ လိုတာ" လို့ NCCT
အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)