ကိုယ်ပိုင်ပြဌာန်းခွင့်ဟာတိုင်းရင်းသားအားလုံးကိုတန်းတူစေမဲ့
အကောင်းဆုံးစနစ်ဖြစ်တယ်။ ဒါကို အပြည်ပြည်ဆိုင်ရာလူ
့အခွင့်အရေးမှာလဲအတိအလင်းချမှတ်ပြဆိုတယ်။
စာပေယဉ်ကျေးမှူဘာသာစကားမှာတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို
့လိုတယ်. အဲလိုမှမရှိရင် နောက်နှစ်(၅၀)မတိုင်မီမှာ
တိုင်းရင်းသားဘာသာစကားတွေအားလုံးမှေးမှိန်ပျောက်ကွယ်မယ်။အမှန်က
ခုလဲသိတ်ပြိးအသုံးမ၀င်တာမို့ မှေးမှိန်နေပါပြီ။ စာပေတခုအသုံးဝင်ဖို့ ဆိုတာက
အဲဒီဘာသာစာပေနဲ့ထုတ်ဝေထားတဲ့ပညာရပ်စာပေအမျိုးမျိုး၊ ရသစာပေအမျိုးမျိုး
ရှိနေမှဖြစ်မယ်။
ပညာဆည်းပူးရေးအတွက်ရော အလုပ်အကိုင်အတွက်ရော ဘာမှအသုံးမ၀င်အောင်ဖိနှိပ်ထားခံရရင် မကြာခင်ပျောက်မယ်။ အသုံးမ၀င်တဲ့စာပေကို ဘယ်သူကမှအကြာကြီး မထိမ်းထားနိုင်ဘူး။ ကရင်စာကိုကျောင်းမှာတရားဝင်သုံးခွင့်မရတဲ့ နှစ်၅၀အတွင်း ကရင်စာတတ်သူ ၃၀%ဘဲကျန်ပါတော့တယ်။ ဒါကြောင်င့်မို့လို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရှိကိုရှိရမယ်လို့ နိုင်ငံတကာ နိုင်ငံရေးပညာရှင်တွေကတသံထဲထွက်ကြတာပါ။ခုလောလောဆယ် ရတဲ့နည်းနဲ့ထိမ်းထားရမှာမှန်ပေမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အချိန်မီမရရင်လူတွေဟာအသုံးမ၀င်တဲ့ဘာသာစကားတခုကိုထိမ်းသိမ်းဖို့ အချိန်ပေးနိုင်မှာမဟုတ်တော့ဘူး။
သူများကလေယဥိနဲ့သွားခွင့်ရနေချိန်မှာ ကိုယ်ကခြေကျင်လျှောက်ပြိးလိုက်နေရင် ကိုယ့်လူထုကိုယ်တိုင်က စိတ်ဝင်စားမှာမဟုတ်တော့ဘူး။ အမှန်ကိုပြောမယ် ခုတိုင်းရင်းသားအားလုံးရဲ့  ၄၀ရာခိုင်နှုန်းလောက်ဟာဘာသာစကားတန်းတူခွင့်ချုပ်ငြိမ်းမှုအောက်မှာ ကို့ယ်စာကိုယ်မတတ်ကြတော့ပါဘူး။ ဒီတော့ ကိုယ့်လူတစုကွက်ကွက်လေးလုပ်နိုင်တာလောက်နဲ့ တမျိုးလုံးအတွက် အဆင်ပြေနေပြီလို့ မှတ်ပြီး ဘာသာစာပေကိုယ်ပြဌာန်းခွင့်ကိုမဆန့်ကျင်မိဖို့ ပြောချင်တယ်။ ကိုယ့်စာကိုခုလိုအဆင့်အတန်းနိမ့်နိမ့်ဘဲထားပြီးသင်ခွင့်ရနေတာကိုကျေနပ်နေခြင်းဟာ ရေရှည်မှာတော့ကိုယ့်အအမျိုးကိုဖျောက်တာဘဲကျန်ရစ်ခဲ့ပါ့မယ်။တိုင်းရင်းသားတွေဟာ ကိုယ့်ဘာသာစာပေကိုလမ်းဘေးအဆင့် အသုံးမ၀င်အဆင့်မှာဘဲနှိမ်ထားတာကိုကျေနပ်ကြရင် အစထဲက ကိုယ်ကိုင်ပြဌာန်းခွင့်တောင်မှာမဟုတ်ဘူး။ အဲဒီအဆင့်က နဂိုလ်ထဲကပေးထားတာပါ။ မြန်မာအစိုးရအဆက်ဆက်ကတိုင်းရင်းသားဘာသာစာပေတွေကို အဲဒီအဆင့်ထက် မကျော်စေချင်ဘူး။ ဒါပေမဲ့ တုံးတိတိကြီးလဲ မတားမြစ်ရဲဘူး။ ဒီတော့ခွေးစိတ်ကောင်းအောင်အီးနံ့ပေးထားတဲ့အဆင့်ကလေးကိုတော့ ပေးထားတယ်။ ဒါပေမဲ့တိုင်းရင်းသားတွေက အကုန်လုံးကိုယ့်ကိုကိုယ် ခွေးမဟုတ်ဘူး လို့ သဘောထားသလို သူတို့ ရဲ့ ဘာသာစာပေတွေကလဲအီးမဟုတ်ဘူးဆိုတော့ ခုလိုရာသက်ပန်မငြိမ်းချမ်းနိုင်တဲ့တိုင်းပြည်အဖြစ်ကို ဘဲဆက်ပြိးကျဆင်းနေတာပါဘဲ။
တိုင်းရင်းသားတွေကို ဘယ်တိုင်းပြည်ကမှမသိသေးဘူး။ တကူးတကလေ့လာသူတွေကလွဲရင်ပေါ့။ အားလုံးကိုဗမာဘဲလို့ သိတယ်။ ယဉ်ကျေးမှုအကအခုန်အားလုံးမက ရို့းရာလက်ဝှေ့တွေမကျနှ်ဗမာဘဲလို့ နားလည်ကြတယ်။ ဒီတော့ကိုယ့်ကိုယ်ကိုယ်အဟုတ်မှတိနေတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေမှန်က ရှင်လျှက်နဲ့သေနေပြိးသားဖြစ်နေတယ်။ ဒီတော့ကိုယ့်လူမျိုးခုလိုဆက်ပြိးသေမနေဖို့ က ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရယူနိုင်ဖို့ လိုတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့SELF DETERMINATION ကိုဖိနှိပ်ဆန့် ကျင်တာဟာမတရားတဲ့ ILLEGAL ဖြစ်တဲ့အယူအဆဖြစ်တယ်လို့  မျက်မှောက်ကမ္ဘာကလဲ ကျေညာထားတယ်။ မျိုးချစ်စိတ်ရှိတယ်ဆိုတာက ကိုယ့်ကိုဖိနှိတ်ထားတဲ့ အစိုးရကခွင့်ြု့ပုထားတာတွေကိုလောက်သာလုပ်နေတဲ့အနေအထားနဲ့ စံတင်လို့ မရနိုင်ဘူး။ တရားတဲ့ရပိုင်ခွင့်မှန်သမျှကိုအစိုးရကခွင့်ြု့ပုလာအောင်လုပ်တာကိုသာ မျိုးချစ်စိတ်ရှိတယ်လို့ သတ်မှတ်နိုင်တယ်။ ဆရာကြိးလုပ်တယ်မထင်နဲ့။
ဖိနှိပ်မှူမျိုးစံအောက်မှာ နှစ်ပေါင်းရှည်ကြစွာနေထိုင်ကြိးပျင်းလာရသူတွေမှာ အမှားကိုအမှန် အမှန်ကိုအမှားအဖြစ်လက်ခံ လာနေကြတာတွေကို တော်တော်လေးမြင်လာနေရလို့ စိုးရိမ်မိတာပါ။တိုင်းရင်းသားအားလုံးအတွက်ပါ။

No comments:
Post a Comment