၎။ ကရင်အမျိုးသားနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်နေ့)
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်အချိန်မှစ၍ ကရင်တမျိုးသားလုံးသည် က ရင်ပြည်အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် အာဏာရ အုပ်စိုးသူ ဖဆပလ အစိုးရက ကရင်ပြည်တောင်းဆိုတာ လက်တဆုပ်စာ ကရင်သာဖြစ် ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့များက အားပေးအားမြှောက်ကြောင်း၊ အင်္ဂလိပ်ကျွန်ဖြစ် လိုသူ ကရင်များဖြစ်ကြောင်း စသည်များဖြင့် မဟုတ်မမှန် သွားပုပ်လေလွင့် စွပ်စွဲ ပြောဆိုသည်။
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် ကေအဲန်ယူက ဖဆပလ အစိုး ရထံ ကရင်ပြည်ပေးဘို့ စာရေးတောင်းဆိုသည်။ စာကို တလအတွင်း၊ ၁၉၄၈ ခု နှစ် မတ်လ (၃)ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက သို့တည်းမဟုတ် ကရင်ပြည်ပေးဘို့ ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတ လှမ်းတက်လှမ်းမည်ဟု ပါရှိသည်။
ယင်းကရင်ပြည်တောင်းဆိုသည့်စာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့၌ မြန်မာပြည် တပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင် ပြည်လိုလားကြောင်း မြို့ပေါ်သို့တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထု ဆန္ဒပြပွဲ ကျင်းပရန်ဆုံးဖြတ်သည်။
ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများ မြို့များပေါ်တက်၍ ကရင်ပြည်လို လားကြောင်း ကရင်လူထုဆန္ဒပြပွဲကျင်းပလေသည်။
အောက်ဗမာပြည် ကရင်များရာဒေသတွင်သာမက၊ မြောက်ဖက်မြစ်ကြီး နားမှ တောင်ဖက်မြိတ်မြို့အထိ ရှမ်းပြည်တွင် နမ်းခါး၊ ကွတ်ခိုင်၊ လားရှိုး၊ တောင် ကြီး၊ ကျိုးတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စ သည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။
ရန်သူ ဖဆပလမှလည်း ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်းများ ပြုလုပ် သေးသည်။ သို့သော် ကရင်တမျိုးသားလုံး ၂ရက် ၃ရက် ခရီးများ ချီတကှ်ု ဆန္ဒပြ ကြရာ ကရင်အမျိုးသား အမျိုးသမီးပေါင်း (၄)သိန်းကျော် ဆန္ဒပြကြ၍ ထိုနေ့ရက် အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံးဆန္ဒပြပွဲဖြစ်ခဲ့သည်။
ဆန္ဒပြရာတွင်-
(၁) ကရင်ပြည်ချက်ချင်းပေး (လွတ်လပ်ရေး)။
(၂) ကရင်တကျပ်ဗမာတကျပ် ချက်ချင်းပြ (တန်းတူရေးနှင့်ဒီမိုကရေစီရေး)။
(၃) လူမျိုးရေးအဓိကရုဏ်းအလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး)။
(၄) ပြည်တွင်းစစ်အလိုမရှိ (ငြိမ်းချမ်းရေး) ဟူသည့် ကြွေးကြော်သံများ ကိုင်စွဲ၍ မြို့တွင်းများတွင် လှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။
ထိုဆန္ဒပြပွဲနေ့တွင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်ပြည်လို လားပြီး ကရင်ပြည်ကို အရယူမည် စသည်ဖြင့် ရဲရဲတောက်မိန့်ခွန်းများပေးသည့် နည်းတူ ကရင်တမျိုးသားလုံးလည်း ဇာတိသွေး၊ ဇာတိမာန်များဖြင့် တက်ကြွစွာ ညီညွတ်စွာပါဝင်ကြသည်။
ကရင်အမျိုးသားနေ့ ကရင်လူထုဆန္ဒပြပွဲ-ဖေဖေါ်ဝါရီလ (၁၁)ရက်- ဖေဖေါ်ဝါရီ လအရေးတော်ပုံ၏ နိုင်ငံရေးအဓိပ္ပါယ်မှာ-
(၁) ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ၊ မျိုးချစ်ပြည်ချစ်စိတ်ဓါတ်ကို မွေးထုတ် ပြသသည့်နေ့။
(၂) ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ထုတ်ဖေါ်ပြသသည့်နေ့။
(၃) ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ထုတ်ဖေါ်ပြ သည့်နေ့။
(၄) နိုင်ငံရေးလက်ဦးမှုကို ကရင်များရယူသည့်နေ့။
(၅) ကရင်ကို ကမ္ဘာက ပိုသိစေသည့်နေ့။
အထက်ပါအကြောင်းရပ်များကြောင့် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၂၃-၂၅ ရက် နေ့များ၌ ဖာပွန်မြို့တွင် ကျင်းပသော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂ ရက်တွင် ဖေဖေါ်ဝါရီ (၁၁)ရက်ကို “ကရင်အမျိုးသားနေ့”ဟု သတ်မှတ် ကျင်းပရန် မြစ်ဝကျွန်းပေါ် အမှတ် (၁)ခရိုင်ဥက္ကဌဦးကျော်အေးက အဆိုပြု ပြီး၊ မြစ်ဝကျွန်းပေါ် အမှတ် (၁)တပ်မမှူး ဗိုလ်ချုပ်ကော်ထူးက ထောက်ခံ၍၊ ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူလုံးဝမရှိဘဲ တညီတညွတ် တည်းအတည်ပြုလိုက်ရာ၊ ကရင်လူထုဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ဖြစ်လာလေသည်။
ဖူးစကောလယ်တော၏ သင်တန်းမှတ်စုထဲမှ ထုတ်နုတ်ယူသည်
No comments:
Post a Comment