Saturday, July 4, 2009

တိုင်းရင်းသားဖွဲ့များနှင့် စေ့စပ်ဆွေးနွေးမှုပြုလုပ်ရန် န.အ.ဖ အား ဗြိတိသျှ အစိုးရမှတောင်းဆိုမှုအပေါ် KNU ၏ထုတ်ပြန်ကြေညာချက်

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
တိုင်းရင်းသားဖွဲ့များနှင့် စေ့စပ်ဆွေးနွေးမှုပြုလုပ်ရန် န.အ.ဖ အား ဗြိတိသျှ အစိုးရမှတောင်းဆိုမှုအပေါ်
KNU ၏ထုတ်ပြန်ကြေညာချက်
ဇွန်လ ၁၀ ရက်၊ ၂၀၀၉
၁. မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးတွင် တိုင်းရင်းသားအုပ်စုအားလုံး၏ပါဝင်မှုသည် အရေးကြီး
သည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး အိုင်ဗန်လူးဝစ် မှမြန်မာပြည်နှင့်ပတ်သက်၍ ထုတ်ပြန်လိုက်သော
ကြေညာချက်ကို မိမိတို့ ကရင်အမျိုးသားအစည်းအရုံးမှ လှိုက်လှဲစွာကြိုဆိုလိုက်ပါသည်။သူက

ကြေညာချက်ထဲတွင် “နိုင်ငံရေးဖြစ်စဉ်ထဲတွင် မြန်မာတိုင်းရင်းသားအုပ်စုများ၏ ပြည့်ဝ၍ သာတူညီမျှမှု
ရှိသော ပါဝင်မှုသည် ပြသာနာများအတွက် ကြာရှည်တည်တံ့ခိုင်မြဲသောအဖြေ၏ အဓိကသော့ချက်
ပင်ဖြစ်သည်။ ထိုကြေညာချက်သည် ဇွန်လ ၉ ရက်နေ့က ဗြိတိသျှပါလီမန်တွင် ပြုလုပ်သော မြန်မာ
အရေးဆွေးနွေးငြင်းခုန်မှုမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
၂. KNU မှ ပါလီမန်နှင့်သက်ဆိုင်သောအုပ်စုအားလုံး၏ မြန်မာပြည်ဒီမိုကရေစီရေး ဆွေးနွေးပွဲ တွင်ဗြိတိသျှ
အကူအညီပေးမှုဆိုင်ရာဝန်ကြီး မိုက်ဖော်စတာ မှ ဇွန်လ ၉ ရက်နေတွင်ပင်ထုတ် ပြန်လိုက်သော
ကြေညာချက်ကိုည်း ကြိုဆိုလိုက်ပါသည်။ ထိုကြေညာချက်တွင် မြန်မာတပ်ဖွဲ့များ နှင့၎င်း တို့၏မဟာမိတ်
များ၏ တိုက်ခိုက်မှုအသစ်များကြောင့်ထွက်ပြေးလာရသည့်ကရင်လူမျိုး ထောင်ပေါင်းများစွာတို့ကို အကူ
အညီများထောက်ပံ့ပေးရန် ဗြိတိသျှအစိုးရမှ အဆင်သင့်ရှိနေပါ သည်ဟုဖော်ပြထားသည်။
၃. သို့သော် KNU က လွန်ခဲ့သော်ကြာမြင့်လှပြီဖြစ်သည့် ၁၉၄၉ ခုနှစ်ဖေဖော်ဝါရီလက တည်းက ဗြိတိသျှ
အစိုးရမှ မြန်မာအစိုးရအား KNU နှင့်စေ့စပ်ဆွေးနွေးရန် တောင်းဆိုခဲ့၍ KNU မှထိုသို့ ဆွေးနွေးရန်
ခိုင်မြဲစွာ ဆန္ဒရှိနေခဲ့သော်လည်း နှစ် ၆၀ ကြာမြင့်ပြီးသည့်တိုင်အောင်ပင် မည့်သည့်စစ်မှန်သော တေ့ဆွုံ
ညှိနှိုင်းမှုမျိုးမှ မဖြစ်ပေါ်လာဘူး သေးပါဟု မှတ်ချက်ပေးပါသည်။
၎. နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ (န.အ.ဖ)သည် ကျွနိုပ်တို့နိုင်ငံတွင်ကြုံ တွေ့နေ
ရသော ပြသာနာများအတွက် စေ့စပ်ဆွေးနွေးရေးနှင့် နိုင်ငံရေးဖြေရှင်းမှုမျိုးကိုစဉ်းစားရန် ဆန္ဒလုံးဝ
မရှိသည်မှာ ထင်ရှားလှပါသည်။
၅. ထို့ကြောင့် န.အ.ဖ မှ ထိုးစစ်များကိုရပ်တန့်ပေးရန်၊ ကရင်ပြည်နယ်မှ စစ်တပ်များကို ပြန်ဆုတ်ပေးရန် နှင့်
လူသားခြင်းစာနာထောက်ထားသော အကူအညီများကိုတားဆီး နှောက်ယှက်နေခြင်းမှရပ်တန့်ကာ KNU
နှင့်စစ်မှန်သောတေ့ဆွုံဆွေးနွေးမှုများပြုလုပ်လာစေရန် လိုအပ်သည့် သက်ဝင်ချည်နှောင်မှု ရှိသော
ဆုံးဖြတ်ချက်တခုကို ကမ္ဘာ့ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်လာနိုင်စေရန် ဗြိတိသျှအစိုးရမှ
သေချာစွာလုပ်ဆောင်ပေးပါရန် ကျွနိုပ် တို့ KNU မှတောင်းဆိုလိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ကရင်အမျိုးသားအစည်းအရုံး

မင်းဖြူမှန်မှန်ပြောမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)