အပိုင်း (၂)
ဗိုလ်မှူးတင်ဦးမှာ အရှေ့ ကော်သူးလေအတွင်း ထိုလမ်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေး စည်းရုံးဆွေးနွေးရန် တာဝန်ယူခဲ့သည်။ တပ်မမှူး ဗိုလ်ချုပ်တာကပေါ၊ ဗိုလ်မှူးချုပ်ဂျော်နီထူး စသော ပုဂ္ဂိုလ်များ၏ လက်မခံနိုင်မှုများ၊ ဟန့်တားနှောက်ယှက်မှုများကို ကြုံရေသော်လည်း မျှ တသောအမြင်ရှိသည့်နယ်မြေခံခေါင်းဆောင်တချို့ ၏ အားပေးမှုများဖြင့် စိတ်ရှည်လက်ရှည် ကြိုးပမ်းဆောင်ရွက်ရင်း လူထုလက်ခံမှုကို တစတစရရှိလာခဲ့သည်။
အလံနီကွန်မြူနစ်ပါတီနှင့် ဗကပများနှင့် မဟာမိတ်ပြု၍ ဘုံရန်သူကို တိုက်ခိုက်ရေး ညီညွတ်စွာ လက်တွဲနိုင်ခဲ့သည်။ မြစ်ဝကျွန်းပေါ်ကို ရန်သူများ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် ဗိုလ် မှူးချုပ်ဘရှိုင်း၊ ဗိုလ်မှူးချုပ်အော်စဘွန်၊ ဗိုလ်ချုပ်ပု စသူတို့ လက်နက်ချသွားပြီး ရန်သူနှင့် ပေါင်းသွားကြသော်လည်း ဗိုလ်မှူးတင်ဦးတို့တပ်က ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။ ရန်သူထိုး စစ်ကြီးကြောင့် ဗိုလ်ချုပ်ကျော်မြသန်း၊ ဗိုလ်မှူးကျင်ဖေတို့ ပဲခူးရိုးမသို့ ဦးစွာရွှေ့ သွားကြပြီး နောက်တွင် လှေဆွဲကွန်ဖရင့်ကျင်းပရာ ဗိုလ်မှူးကြီးတင်ဦးကို ပဲခူးရိုးမ၌ တာဝန်ထမ်းဆောင် ရန် ခေါ်ယူခဲ့သည်။ လှေဆွဲကွန်ဖရင့်မှနေ၌ မြန်မာအမည်များဖြစ်နေသော ကရင့်တော်လှန် ရေးခေါင်းဆောင်များကို ကရင်အမည်သို့ ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်မြသန်း က ကော်ထူး၊ ဗိုလ်မှူးကျင်ဖေက ကိုးဒို၊ ဗိုလ်မှူးချုပ်မြမောင်က မန်းသိုခနုတ်၊ ဗိုလ်မှူးကြီး ၀ရ ဇိန်က လောကွား၊ ဗိုလ်မှူးကြီးတင်ဦးက တာအယ် စသည်ဖြင့် အမည်များပြောင်းလဲခဲ့ရာ ဖူးတာအယ်နှင့် ဖူးလောကွားတို့ အမည် (၂)ခုသာ ရေရှည်တည်တံ့ကျန်ရစ်ခဲ့သည်။ လှေဆွဲ ကွန်ဖရင့်မှပင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး၊ မြို့ နယ်စစ်ရေး၊ နိုင်ငံရေးကော်မတီများနှင့် တပ် များကိုလည်း ဖွဲ့စည်းခဲ့သည်။ (KPLA)တပ်ရင်း (၄)ရင်းဖွဲ့လိုက်သည်။ (KPGF)ကရင်ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့သည်။ ဗိုလ်မှူးကြီးတာအယ်မှာ (KPLA)(၁)၏ တပ် မှူးဖြစ်သည်။
1955 ခုနှစ် ပဲခူးရိုးမသို့ ဆရာဘာဟုနှင့် ရောက်သွားကြပြီး ပဲခူးရိုးမတိုင်းကော်မတီခေါင်း ဆောင်များနှင့် (KNU)တပ်ဦးပါတီအရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ပဲခူးရိုးမတိုင်း ကော်မတီ အသစ်တဖန် ဖွဲ့စည်းလိုက်ကြသည်။ ဥက္ကဌ ဗိုလ်မှူးချုပ်အုန်းမောင်နှင့် အတွင်းရေး မှူးဗိုလ်အေးဟန်တို့ ဦးစီးသောကော်မတီဖြစ်သည်။ တိုင်းကော်မတီနှင့် အလုပ်အမှုဆောင်များ ခရိုင် (၄)ခုနှင့် မြို့ နယ်၊ ကျေးရွာများကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ဗိုလ်မှူးချုပ်လောကွား၊ ဗိုလ် ကြီးညောင်ရေ၊ ဗိုလ်ကြီးကြချစ်၊ ဗိုလ်မှူးသာချို စသူတို့နှင့် တွဲခဲ့ရသည်။ တပ်ရင်းများကို နိုင်ငံ ရေး၊ စည်းရုံးရေး၊ စစ်ရေးသဘောတရားများကို ဆရာဘာဟုနှင့်အတူ တာဝန်ယူသင်ကြားပေး ခဲ့သည်။ တပ်များကို တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက် လုပ်သွားပြီး လှုပ်ရှား စစ်တိုက်နည်းများကိုလည်း တပ်ရင်းများက အတော်အတန် လေးစားလိုက်နာလာကြသည်။ ရန်သူကို တိုက်ဘို့ကမခက်၊ တပ်တွင်းတည်ဆောက်ရေးလုပ်ငန်းများ လုပ်ရာမှာတော့ ခက် သည်။ဂိုဏ်းဂန၀ါဒ၊ မင်းမဲ့ဝါဒ၊ တဗိုလ်တမင်းဝါဒများ၊ တရှူးတိုးဝါဒ၊ တပွဲထိုးဝါဒ၊ တကိုယ် ကောင်းဝါဒ၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းသည့်ဝါဒ စသောဝါဒများကို ကင်းစင်ပပျောက် အောင်မူ ဗိုလ်မှူးကြီးတာအယ် မတတ်နိုင်ခဲ့ချေ။
ပဲခူးရိုးမအတွင်း ခရိုင်နှင့် တိုင်းခေါင်းဆောင်များ တပ်မှူးများကို နိုင်ငံရေး၊ စည်းရုံးရေးသင် တန်းများပေးရာတွင် ဘိန်းစွဲနေကြသော ဗိုလ်ထိုကြည်အပါအ၀င် ခေါင်းဆောင်များနှင့် ငယ် သားအတော်များများကို တော်လှန်ရေးနှင့် အမျိုးသားရေးမျက်နှာကိုထောက်၍ ဘိန်းဖြတ်သွား နိုင်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့သည်။
1956 ခုနှစ် မောကိုကွန်ဂရက်မှ ဒုတိယလမ်းစဉ်ကို ချမှတ်အပြီး တပ်မဟာ (၆)နှင့် (၇)တို့တွင် အကောင်အထည်ဖေါ်ရန် ဗိုလ်မှူးဘသင်၊ ဗိုလ်ကြီးလှထွန်းတို့နှင့် လိုက်သွားရင်း ဒုတိယလမ်း စဉ်ကို နယ်မြေခံတပ်မှူးများ လက်ခံလာအောင် စိတ်ရှည်လက်ရှည်ဆောင်ရွက်ခဲ့သည့် တချိန် တည်းမှာပင် တပ်မဟာ (၇)အတွင်းရောက်နေသော ဗိုလ်မှူးလင်းထင်တို့ တပ်နှင့် ဗိုလ်ချုပ် တာကပေါတို့တပ်အကြား မကျေမလည်ဖြစ်မှုများကို တာဝန်ယူဖြေရှင်းပေးခဲ့ရသည်။
1958 ခုနှစ် မွန်ပြည်သူ့တပ်ဦး ရန်သူ့ထံ လက်နက်နှင့် ဒီမိုကရေစီ လဲသွားသောအခါ မွန်များ နှင့် ဆက်လက်မလုပ်ကိုင်လိုတော့ဘဲ ကရင့်တော်လှန်ရေးနှင့်တွဲ၍ (KNU)အဖြစ်ခံယူမည် လုပ်နေသော နိုင်မုန်လာကို မိမိအမျိုးသားအတွက် အားကိုးအားထားပြုစရာ တော်လှန်ရေး အဖွဲ့အစည်းတရပ် ပြန်လည်ထူထောင်ဘို့ရန် ဆွေးနွေးဖျောင်းဖျပြီး နိုင်ဓမ္မနေ၊ နိုင်ဟတ်ခေါင်၊ နိုင်ရွှေကျင်၊ နိုင်ဘအုန်းတို့ကို မှာယူပြီး (KNU)၏ မဟာမိတ် မွန်ပြည်သစ်ပါတီကို ထူထောင် ဖြစ်ပေါ်စေသည့်ပုဂ္ဂိုလ်များတွင် ဗိုလ်မှူးအော်လီဗာ၊ ဗိုလ်မှူးမူတူးတို့နှင့်အတူ ဗိုလ်မှူးကြီးတာ အယ်မှာ အဓိကပုဂ္ဂိုလ်အဖြစ်ပါဝင်ခဲ့သည်။
1959 ခုနှစ် ပဲခူးရိုးမတိုင်း၌ တိုင်းဥက္ကဌအဖြစ်ဆောင်ရွက်ရန် ဗိုလ်ချုပ်ကျော်မြသန်း မှာကြား ချက်အရ သွားရောက်ခဲ့ရပြန်သည်။ ပဲခူးတွင် မဟာမိတ် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်း ပြီး ရန်သူကို တိုက်ခိုက်ခဲ့ရသည်။ အလားအလာနှစ်ရပ်ပြသနာများ၊ (KNUP)အဖွဲ့အစည်း အတွင်း သဘောထားမညီမျှမှုကြောင့် ဖြစ်ပေါ်လာသော ပြသနာများနှင့် ဗိုလ်ချုပ်မြတို့က ခွဲ ထွက်ကာ (KNLC)ထူထောင်ခြင်းများ၊ အလုပ်သမားရှေ့ဆောင်မှုကိစ္စကို ပယ်ဖျက်ပေးရေး အတွက် ဆွေးနွေးညှိနှိုင်းပြီးနောက် မန်းဘဇန်၊ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်မှူးသန်းအောင် စသူ တို့က ဗိုလ်ချုပ်မြတို့နှင့် ပေါင်းသွားကြသည်။ ကျန်ခဲ့သော ဗိုလ်ချုပ်ကျော်မြသန်း၊ ဗိုလ်ချုပ်မြ မောင်၊ ဗိုလ်မှူးချုပ်ကျင်ဖေတို့နှင့် အခြေခံရန်သူ သတ်မှတ်မှု ပြသနာများ၊ ရိက္ခာနှင့်ပတ်သက် သော ပြသနာများကို တွေ့ကြုံဆွေးနွေးဖြေရှင်းရသည်။ နောက်ဆုံး၌ အမျိုးသားရေးညီညွတ် ရေးကို ရအောင်လုပ်မည်ဟု ရည်ရွယ်လျှက် (KNUP)မှ တကိုယ်တည်းထွက်သွားခဲ့ခြင်းများ၊ ထို့နောက် ဗိုလ်ချုပ်မြတို့၏ ညီလာခံကျင်းပရာသို့တဆင့် လူကြုံဖြင့်ရောက်ခဲ့သည်။ မိမိသ ဘောထားရပ်တည်ချက်များကို ပြောပြခဲ့သည်။ ကရင်တွေမညီမညွတ်ဖြစ်ကာ ရန်သူကို တိုက် ခိုက်ရေးအဓိကမထားတော့ဘဲ အချင်းချင်းတိုက်ခိုက်ရေး လုပ်နေကြရမည့်အချိန်မဟုတ် ကြောင်း၊ မြစ်ဝကျွန်းပေါ်မှာလည်း ရန်သူ၏ ဖြတ် (၄)ဖြတ်ဖြင့် အရေးကြီးနေပြီဖြစ်၍ မြစ်ဝ ကျွန်းပေါ်မပြုတ်ရန် မိမိတို့ညီညွတ်စွာ ကူညီကြရမည်ဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ပြုတ်လျှင် ပဲခူးရိုးမလည်းပြုတ်မည်ဖြစ်ပြီး ထိုနှစ်ခုနောက်ပိုင်း အရှေ့ကော်သူးလေပါ ပြုတ်နိုင်ကြောင်း တင်ပြကာ ညီညွတ်ရေးရဘို့ စည်းရုံးဆွေးနွေးသည်။ ဗိုလ်ချုပ်မြတို့က သဘောတူပြီး (KNUP)သို့ ပြန်လည်ညှိနှိုင်းရန် ကိုယ်စားလှယ်လွတ်မည်ပြုရာတွင် ဗိုလ်ချုပ်ကျော်မြသန်းမှ ဒု- ဗိုလ်ချုပ်တာအယ်မှာ ပါတီသစ္စာဖေါက်ဖြစ်၍ လက်မခံလိုကြောင်း ပြောကြားငြင်းပယ်လိုက် သောကြောင့် ဗိုလ်ချုပ်တာမလာဘောကို လွတ်ခဲ့ရသည်။ 1975-76 ခုနှစ်တွင် ဗိုလ်ချုပ်မြ မောင်၊ ဆရာကကြီးစကောလယ်တော အစရှိသော (KNUP)ခေါင်းဆောင်များ ဗိုလ်ချုပ်မြတို့ နှင့် ပြန်လည်ပူးပေါင်းပြီး (KNU)တဖွဲ့တည်းပြန်လည်ဖြစ်ခဲ့သည်။
1974 ခုနှစ် ပဟီလူညီလာခံအပြီး ဒု-ဗိုလ်ချုပ်တာအယ်ကို တပ်မဟာ (၆)၏ တပ်မဟာမှူး ဗိုလ် ချုပ်ရွှေဆိုင်းမှ ဖိတ်ခေါ်ပြီး ခရိုင်အတွင်းမှ တပ်မှူးများ ပဒိုများကို တူ (၄)တူ သင်တန်းပေးခဲ့ သည်။ တပ်မဟာ (၆)နယ်မြေအတွင်းတိုက်ပွဲများကို အတော်တိုက်ခဲ့ရသည်။ ရေး၊ ချောင်းဖျား၊ သံပုရာ၊ ခုတ်ခွား စသည့်တိုက်ပွဲများကို တပ်မဟာမှူးပါ ပါဝင်လျှက် တိုက်ခိုက်ခဲ့သည်။
No comments:
Post a Comment