Saturday, July 4, 2009

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဂုဏ်ထူးဆောင်နာယကကြီး ဖူးတာအယ်၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း

အပိုင်း (၁)
ကောဇာသက္ကရာဇ် 1285 ခု၊ ပထမ၀ါဆိုလဆန်း (၁၁)ရက် (AD 1923 ဇွန်လ ၂၃ ရက်) စနေနေ့ နံနက် (၇)နာရီတွင် အဘဦးဖိုးဒွေး၊ အမိ ဒေါ်ပန်းမြတို့မှ ညောင် တုန်းအရှေ.ပိုင်းတိုက်နယ် ခတ္ထိယ ငှက်ပျောကျွန်းရှိ တလိုင်းချောင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ မောင်တင်ဦးဖြစ်သည်။ (၁)နှစ်သားအရွယ်တွင် မိခင်ဒေါ်ပန်းမြဆုံးသွားခဲ့ပြီးနောက်၊ (၆)နှစ်သား၌ ဘခင်ဦးဖိုးထွေးက နောက်အိမ် ထောင်ပြုသည်။ ဖအေတူ မအေကွဲ ညီ၊ ညီမ (ရ)ဦးရှိသည်။

အသက် (၁၀)နှစ်ကျမှ ကျောင်းစ၍ နေခဲ့ရသော်လည်း ကျောင်းမနေမီကတည်း က လေ့လာသင်ကြားမှုရှိသောကြောင့် သူငယ်တန်းကြီးနှင့် ပထမတန်းကို တနှစ် ထဲတွင် အောင်မြင်ခဲ့သည်။ အသက် (၁၆)နှစ်အရွယ် ဆဌမတန်း၌ သင်ယူနေချိန် တွင် ဗမာ့နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်နွယ်နေသော သံမဏိတပ်ဖွဲ့ထဲဝင်ရောက် ခဲ့ခြင်းကြောင့် ဘခင်က ကျောင်းမှ လာနှုတ်ခဲ့သည်။

မိဘလက်ငုတ်ဖြစ်သော လယ်ယာအလုပ်အကိုင်ကို ၀ိုင်းကူလုပ်ကိုင်ရင်းမှာပင် ရပ်ရေးရွာရေးများ ပါဝင်လုပ်ကိုင်ခြင်းဖြင့် လူငယ်ပိုင်းမှာ ခေါင်းဆောင်မှုရရှိလာ ပြီး လူကြီးပိုင်းမှာပါ ၀င်ဆံ့လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာချိန် ဗမာနိုင်ငံ အတွင်းမှ အင်္ဂလိပ်ကို တိုက်ထုတ်ရန် ဂျပန်များဝင်လာသည်နှင့် မရှေးမနှောင်း၊ ကရင် ဗမာအဓိကရုန်းပေါ်ပေါက်ခဲ့သည်။ ကရင်နှင့် ဗမာများ တပြန်တလှည့်စီ ရွာလုံးကျွတ်လုယက်သတ်ဖြတ် လက်စားချေမှုများ လုပ်ကြရာတွင် ကိုတင်ဦးတို့ တလိုင်းချောင်းပတ်ဝန်းကျင် ကရင်ကျေးရွာများနှင့် ခတ္ထိယ၀န်းကျင်မှ ဗမာရွာ များ ပြသနာမပေါ်ရအောင် ခတ္ထိယမှ သြဇာရှိလူကြီးများနှင့် တိုင်ပင်ပြီးထိန်းထိန်း သိမ်းသိမ်းလုပ်နိုင်ခဲ့သည်။ ဂျပန်ကို တိုက်ထုတ်မည့် လေထီးဆင်းများနှင့် လက် နက်ကိုင်မြေအောက်တပ်သားများကိုလည်း အကူအညီပေးခဲ့သည်။ ဂျပန်ကိုနှစ် ပွဲ သုံးပွဲမျှပါဝင်တိုက်ခိုက်ပြီးနောက်တွင် ကမ္ဘာစစ်အတွင်း ဂျပန်များ စစ်ရှုံးပြီး မြန် မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာသွားသည်။
1946 ခုတွင် KCO အဖွဲ့ဝင်တဦးဖြစ်သူ အဘိုးဦးစံမြနှင့်အတူ မအူပင် AKO အစည်းအဝေးသို့ တက်ရောက်ခဲ့ရသည်။ မန်းဘဇန်နှင့် သိကျွမ်းရပြီးနောက် KCO မှဖွင့်လှစ်သော အခြေခံစစ်ရေး၊ နိုင်ငံရေးသင်တန်းသို့ တက်ရောက်သင် ကြားခွင့်ရခဲ့သည်။ သင်တန်း၌ မန်းဘဇံ၊ ဆရာသာထို၊ ဆရာပေါလ်အေးငြိမ်းတို့ က သင်ကြားပို့ချခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်မှ (၇)ရက်နေ့အထိ အလုံ ပဲခူး ကရင် ကျောင်းဝင်း၌ ပွာကညောဒေါကလူ (KNA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကရင်အမျိုးသားများအသင်း(BKNA)၊ ကရင်လူငယ်အစည်းအရုံး (KYO)နှင့် က ရင်ဗဟိုအဖွဲ့ (KCO)တို့ကို အတူတကွပေါင်းစည်းပြီး ကရင်အမျိုးသားအစည်း အရုံး (KNU)ဟူ၍ ဖွဲ့စည်းသည့်အစည်းအဝေးသို့ တက်ရောက်ခဲ့ရသည်။ ကရင် ပြည်တောင်းဆိုရာတွင် ကရင်အမျိုးသားများအားလုံး တစည်းတလုံးတည်း တစု တဖွဲ့တည်း သဘောထားတခုတည်းအနေဖြင့် ပေါင်းစည်း၍ တောင်းဆိုရန် ဖွဲ့ စည်းကြခြင်းဖြစ်သည်။

ဖဆပလ အဖွဲ့အတွင်းမှ အချို့ သောလူမျိုးကြီးဝါဒီများက ကရင်များသီးသန့်ပြည် နယ် ထူထောင်မည့်ကိစ္စကို မလိုလားကြ၊ ကရင်ဗမာအဓိကရုဏ်းကဲ့သို့ အင် အားသုံးအနိုင်ကျင့်လာမှုများကို နောက်တကြိမ်မခံရစေရန်အတွက် ကရင်အမျိုး သားများကို ကာကွယ်ဘို့ရန် (KNDO)ကို ဖွဲ့စည်းခဲ့သည်။ (KNU)အဖွဲ့ကို မြို့နယ်ကျေးရွာများတွင် လိုက်လံစည်းရုံးဖွဲ့စည်းပြီး မရှေးမနှောင်းမှာပင် မြစ်ဝကျွန်းပေါ်တိုင်းဥက္ကဌကြီး မန်းဘဇံ တာဝန်ပေးချက်အရ ညောင်တုန်းအရှေ့ ပိုင်း တိုက်နယ်ကျေးရွာကာကွယ်ရေးမှူးအဖြစ် (KNDO)အဖွဲ့များကို ဖွဲ့စည်းခဲ့ သည်။ ညောင်တုန်းအရှေ့ပိုင်းတိုက်နယ်၌ သူကြီးပိုင် (၁၀)ပိုင်ရှိ၍ ကျေးရွာမှာ တရာကျော်ရှိသည်။ (KNDO)များကို ကျေးရွာတရွာလျှင် (၅)ယောက်မှ (၁၅) ယောက်အထိ ဖွဲ့စည်းခဲ့သည်။ လက်နက်ခဲယမ်းများ ၀ယ်ယူနိုင်ရေးအတွက် ရံပုံ ငွေရရှိရန် ညောင်တုန်းအရှေ့ပိုင်းတိုက်နယ် ကုန်စုံဆိုင်ကိုလည်း ကျေးရွာအဖွဲ့အ စည်းမှ တာဝန်ရှိလူကြီးများနှင့်အတူ ငွေကြေးတတ်နိုင်သူများကို စည်းရုံးကာ သိန်းနှင့်ချီ၍ ရင်းနှီးထူထောင်ခဲ့သည်။ ရရှိသည့်အမြတ်များဖြင့် လက်နက်များ ၀ယ်ယူစုဆောင်းနိုင်ခဲ့သည်။

1948 ခု၊ ဖေဖော်ဝါရီလ (၁၁)ရက်နိုင်ငံနှင့် အ၀ှမ်းကရင်များဆန္ဒပြတောင်းဆိုပွဲ များလုပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လူထုကို စည်းရုံးလှုံ့ဆော်ကာ ဆန္ဒ ပြသောမြို့နယ် ကျေးရွာလူထုအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သည်။

1949 ခုနှစ်၊ နှစ်ဦးပိုင်း အင်းစိန်တိုက်ပွဲဖြစ်ပေါ်ရာတွင် ဗိုလ်တင်ဦးတို့ဘက်မှာ လည်း ပြည်သူ့ရဲဘော်များနှင့် တိုက်ပွဲများဖြစ်ခဲ့သည်။ တိုက်ပွဲများ သုံးလေးနေ ရာ၌ တိုက်ခိုက်ပြီး အင်းစိန်တိုက်ပွဲသို့လည်း လိုအပ်သည့် ဆန်၊ ဆား၊ ငါးပိ၊ ငါး ခြောက်ရိက္ခာများကို လှေ၊ သမ္ဗာန်များဖြင့် ရန်သူများအကြားမှ ပို့ဆောင်ပေးခဲ့ သည်။

ကရင့်လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရာတွင် ဗိုလ်တင်ဦးသည် (B)ကုမ္ပဏီ ၏ တပ်ခွဲမှူးအဖြစ် တာဝန်ကို ထမ်းဆောင်ရသည်။ ဗိုလ်မောင်ဇံ၊ ဗိုလ်ကျော်လှိုင် တို့မှာ အားကိုးရသော တပ်မှူးငယ်များဖြစ်သည်။ မြစ်ကို သံကြိုးများတားကာ ရန် သူ့စစ်သင်္ဘောများကို မလှန်နိုင်အောင် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ ဗိုလ်မှူးချုပ် ဘလိတ်၏ စစ်ကြောင်းများအား (၂၇)ရက်အတွင်း တိုက်ပွဲကြီးငယ် (၁၂၀)ကျော် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများမှာ ထင်ရှားသည်။

မြစ်ဝကျွန်းပေါ်တခွင် ကန်ကြီးဒေါင့်၊ ဘဲဂယက်၊ ဒက၊ ရှိုး၊ လှိုင်းတာ၊ ရုံးဒေါင့်၊ ကဒိုက်၊ အိမ်မဲ၊ ဓနုဖြူ၊ မအူပင်၊ ရေလဲ၊ စံကင်း၊ ဆကာကြီး၊ အဖျောက်၊ ကြက်တူ ရွေးတောင်၊ ပါလှဲ့၊ သပြေချောင်း၊ မြလှချောင်း၊ သံကြိုး၊ ရေပေါက်၊ ကြခတ်ကွင်း၊ ငှက်ကြီးတောင်၊ တွံတေးတောကြီးတန်း၊ မယ်ပြေကျွန်း စသည်တို့တွင် တိုက်ပွဲ ပေါင်းများစွာ တိုက်ခဲ့ရသည်။

1950 ခုနှစ်၊ သြဂုတ်လအတွင်း စောဘဦးကြီးကျဆုံးပြီးနောက် အုပ်ချုပ်ရေးအ ခြေမခိုင်မှုကြောင့် တဗိုလ်တမင်း နယ်စား ပယ်စားများဖြစ်ကာ ကရင့် တော်လှန် ရေးပျက်စီးလုနီးပါး အခြေအနေဖြစ်လာမှုကို ထိန်းသိမ်းသောအားဖြင့် မြစ်ဝကျွန်း ပေါ်တိုင်း ဥက္ကဌကြီးမန်းဘဇန်မှ နိုင်ငံတကာတော်လှန်ရေးများကို လေ့လာပြီး ဒု တိယလမ်းစဉ်ကို ရေးဆွဲခဲ့သည်။ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စနှင့် အမျိုးသားဓနရှင်တို့၏ အကျိုးစီးပွားများကို ရှေ့ရှုပြီး အလုပ်သမားလူတန်းစားဦး ဆောင်မှုကို ခံယူသည့် ဒုတိယလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်ကျင့်သုံး ခဲ့ရာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိခဲ့သည်။ ထိုလမ်းစဉ်ကို ၀ိန့်ထောင် ကွန်ဖရင့်တွင် ဆွေးနွေးပြီး 1953 ခုနှစ် ဖာပွန်ကွန်ဂရက်၌ ကော်သူးလေတတိုင်း လုံးအသုံးပြုနိုင်ရန် မြစ်ဝကျွန်းပေါ်ကိုယ်စားလှယ် ဗိုလ်ကြီးတင်ဦးမှ တင်ပြခဲ့ရာ အစည်းအဝေးမှ ကြားနာရုံသာကြားနာပြီး ဆုံးဖြတ်ချက်မချခဲ့ပေ။ 1956 ခုနှစ် မောကို ကွန်ဂရက်တွင် ထိုလမ်းစဉ်ကို ဟန်တာသာမွှေးက ဦးဆောင်၍ အတည် ပြုချမှတ်ခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)